Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ရေတပ် တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး အသက်ရှင်

တရုတ် ရေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးဟာ လေ့ကျင့်ရေး မစ်ရှင်အတွက် ပျံသန်းရင်း ပျက်ကျခဲ့ကြောင်း သိရပါတယ်။

တရုတ်ရေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးဟာ လေ့ကျင့်ရေး မစ်ရှင်အတွက် ပျံသန်းရင်း ပျက်ကျခဲ့ကြောင်း သိရပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တိုက်လေယာဉ်ဟာ နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ကျွန်းမှရှိတဲ့ ကွင်းပြင် တစ်နေရာဆီ မတ်လ ၁၅ ရက်နေ့တုန်းက ပျက်ကျခဲ့ပြီး လေယာဉ်မှူးကတော့ လေထီးနဲ့ ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်နိုင်ခဲ့တယ်လို့ ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ တောင်တရုတ်ပင်လယ်လိုမျိုး တရုတ်ရဲ့ ထိလွယ်ရှလွယ် အရှိဆုံး နယ်မြေတွေကို တာဝန်ယူ ကိုင်တွယ်နေပါတယ်။ အဲဒီ ပင်လယ်ပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင်ကြား နှစ်နဲ့ချီ ကြာမြင့်တဲ့ ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ပေါ်ပေါက်နေပါတယ်။

လေယာဉ်မှူးဟာ အောင်မြင်စွာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့ကြောင်း၊ မြေပြင်ပေါ်မှာလည်း အထိအခိုက် မရှိခဲ့ကြောင်း ရေတပ်က ဆိုပါတယ်။ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့လည်း ရေတပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပျက်ကျခဲ့တဲ့ လေယာဉ် အမျိုးအစားကို ရေတပ်က အတိအကျ မထုတ်ပြန်ပေမယ့် လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို မှတ်တမ်းတွေအရ J-15 တစ်စီးက မြေပြင်ပေါ် ဦးစိုက် ထိုးဆင်းလာပြီး မီးလောင် ပေါက်ကွဲသွားခဲ့တာကို တွေ့ရပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ဧရိယာ တစ်ခုလုံးနီးပါးကို နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဖိလစ်ပိုင်သာ မကဘဲ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့လို တခြားဒေသတွင်း နိုင်ငံတချို့နဲ့လည်း ပိုင်နက် အငြင်းပွားမှုတွေ ရှိနေပါတယ်။ ပြီးတော့ အဲဒီ ပင်လယ်ပြင်မှာ တရုတ်ရဲ့ ရေတပ်၊ လေတပ် စစ်ရေးလှုပ်ရှားမှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဖေဖော်ဝါရီ လတုန်းက တရုတ် ရေတပ် ရဟတ်ယာဉ် တစ်စီးဟာ ဂျာနယ်လစ်တွေ ပါလာတဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် လေယာဉ် တစ်စီးနဲ့ အန္တရာယ် ဖြစ်လောက်တဲ့ အကွာအဝေးမျိုး ချဉ်းကပ် ပျံသန်းခဲ့တဲ့အတွက် ဖိလစ်ပိုင်ဖက်က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က မကွေးတိုင်း၊မြိုင်နဲ့ ပေါက်နယ်စပ်ကို တိုက်လေယာဉ် ၅ စီးနဲ့ ဒီက​နေ့ည​နေမှာ ဗုံးကြဲခဲ့တာ​ကြောင့် PDF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံ​တွေနဲ့စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းနဲ့ ထိစပ်ဒေသအချို့မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ တိုင်းအတွင်းက မြို့နယ်အချို့မှာ ခြိမ်းခြောက်ပျံသန်းနေပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်းဇလွန်နှင့်ဟင်္သာတမြို့နယ်တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး လူထုအား ခြမ်းခြောက်မှုထပ်မံ ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ

လေ့ကျင့်ရေး အစီအစဉ်မှာ တိုက်လေယာဉ်တွေက နေရာမှားပြီး ရွာထဲကို ဗုံး ၈ လုံး ကြဲချမိလို့ လူတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။