Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်က (၃)နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦး သတ်ဖြတ်

နိုဝင်ဘာ ၇ ရက် နံနက် ၅နာရီခန့်က မြင်းခြံမြို့နယ်၊ ပျားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ပျားကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ - Cj
ပျားကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ - Cj

ကျေးရွာ မီးရှို့ဖျက်ဆီးသွား၍ နေအိမ် ၃၀ကျော် မီးလောင်ဆုံးရှုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားကျေးရွာတွင် စစ်ကောင်စီတပ်က (၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၆ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၇ ရက် နံနက် ၅နာရီခန့်က မြင်းခြံမြို့နယ်၊ ပျားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က အနီးရှိ ပျားကျေးရွာကို ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ရာ (၃)နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ဦးသတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

(၃)နှစ်အရွယ် သမီးငယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ မိခင်ဖြစ်သူက ချီပိုးပြီးထွက်ပြေးချိန် ခေါင်းကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူလည်း ပုခုံး၌ ဒဏ်ရာရခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျေးရွာအပြင် ကွမ်းခြံအတွင်း ပုန်းအောင်နေသူများအနက်မှ ရွာသား ၅ဦးကို ရွာတွင်းခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ပြီး အလောင်းများကို နွားခြံအတွင်း မြှုပ်နှံသွားကြောင်း၊ သတ်ဖြတ်ခံရသူများထဲတွင် အသက်(၁၅)နှစ်အရွယ် တစ်ဦးပါဝင်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်သည်။

“မနက်၆နာရီလောက်မှာ ပျားရွာကိုစစ်ကြောင်းဝင်တယ်။ နေအိမ်တွေမီးရှို့တယ်။ ကလေးငယ်လေးအပါအဝင် လောလောဆယ် ၆ ယောက် အသတ်ခံထားရတယ်။ အသတ်ခံရတဲ့သူတွေက PDF တွေ လုံးဝမပါပါဘူး။ သူတို့ဘက်ကတော့ PDF တွေ သေတယ်ဆိုပြီး ဖြန့်ထားတာ။ ဒါကလုံးဝမဟုတ်ဘူး။”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျားကျေးရွာရှိ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ပျားကျေးရွာအား မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးအား နံနက် ၉ နာရီခန့်တွင် မဟာမိတ်များနှင့်အတူ ခြောက်လုံးတွဲ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။

“မီးရှို့ပြီးဖောကားတစ်စီးနဲ့ ပြန်လာတာ။ မီးရှို့တဲ့ကောင်ကလည်း ရှို့နေတုန်းပဲ။ တစ်စီးကပြန်လာတာ။အဲတစ်စီးကိုမိုင်းဆွဲလိုက်တာ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

ယမန်နေ့က တနေကုန်နီးပါး ပျားရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲနှင့်ပတ်သက်၍ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း PDFအဖွဲ့အချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။