Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ပရာဘိုဝို ကြွေးကြော်

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ပရာဘိုဝို ကြွေးကြော်
အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ပရာဘိုဝို ကြွေးကြော်

အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြောင်း လက်ရှိ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ ပရာဘိုဝို ဆူဘီယန်တိုက ကြွေးကြော်ခဲ့ပါတယ်။

အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်ပြီး အင်ဒိုနီးရှား အထူးတပ်ဖွဲ့ကို ကွပ်ကဲခဲ့ဖူးတဲ့ ထိပ်တန်း စစ်အရာရှိဟောင်းဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အရေအတွက် ၅၈ ရာခိုင်နှုန်းလောက်ထိ ရရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။ သူ့ရဲ့ အဓိက ပြိုင်ဘက်တွေလို့ ဆိုရမယ့် အန်နိစ် ဘက်စ်ဝီဒန်နဲ့ ဂန်ဂျာ ပရာနိုဝိုတို့ကတော့ ထောက်ခံမဲ ၂၅ ရာခိုင်နှုန်းနဲ့ ၁၇ ရာခိုင်နှုန်းဆီသာ အသီးသီး ရရှိခဲ့ပါတယ်။

ပရာဘိုဝိုဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်မှာ သမ္မတ နေရာအတွက် ဂျိုကို ဝီဒိုဒိုကို စိန်ခေါ်ခဲ့ပေမယ့် နှစ်ကြိမ်လုံး အရေးနိမ့်ခဲ့ပါတယ်။ အခုတစ်ကြိမ် ရွေးကောက်ပွဲမှာတော့ လူကြိုက်များတဲ့ သမ္မတ ဝီဒိုဒို ကိုယ်တိုင်ရဲ့ ထောက်ခံမှုနဲ့အတူ ပရာဘိုဝိုဟာ ရေပန်းအစားဆုံးအဖြစ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဝီဒိုဒိုကတော့ ဖွဲ့စည်းပုံ ဥပဒေအရ နှစ်ကြိမ်ဆက် သမ္မတ တာဝန်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲ ထပ်ဝင်ခွင့် မရှိတော့ပါဘူး။

ပရာဘိုဝိုဟာ သဘောထား တင်းမာသူ တစ်ဦးအဖြစ် လူသိများပြီး သူဦးဆောင်လာမယ့် အင်ဒိုနီးရှား နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချင်စရာတွေရော၊ စိုးရိမ်စရာတွေပါ ရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂျကာတာမြို့က အားကစားရုံ တစ်ခုမှာ အားပေးထောက်ခံသူတွေကို တွေ့ဆုံတဲ့အခါ သူက ကနဦး မဲရေတွက်မှု ရလဒ်တွေမှာ အနိုင်ရခဲ့ကြောင်း ကြေညာပြီး အဲဒီလို မြန်မြန်ဆန်ဆန် ရေတွက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဝီဒိုဒိုရဲ့ သားအကြီးဖြစ်သူ ဂီဘရန် ရာကာဘူမင် ရာကာကတော့ ပရာဘိုဝိုရဲ့ ဒုတိယ သမ္မတအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အန်နိစ်နဲ့ ဂန်ဂျာတို့ကတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီ ဆိုတာမျိုး လက်မခံသေးဘဲ တရားဝင် မဲရလဒ်တွေ ထွက်ပေါ်လာတဲ့ထိ စောင့်ဆိုင်းဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ဘယ်လို ရလဒ်မျိုး ဖြစ်ပါစေ၊ လူထုရဲ့ ရွေးချယ်မှု ဆန္ဒကို လေးစား လိုက်နာရမယ်လို့ အန်နိစ်က သတင်းထောက်တွေကို ပြောပါတယ်။

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား ရွေးကောက်ပွဲ ဥပဒေတွေအရ သမ္မတလောင်း တစ်ဦးဟာ ထောက်ခံမဲ စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရဖို့နဲ့ မဲဆန္ဒနယ် အားလုံးရဲ့ ထက်ဝက်မှာ အနိုင်ရမှသာ ပထမအချီနဲ့တင် အနိုင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလို မဖြစ်ခဲ့ဘူးဆိုရင် ဒုတိယအချီ အနေနဲ့ မဲအများဆုံး ရထားသူ နှစ်ဦးဟာ ဇွန်လမှာ ထပ်မံ ယှဉ်ပြိုင်ပြီး အဆုံးအဖြတ် ခံယူဖို့ လိုအပ်ကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။