Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ချအလင်းဝင်

စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ပန်းသာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နှင့် Fighter Police CDM တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ယူဆောင်လာသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်ရင်း (၄)
တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ယူဆောင်လာသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်ရင်း (၄)

စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ပန်းသာရွာမှ စစ်‌ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ သေနတ်နှစ်လက်ယူဆောင်လာပြီး လက်နက်ချအလင်းဝင်လာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ လက်နက်ချအလင်းဝင်လာခဲ့ကြောင်းကို တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)က ယနေ့ (နိုဝင်လာလ ၂၁ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

“ ပန်းသာမှာ စစ်တပ်က အထိနာနေပြီ။ တိုက်လိုစိတ်လည်း မရှိကြတော့ဘူး။ အခုတော့ နှစ်ယောက်ထွက်ပြေးလာတယ်။သေနတ်‌တွေပါ ယူလာတာမို့ သူတို့ ထောက်ပံ့ကြေးပါရမှာ” ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

အလင်းဝင်လာသူနှစ်ဦးမှာ (၃၁)နှစ်အရွယ် ကျော်လင်းထိုက်နှင့် (၂၅)နှစ်အရွယ်ကောင်းထက်အောင်ဆိုသူ ဖြစ်ပြီး MA – 2 သေနတ်တစ်လက်၊ MA – 4 တစ်လက်ယူဆောင်လာခဲ့ကြောင်း တမူးမြို့၊ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ ပြည်သူ့ရင်ခွင်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်” ဟု တပ်ရင်း(၄)က ဆိုသည်။

စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ပန်းသာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နှင့် Fighter Police CDM တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”ကို ကြိုဆိုထောက်ခံသောအားဖြင့် “ပြည်တော်ဝင်စစ်ဆင်ရေး” အမည်ပေးကာ တိုက်ပွဲဝင်နေခြင်းဟု NLA က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။