Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ်ရှိ စစ်တပ်စခန်းကို KIA နှင့် KPDF တို့မိနစ် ၄၀ အတွင်းတိုက်ခိုက်သိမ်းပိုက်

KIA တပ်မဟာ(၈)လက်အောက်ခံအမှတ်(၅)တပ်ရင်း၊ မြို့လှK-PDF နှင့် ဟိုပင်K-PDF တပ်ရင်းတို့ပူးပေါင်းပြီး တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀)အထိုင်ချသည့် တပ်စခန်းအား ဒီဇင်ဘာလလ ၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲဲယမ်းများ။ဓါတ်ပုံ-မြို့လှ-KPDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲဲယမ်းများ။ဓါတ်ပုံ-မြို့လှ-KPDF)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ရွှေငြိမ်းချမ်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏စခန်းကို တိုက်ခိုက်ရာ မိနစ် ၄၀ အတွင်းစခန်းကိုသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးထက်မနည်းသေဆုံးကာ လက်နက် ရှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း မြို့လှ K-PDF မှ ယနေ့ ထုတ်ပြန်သည်။

KIA တပ်မဟာ(၈)လက်အောက်ခံအမှတ်(၅)တပ်ရင်း၊ မြို့လှK-PDF နှင့် ဟိုပင်K-PDF တပ်ရင်းတို့ပူးပေါင်းပြီး တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀)အထိုင်ချသည့် တပ်စခန်းအား ဒီဇင်ဘာလလ ၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီစခန်းသိမ်းတိုက်ပွဲကတော့ နာရီဝက်လောက်ပဲ ကြာလိုက်ပါတယ်။ မြို့လှK-PDFတပ်ရင်းဘက်ကတော့ ပြည်သူ့ရဲဘော် (၃)ဦးဒဏ်ရာရတယ် မစိုးရိမ်ရအခြေနေလောက်ပါပဲ”မြို့လှK-PDF က တိုက်ပွဲအ​ကြောင်းအသိ​ပေးသည်။

စခန်းကုန်းအားစတင်တိုက်ခိုက်မှုမှာ နံနက် ၆ နာရီ ၅၇ မိနစ်ဖြစ်ပြီး နံနက် ၇ နာရီ ၃၆ မိနစ်တွင် အပြီးအစီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ နံနက် ၈ နာရီ ၅၀ မိနစ် တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ လေးစီးဖြင့် ပစ်ကူပေးခဲ့ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက် နက်(၈)လက်နှင့်ခဲယမ်းများ အပါအဝင် ရိက္ခာအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

“အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ခလရ (၁၀) ဗိုလ်မှူး ကိုကိုနိုင် ဦးစီးပြီးအင်အား (၃၀)ခန့်ဖြင့် တပ်စွဲ နေထိုင်ထားသည်မှာ တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး KIA အမှတ် (၅)တပ်ရင်း ဂါခင်ဘွန့် ခရိုင်အတွင် အနှောက်အယှက်ဖြစ်နေသည့်အတွက် စခန်းသိမ်းလိုက်ခြင်းဖြစ်ပါတယ်”ဟု မြို့လှ K-PDF က ရှင်းပြသည်။

စခန်းသိမ်းခံရပြီးနောက်စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာလေး စီးဖြင့်ပစ်ခတ်စစ်ကူပေးပြီး မြေပြင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကသောင်းကနင်းထွက်ပြေးသွားကြသည်ဟု မြို့လှK-PDFထုတ်ပြန်ထားသည်။ ထို့အပြင် သေဆုံးစစ်ကောာင်စီရုပ် အလောင်းများနှင့်ဒဏ်ရာရများကို လေကြောင်းပြစ်ကူဖြင့် ပြန်ဆွဲသွားသည်ဟု ဆိုသည်။

ရွှေကူမြို့နယ်အတွင်း ယခုစခန်းအပါအဝင် စစ်ကောင်စီစခန်း သုံးခုကို သိမ်းယူထားပြီးဖြစ်ကြောင်းအသိပေးထားသည်။အထက်ပါစစ်ကောင်စီစခန်းကုန်းအပါအဝင် ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံ နှင့် စစ်ကောင်စီ၏ ခလရ ၇၇ တပ်စွဲထားသော ကျောက်ကြီးရွာ စခန်း တို့ကို ပါတိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်းလည်း အသိပေးသည်။

ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများကို ထပ်မံသိမ်းရန် အစီအစဥ်များရှိသေးကြောင်းလည်း မြို့လှ K-PDF က အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။