Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ချအလင်းဝင်

စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ပန်းသာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နှင့် Fighter Police CDM တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ယူဆောင်လာသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်ရင်း (၄)
တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ယူဆောင်လာသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်ရင်း (၄)

စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ပန်းသာရွာမှ စစ်‌ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ သေနတ်နှစ်လက်ယူဆောင်လာပြီး လက်နက်ချအလင်းဝင်လာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ လက်နက်ချအလင်းဝင်လာခဲ့ကြောင်းကို တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)က ယနေ့ (နိုဝင်လာလ ၂၁ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

“ပန်းသာမှာ စစ်တပ်က အထိနာနေပြီ။ တိုက်လိုစိတ်လည်း မရှိကြတော့ဘူး။ အခုတော့ နှစ်ယောက်ထွက်ပြေးလာတယ်။သေနတ်‌တွေပါ ယူလာတာမို့ သူတို့ ထောက်ပံ့ကြေးပါရမှာ”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

အလင်းဝင်လာသူနှစ်ဦးမှာ (၃၁)နှစ်အရွယ် ကျော်လင်းထိုက်နှင့် (၂၅)နှစ်အရွယ်ကောင်းထက်အောင်ဆိုသူ ဖြစ်ပြီး MA – 2 သေနတ်တစ်လက်၊ MA – 4 တစ်လက်ယူဆောင်လာခဲ့ကြောင်း တမူးမြို့၊ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ရင်ခွင်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်”ဟု တပ်ရင်း(၄)က ဆိုသည်။

စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ပန်းသာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နှင့် Fighter Police CDM တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”ကို ကြိုဆိုထောက်ခံသောအားဖြင့် “ပြည်တော်ဝင်စစ်ဆင်ရေး” အမည်ပေးကာ တိုက်ပွဲဝင်နေခြင်းဟု NLA က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်