Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သိန္နီမြို့နယ်ရှိ ခမရ (၅၆၈)အထိုင်စခန်းကို ညီနောင်မဟာမိတ် ၃ဖွဲ့သိမ်းပိုက်

ကိုးကန့်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး MNDAA တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

(သိန္နီရဲစခန်းကို အောက်တိုဘာ ၂၉ ရက်က ဝင်စီးခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်များ။ဓာတ်ပုံ - The Kokang)
(သိန္နီရဲစခန်းကို အောက်တိုဘာ ၂၉ ရက်က ဝင်စီးခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်များ။ဓာတ်ပုံ - The Kokang)

ပန်ဆိုင်း၌ ပုန်းနေသည့် စစ်ကောင်စီ ဒုဗိုလ်မှူးကြီးတစ်ဦး တရုတ်ဘက် ထွက်ပြေးစဉ် MNDAA ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ စစ်ကောင်စီ၏ အထိုင်စခန်းတစ်ခုကို ညီနောင်မဟာမိတ်တပ်များက ယနေ့(နိုဝင်ဘာ ၁၉ ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် သိန္နီမြို့နယ် နမ့်စလပ်ရှိ ခမရ (၅၆၈) အထိုင်စခန်းကို ညီနောင်မဟာမိတ် ၃ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဖိုက်တာ ၆ စီးနဲ့ လာပစ်သွားတယ်။ ရွာထဲ ဗုံးကြဲလို့ ပြည်သူလူထုအိမ်တွေ အများအပြား ပျက်စီးသွားတယ်။ မနက် ၁၀နာရီကနေ ၁၀နာရီ မိနစ် ၄၀အတွင်း ဗုံးလာကြဲသွားတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် လက်ရှိ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်စခန်းကုန်းကို လေကြောင်းမှ လေထီးများဖြင့် ရိက္ခာခဲယမ်းထုတ်များ ချပေးသွားကြောင်း ပြောပြသည်။

ထို့ပြင် ကိုးကန့်တပ်မတော်(MNDAA) တပ်များ ယခင်ကတည်းက သိမ်းထားသည့် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီ အရာရှိ တစ်ဦးကို ဖမ်းမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ ပန်ဆိုင်းရှိ စခ ဒုဗိုလ်မှူးကြီး သူရ တရုတ်ဘက်ကမ်း ဝမ်တိန်ကို ထွက်ပြေးစဉ် MNDAA တပ်က ဖမ်းဆီးလိုက်တယ်။ တပ်ပေါင်းစုတွေက ပန်ဆိုင်းကို သိမ်းပြီး ပြန်ထွက်သွားတာ။ စကစ တပ်တွေပြန်ဝင်သွားတယ်။ ဒီနေ့တော့ အကုန်ရှင်းလိုက်ပြီ။ စကစ တပ်မရှိတော့ဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကိုးကန့်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး MNDAA တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။