Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေး စေ့စပ်ဆွေးနွေးဖို့ အားတက်စရာ အရိပ်အယောင်တွေ တွေ့နေတယ်လို့ အင်ဒိုနီးရှားဆို

အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူထားချိန်မှာ မြန်မာ့ပြသာနာ​ဖြေရှင်းနိုင်ဖို့အတွက် ​တော်လှန်​ရေးအင်အားစု​တွေ ၊ စစ်​ကောင်စီ အပါအဝင် အလွာမျိုစုံကသက်ဆိုင်သူ​တွေနဲ့အကြိမ်​ပေါင်း ၁၈၀ ​ကျော် ​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ ဆိုပါတယ်။

(အာဆီယံအထူးကိုယ်စားလှယ်ရုံးမှ အရာရှိ Ngurah Swajaya။ဓါတ်ပုံ-Asean)
(အာဆီယံအထူးကိုယ်စားလှယ်ရုံးမှ အရာရှိ Ngurah Swajaya။ဓါတ်ပုံ-Asean)

စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်ရှိဖို့ အားထုတ်မှုတွေနဲ့ ပတ်သက်လို့ လတ်တလော မြန်မာနိုင်ငံမှာ စစ်ခင်းနေတဲ့ အင်အားစုတွေဆီက အားတက်စရာ အရိပ်အယောင်တွေ ပြသခဲ့တယ်လို့ အင်ဒိုနီးရှား အစိုးရက ဆိုတယ်လို့ ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

အင်ဒိုနီးရှားဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိ အခြေအနေအရ မြန်မာ့နိုင်ငံရေး ကဏ္ဍမှာ ဆက်နွှယ်ပါဝင်တဲ့ အရေးပါတဲ့ အင်အားစုတွေက အင်ဒိုနီးရှား ဦးစီးကျင်းပပေးမယ့် စေ့စပ် ဆွေးနွေးမှုမျိုးကို လက်ခံလိုကြောင်း အရိပ်အယောင် ပြသနေတယ်လို့ နိုဝင်ဘာ ၂၄ ရက်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၀ ကနေ ၂၂ ရက်ထိ အတောအတွင်း ဂျကာတာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲ တခုကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကိုယ်စားလှယ်တွေ သီခြားစီ ပါဝင် ​တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်း စစ်တပ်ကတော့ အဲဒီ ဆွေးနွေးပွဲမှာ မပါဝင်ဘဲ လေ့လာသူ သဘောမျိုးနဲ့သာ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ဒီ​တွေ့ဆုံးမှုမှာ အာဆီယံကိုယ်စားလှယ်နဲ့ ​တော်လှန်​ရေးအဖွဲ့​တွေက သီးခြား​တွေဆုံခဲ့တာသာဖြစ်တယ်လို့လည်းစုံစမ်းသိရပါတယ် ။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ ပတ်သပ်ပြီး ​တော့ NUG အ​နေနဲ့ စစ်​ကောင်စီရဲ့ ဘယ်ကြားခံကိုယ်စားလှယ် နဲ့မှ​​တွေ့ဆုံခဲ့တာမရှိဘူးလို့ NUG ဝန်ကြီး

ချုပ်ရုံး​ပြော​ရေးဆိုခွင့် ရှိသူ ဦး​နေဘုန်းလတ်က ပြောပါတယ်။

အင်ဒိုနီးရှားဟာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာချိန် ကတည်းက မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို အလုံးစုံ ပါဝင် ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ အဖြေရှာဖို့ အစဉ်တစိုက် တိုက်တွန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လတ်တလောမှာတော့ မြန်မာနိုင်ငံ အနှံ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတွေက ပိုမို ပြင်းထန်လာသလို အာဏာသိမ်းမှုအလွန် ကာလတွေမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူ ၂ သန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂက ကြေညာထားပါတယ်။

အင်ဒိုနီးရှားက လမ်းကြောင်းဖန်တီးပေးချင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဆိုတာက သက်ဆိုင်သူတွေ အစုံအလင် ပါဝင်တဲ့၊ အကြမ်းဖက်မှုတွေကို လျော့ကျစေမယ့်၊ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ရရှိစေမယ့်၊ မြန်မာ့အရေး ပြေလည်အောင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ အကောင်အထည် ဖော်နိုင်မယ့် ရည်ရွယ်ချက်မျိုးအတွက် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

အင်ဒိုနီးရှားဟာ မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ ပတ်သက်လို့ လူမြင်ကွင်း နောက်ကွယ်မှာ အပတ်တကုတ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပေမယ့် အခြေအနေ ပေါင်းစုံကြောင့် တိုးတက်မှုတွေ နှေးကွေးတာမျိုး ကြုံနေရကြောင်းလည်း သံတမန်ရေး အသိုက်အဝန်းနဲ့ နီးစပ်သူတွေက မှတ်ချက်ပေးထားပါတယ်။

အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူထားချိန်မှာ မြန်မာ့ပြသာနာ​ဖြေရှင်းနိုင်ဖို့အတွက် ​တော်လှန်​ရေးအင်အားစု​တွေ ၊ စစ်​ကောင်စီ အပါအဝင် အလွာမျိုစုံကသက်ဆိုင်သူ​တွေနဲ့အကြိမ်​ပေါင်း ၁၈၀ ​ကျော် ​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ ဆိုပါတယ်။

▪︎ကိုးကား-ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။