Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် ၎င်းတို့မိသားစုဝင်များကို ဥပဒေနှင့်အညီအရေးယူသွားမည်ဟု IEC ကြေညာ

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။

ကရင်နီပြင်ပသို့ နယ်နှင်ဒဏ်ပေးခံရသည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - IEC
ကရင်နီပြင်ပသို့ နယ်နှင်ဒဏ်ပေးခံရသည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - IEC

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိကတာဝန်ရှိသူ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် ၎င်းတို့မိသားစုဝင်များကို ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ ကြေညာသည်။

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။

ထိုအနက် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်မှုမရှိသည့် Non-CDM များကို ပထမအကြိမ် ၇၀ ဦး နှင့် ၎င်းတို့၏ မိသားစုဝင် ၃၇ ဦး၊ ဒုတိယအကြိမ် ၅၉ ဦးနှင့် ၎င်းတို့ မိသားစုဝင် ၂၇ ဦး စုစုပေါင်း ၁၉၃ ဦးကို “ အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရား မှန်သမျှ ပါဝင်ပတ်သက်ခြင်းမပြုရန်၊ကျောင်း၊ရုံးနှင့်လည်း အဆက် အသွယ်မပြုလုပ်ရန်၊ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူများနှင့် ရပ်တည်သွားရန်” စသည့် ကတိကဝတ်များပါဝင်သည့် ခံဝန်ချက်ဖြင့် လက်မှတ်ရေးထိုးစေကာ ကရင်နီပြင်ပသို့ နိုဝင်ဘာ ၂၈ ရက်ကစ၍ အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း အသိပေးသည်။

သို့သော် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ဒု ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် ၎င်းတို့မိသာစုဝင်များကို ကရင်နီပြည်နယ်ရဲဌာနက တရားလိုအဖြစ် အမှုဖွင့်ကာ သက်ဆိုင်ရာ တရားစီရင်ရေးဌာနာသို့ လွှဲပြောင်းပြီး ဥပဒေနှင့်အညီ တရားစွဲဆိုမည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်သော တပ်မိသားစုဝင်သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စစ်ခုံရုံးသို့ လွှဲပြောင်း၍ အရေးယူမည်ဖြစ်ကြောင်း IECက ဆိုသည်။

စစ်ရေးအရှိန်မှာ ယခုကာလထက်ပို၍ မြင့်လာမည်ဖြစ်သောကြောင့် စစ်ကောင်စီလက်အောက်တွင် ရှိနေသော တပ်မတော်သားများ၊ရဲ နှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် ပြည်သူလူထုနှင့် အတူရပ်တည်ကာ တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။

နိုင်ငံတကာ

အစိုးရဆီက အင်အားသုံး ဖြိုခွင်းမှုတွေ ရှိမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့တိုင် အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေက နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။