Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အမာခံ​ထောက်ခံသူ၊ NNDPပါတီဥက္ကဌ ​သေနတ်ဖြင့်အပစ်ခံရ၍သေဆုံး

ဒီဇင်ဘာ ၁ရက် နံနက် ၈နာရီကျော်တွင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၃)လမ်းရှိ ဦးသန်းထွန်း၏ နေအိမ်၌ ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

(ဦးသန်းထွန်းကို စစ်တပ်​ထောက်ခံပွဲများတွင်​တွေ့ရပုံ။ ဓါတ်ပုံ- File Photo)
(ဦးသန်းထွန်းကို စစ်တပ်​ထောက်ခံပွဲများတွင်​တွေ့ရပုံ။ ဓါတ်ပုံ- File Photo)

အာဏာသိမ်းစစ်ကောင်စီကိုအမာခံထောက်ခံသူ၊ ပြည်သူများသံပုံးတီးစဥ်က လိုက်လံဖမ်းဆီးခိုင်းသည့် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ဥက္ကဌ ဦးသန်းထွန်းကို သင်္ဃန်းကျွန်းမြို့နယ် နေအိမ်၌ ပစ်ခတ်ခဲ့ကြောင်း ငမိုးရိပ် Mission Network အဖွဲ့တာဝန်ရှိသူကပြောသည်။

ဒီဇင်ဘာ ၁ရက် နံနက် ၈နာရီကျော်တွင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၃)လမ်းရှိ ဦးသန်းထွန်း၏ နေအိမ်၌ ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးသန်းထွန်း၏ NNDP ပါတီသည် စစ်အာဏာသိမ်းသည့်အပေါ် ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို ၎င်းကိုယ်တိုင်လည်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ဖမ်းမိစဉ် သေဒဏ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သူဖြစ်သည်။ထိုအပြင် စစ်တပ်​ထောက်ခံပွဲများတွင်တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။

(ဦးသန်းထွန်းကို စစ်တပ်​ထောက်ခံပွဲများတွင်​တွေ့ရပုံ။ ဓါတ်ပုံ- File Photo)
(ဦးသန်းထွန်းကို စစ်တပ်​ထောက်ခံပွဲများတွင်​တွေ့ရပုံ။ ဓါတ်ပုံ- File Photo)

ထို့ပြင် ပြည်သူရာနှင့်ချီ၍ သေဆုံးမှုများဖြစ်ခဲ့သည့်စစ်​ကောင်စီတပ်၏ လေကြောင်းသုံးဗုံးကြဲမှုများအပေါ် ထောက်ခံသူဖြစ်ကြောင်း ငမိုးရိပ် Mission Network၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ငမိုးရိပ် Mission Networkထံ ထပ်မံမေးမြန်းရာ ‌ဖြေဆိုခြင်း မရှိပေ။

“သန်းထွန်းက စကစ အာဏာသိမ်းပြီးထဲက ရဲတွေ၊ ရပ်ကွက်အုပ်ကြီးတွေနဲ့ ပေါင်းပြီး သံပုံးတီးတဲ့အိမ်တွေကို တိုင်ဖူးတယ်။ ကြာနေပြီဆိုတော့ ဖမ်းမဖမ်းတော့ မမှတ်မိဘူး။ ဒါပေမယ့် စစ်ကောင်စီ အာဏာသိမ်းတာကိုရော၊ လေယာဥ်နဲ့ဗုံးကြဲတာတွေကိုရော ရပ်ကွက်ထဲမှာရော လိုင်းပေါ်မှာပါ ထောက်ခံအားပေးတဲ့သူပါ။ ခုတော့ သူ့ဝဋ်သူပြန်လည်တာပေါ့”ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

(ဦးသန်းထွန်းကို စစ်တပ်​ထောက်ခံပွဲများတွင်​တွေ့ရပုံ။ ဓါတ်ပုံ- File Photo)
(ဦးသန်းထွန်းကို စစ်တပ်​ထောက်ခံပွဲများတွင်​တွေ့ရပုံ။ ဓါတ်ပုံ- File Photo)

အနက်ရောင်ဝတ်ထားသည့် အမျိုးသားနှစ်ဦးက မိတ္တူကူးမည်ဟုဆိုကာ လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်ချန်နယ်များက ဖော်ပြထားသည်။

“မနက်က သင်္ဃန်းကျွန်း ငမိုးရိပ်ဘက်မှာ NNDP ပါတီက တစ်ယောက် အပစ်ခံရတယ် ကြားတယ်။ အခု ၉ နာရီခွဲလောက်ကစပြီး သင်္ဃန်းကျွန်းဘက်မှာ ကားတွေပိတ်နေတယ်။ စစ်ကားတွေလည်း နေရာတိုင်းမှာ တွေ့နေရတယ်။ စံပြစျေးခုံးတံတားကနေ ဆင်းလာတဲ့ ကားတွေကို တောင်ဒဂုံဘက်အသွား တစ်စီးချင်း စစ်နေတယ်။ တောင်ဒဂုံဘက်အဝင် စံပြဈေးကားကြီး ဂိတ်မှတ်တိုင် မီးသတ်ရှေ့မှာလည်း လမ်းပိတ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ ကားသမားအချင်းချင်း အဲ့ဘက်တွေ ရှောင်ဖို့ သတိပေးနေကြတယ်”ဟု ရန်ကုန်မြို့နေ အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

(ဦးသန်းထွန်းကို စစ်တပ်​ထောက်ခံပွဲများတွင်​တွေ့ရပုံ။ ဓါတ်ပုံ- File Photo)
(ဦးသန်းထွန်းကို စစ်တပ်​ထောက်ခံပွဲများတွင်​တွေ့ရပုံ။ ဓါတ်ပုံ- File Photo)

စစ်တပ်အာဏာမသိမ်းမီက NNDP ပါတီဥက္ကဌဖြစ်သူမှာ ဦးသိန်းညွှန့်ဖြစ်ပြီး ၎င်းက စစ်ကောင်စီအဖွဲ့၏ ကောင်စီဝင်အဖြစ်နေရာယူပြီးနောက် ဦးသန်းထွန်းက ပါတီဥက္ကဌဖြစ်လာခြင်း ဖြစ်သည်။အဆိုပါ ပါတီ မှာ ၂၀၂၀ ခုနှစ် သြဂုတ်လတွင် စစ်​ခေါင်း​ဆောင်နှင့်​တွေ့ဆုံ၍ အာဏာသိမ်းရန်​ ပြောခဲ့​သော ပါတီများထဲမှ တစ်ခုဖြစ်သည်။ထို​တွေဆုံပွဲတွင် စစ်​​ခေါင်း​ဆောင်က မလုပ်ရဲတာ ဘာမှမရှိဟု​ပြောခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

Facebook