Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း မြို့အချို့၌ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး ထပ်မံခြိမ်းခြောက်

ဧရာဝတီတိုင်းအတွင်းဇလွန်နှင့်ဟင်္သာတမြို့နယ်တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး လူထုအား ခြမ်းခြောက်မှုထပ်မံ ပြုလုပ်ခဲ့သည်။

လေ့ကျင့်ပျံသန်းနေသည့် စစ်ကောင်စီလေတပ် တိုက်လေယာဉ်အချို့ ( ပုံဟောင်း

စက်တင်ဘာ−၃၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်းအတွင်းဇလွန်နှင့်ဟင်္သာတမြို့နယ်တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး လူထုအား ခြမ်းခြောက်မှုထပ်မံ ပြုလုပ်ခဲ့သည်။

မီးခိုးရောင်တိုက်လေယာဉ်တစ်စီးသည် ယနေ့ (စက်တင်ဘာ ၃ရက်) မွန်းလွဲပိုင်း ၂နာရီ ၁၀မိနစ်ခန့်တွင် ဇလွန်နှင့် ဟင်္သာတမြို့တဝိုက် အနိမ့်ပိုင်းမှ ပျံသန်းသွားခဲ့သည်။

” တစ်နေရာရာကို ဦးတည်သွားတာမဟုတ်ဘူး။ ပတ်ဝဲပြသွားတာ။ နိမ့်နိမ့်လေးကနေ ပျံတာ။ ဆူညံကုန်တာပဲ”ဟု ဇလွန်မြို့ခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

‌လေယာဉ်သံကြောင့် ကလေးငယ်များ ကြောက်လန့်ခဲ့ကြပြီး စာသင်ကြားရေးရပ်နားလိုက်ရကြောင်း ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ရက် နံနက်ကလည်း ဇလွန်၊ဟင်္သာတ၊ ဓနုဖြူမြို့နယ်တို့၌ တိုက်လေယာဉ်တစင်း အနိမ့်ပိုင်းမှ ပျံသန်း၍ ဒေသခံများ ကြောက်လန့်ခဲ့ကြသည်။

“လူထုကို အကြောက်တရားရိုက်ထည့်နေတာ။အာဏာရှင်က ရန်ငါ ပြတ်တယ်။ဒေသခံ လူထုကအများစုသာ ယောင်တောင်တောင်လုပ်နေတာ”ဟု ဟင်္သာတမြို့၊ ချောင်းပြားလေးကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင်ဇလွန်၊ဟင်္သာတ၊ဓနုဖြူမြို့တို့နှင့်၁၀မိုင်မှမိုင်၂၀ကြားဝေးသော လေးမျက်‌နှာ၊ ရေကြည်၊ အင်္ဂပူမြို့မြို့နယ်တို့တွင် အာရက္ခတပ်တော်(AA)၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်နေပြီး ညစဉ်လိုလို လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည်။

ဧရာဝတီတိုင်းအတွင်းစစ်ရေးသတိပြုနေထိုင်ကြရန်တော်လှန်ရေးအင်အားစုများက ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေမှာ ဝမ်းရောဂါနဲ့ တခြားကူးစက်ရောဂါအချို့စတင်ဖြစ်ပွားနေပြီ ဘေးသင့်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာက လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။