Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီတပ်​ပေါင်းစု ပစ်ချခဲ့​သောတိုက်​လေယာဥ်မှ ​လေယာဥ်မှူးတစ်ဦးကို ကိုးရက်အကြာတွင်ဖမ်းမိ

စစ်​ကောင်စီက ​မြေပြင်တိုက်ပွဲများတွင် အထိနာလာပြီး​နောက်​လေ​ကြောင်းကိုသာအားကိုး၍ ဗုံးကျဲတိုက်ခိုက်အကြမ်းဖက်ရာ နိုင်ငံတစ်ဝန်း ပြည်သူ ရာနှင့်ချီ၍​သေဆုံးဒဏ်ရာရခဲ့သည်။

(​တော်လှန်​ရေးတပ်ဖွဲ့များ ဖမ်းဆီးထား​သော စစ်​ကောင်စီတပ်​လေယာဥ်မှူး ။ဓါတ်ပုံ- Facebook viral)
(​တော်လှန်​ရေးတပ်ဖွဲ့များ ဖမ်းဆီးထား​သော စစ်​ကောင်စီတပ်​လေယာဥ်မှူး ။ဓါတ်ပုံ- Facebook viral)

ကရင်နီ​တပ်​ပေါင်းစုက က ၁၁.၁၁ စစ်ဆင်ရေးစတင်​သော နိုဝင်ဘာ ၁၁ ရက်တွင်ပစ်ချနိုင်ခဲ့​သော စစ်တပ်တိုက်လေယာဉ် K-8 မှ လေယာဉ်မှူးတစ်ဦးအား နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းဆီးနိုင်ပြီဖြစ် ကြောင်းစစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ကရင်နီတပ်​ပေါင်းစုက ပွိုင့် ဖိုက် (Point -5 )ဖြင့်ပစ်ခတ်၍ ​တောင်ပံနှင့် ကိုယ်ထည်ထိပြီး ပျက်ကျခဲ့​သော ​စစ်တပ်တိုက်​လေယာဥ်မှ ​လေယာဥ်မှူးမှာ ၂ ဦးဖြစ်၍ ကျန်တစ်ဦးကို ​တော်လှန်​ရေးအဖွဲ့များက ဖမ်းမမိ​သေး​ပေ။

ထို​ကြောင့် ​လေယာဥ်ပျက်ကျပြီး ၉ ရက်အကြာတွင်​လေယာဥ်မှူးတစ်ဦးကို ​တော်လှန်​ရေးအဖွဲ့များက စတင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

​လေယာဥ်မှူး ဖမ်းမိ​သော၊ ​ပြောင်းရွေ့ဖမ်းဆီးထား​သောတည်​နေရာများကို ​ပြောပါက စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ လာ၍ ဗုံးကျဲ နှုတ်ပိတ်မည့်အန္တရာယ်ရှိ၍ အ​သေးစိပ်ကိုမ​ပြော​နိုင်​ကြောင်း စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

အခြားစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကလည်း”မနေ့ က မိတာ။ ထိန်းသိမ်းထားတယ်။ ဒီလောက်ပဲ သိနိုင်ခွင့်ပြုကြပါ”ဟုပြောသည်။

စစ်တိုက်လေယာဥ်မှူးမှာ အသက် ၄၃ နှစ်အရွယ်ရှိ​သော ဗိုလ်မှူးခိုင်သန့်မိုးဖြစ်ကာ စစ်တက္ကသိုလ်အပတ်စဉ် ၄၄ တက်ရောက်ခဲ့သူဖြစ်ကြောင်း Myanmar Now က ဖော်ပြထား သည်။

ပစ်ချခံရသည့် တရုတ်နိုင်ငံထုတ် K-8 အ​ပေါ့စားတိုက်​လေယာဥ် မှ လေထီးဖြင့် ခုန်ထွက်ခဲ့ပြီး ထွက်​ပြေး​နေ​သော ​လေယာဥ်​မောင်း ၂ ဦး၏ လေထီးနှင့် အသုံးအ​ဆောင်အချို့ကို ကရင်နီတပ်ပေါင်းစုက နိုဝင်ဘာ ၁၁ ရက်တွင်​တွေ့ရှိခဲ့သည်။

စစ်ကောင်စီ ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်​ဇော်မင်းထွန်းကမူ တိုက်လေယာဉ်သည်ပစ်၍ထိခြင်းမဟုတ်ဘဲ ​လေကျင့်ပျံသန်းစဥ် စက်ချို့ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းငြင်းဆိုခဲ့သည်။

ထို​ကြောင့် ကရင်နီတပ်​ပေါင်းစုက ပွိုင့် ဖိုက်စက်​သေနက်ဖြင့် တိုက်​လေယာဥ်ကို ပစ်ခတ်မှု၊ ​လေယာဥ်မီးခိုးထွက်ပြီး ပျံသန်းသွား​​သောရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။

ထိုအပြင် တိုက်လေယာဉ်၏ အပျက်အစီးအပိုင်းအစများကို ​လေယာဥ်ပျက်ကျပြီး​နောက်တစ်ရက်အကြာ နိုဝင်ဘာ ၁၂ ရက်၌ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီရွာနှင့် မရောပိုလီ ရွာကြား တောင်ယာတဲအနီး တွေ့ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဓါတ်ပုံများနှင့်တစ်ကွ သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီက ​မြေပြင်တိုက်ပွဲများတွင် အထိနာလာပြီး​နောက်​လေ​ကြောင်းကိုသာအားကိုး၍ ဗုံးကျဲတိုက်ခိုက်အကြမ်းဖက်ရာ နိုင်ငံတစ်ဝန်း ပြည်သူ ရာနှင့်ချီ၍​သေဆုံးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီဒေသ နိုဝင်ဘာ ၁၁ရက် ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် လေကြောင်း တိုက်ခိုက်လာသည့် စစ်ကောင်စီ လေယာဉ်ကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခဲ့၍ ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးကိုလေထီးခုန်ပြီး လွတ်မြောက်သွားခြင်းဖြစ်သည်။

သတင်း

မိုးဗြဲမြို့အတွင်း တစ်နှစ်ကျော်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီသည် လူနေရပ်ကွက်များအတွင်း နင်းမိုင်း ရာနှင့်ချီအသုံးပြုထားသည်ဟု ဆိုသည်။

သတင်း

စစ်​ကောင်စီတပ် တိုက်​လေယာဥ်မှာ တရုတ်နိုင်ငံထုတ် K-8 အ​ပေါ့စားတိုက်​လေယာဥ်ဖြစ်ပြီး ​လေ့ကျင့်စမ်းသပ်ပျံသန်းရင်းပျက်ကျတာလို့ ဆိုပါတယ်။

သတင်း

မြောက်ပိုင်း မဟာမိတ်၏ '၁၀၂၇ စစ်ဆင်ရေး'ဝန်းရံသည့်အနေဖြင့် '၁၁၀၇ စစ်ဆင်ရေး'အဖြစ် ကရင်နီပြည်၌ စတင်ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။