Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် ၎င်းတို့မိသားစုဝင်များကို ဥပဒေနှင့်အညီအရေးယူသွားမည်ဟု IEC ကြေညာ

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။

ကရင်နီပြင်ပသို့ နယ်နှင်ဒဏ်ပေးခံရသည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - IEC
ကရင်နီပြင်ပသို့ နယ်နှင်ဒဏ်ပေးခံရသည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - IEC

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိကတာဝန်ရှိသူ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် ၎င်းတို့မိသားစုဝင်များကို ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ ကြေညာသည်။

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။

ထိုအနက် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်မှုမရှိသည့် Non-CDM များကို ပထမအကြိမ် ၇၀ ဦး နှင့် ၎င်းတို့၏ မိသားစုဝင် ၃၇ ဦး၊ ဒုတိယအကြိမ် ၅၉ ဦးနှင့် ၎င်းတို့ မိသားစုဝင် ၂၇ ဦး စုစုပေါင်း ၁၉၃ ဦးကို “အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရား မှန်သမျှ ပါဝင်ပတ်သက်ခြင်းမပြုရန်၊ကျောင်း၊ရုံးနှင့်လည်း အဆက် အသွယ်မပြုလုပ်ရန်၊ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူများနှင့် ရပ်တည်သွားရန်”စသည့် ကတိကဝတ်များပါဝင်သည့် ခံဝန်ချက်ဖြင့် လက်မှတ်ရေးထိုးစေကာ ကရင်နီပြင်ပသို့ နိုဝင်ဘာ ၂၈ ရက်ကစ၍ အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း အသိပေးသည်။

သို့သော် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ဒု ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် ၎င်းတို့မိသာစုဝင်များကို ကရင်နီပြည်နယ်ရဲဌာနက တရားလိုအဖြစ် အမှုဖွင့်ကာ သက်ဆိုင်ရာ တရားစီရင်ရေးဌာနာသို့ လွှဲပြောင်းပြီး ဥပဒေနှင့်အညီ တရားစွဲဆိုမည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်သော တပ်မိသားစုဝင်သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စစ်ခုံရုံးသို့ လွှဲပြောင်း၍ အရေးယူမည်ဖြစ်ကြောင်း IECက ဆိုသည်။

စစ်ရေးအရှိန်မှာ ယခုကာလထက်ပို၍ မြင့်လာမည်ဖြစ်သောကြောင့် စစ်ကောင်စီလက်အောက်တွင် ရှိနေသော တပ်မတော်သားများ၊ရဲ နှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် ပြည်သူလူထုနှင့် အတူရပ်တည်ကာ တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက တက္ကသိုလ် တစ်ခုမှာ ကျောင်းသားတွေကို လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ကင်းဝေးစေရေး ရည်ရွယ်ပြီး ကွန်ဒုံးတွေ ထောက်ပံ့ ဝေငှတဲ့ အစီအစဉ်တစ်ခု စတင်နေပါတယ်။

သတင်း

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

သတင်း

(၁၅၀)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်နှင့် လူသားချင်း စာနာထောက်ထားမှုအရ အကျဉ်းကျခံနေရသူ ၁၇၆ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်သည်။

အတွေးအမြင်

တက္ကသိုလ်ကျောင်းတွေကိုစစ်ကြေညာတာဟာ ‌ဒေါ်နယ်ထရန့်ဟာ ပထမဆုံးအာဏာရှင်မဟုတ်သလိုနောက်ဆုံးအာဏာရှင်လည်းဖြစ်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေဟာ အာဏာရှင်စနစ်ကိုဆန့်ကျင့်တဲ့ အတွေးအခေါ်တွေရဲ့ ရေခံမြေခံဖြစ်သလို၊ လူ့အဖွဲ့အစည်းနဲ့ ပက်သက်ရင် စွန့်လွှတ်အနစ်နာခံမှုနဲ့ ရဲရင့်မှုရဲ့အမှတ်အသားတွေလည်းဖြစ်လို့ပါပဲ။