Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ် စီသာရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းမှူးအပါအဝင် သေဆုံးမှုများဟု KPDFပြော

ရွှေကူနယ်၌ အထိနာသည့် စစ်ကောင်စီတပ်သည် မတ်လ ၂၅ရက်၊ မတ်လ ၃၀ရက်၊ ဧပြီ ၅ရက်နှင့် ယနေ့ ဧပြီ ၆ရက်တို့တွင် လေကြောင်း ပစ်ကူပေးဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယနေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People Defense Force - ShweGu)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယနေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People Defense Force - ShweGu)

▪️အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယနေ့ ဆက်လက်ပြုလုပ်၊ တုံးကောက်နှင့် စီသောင်ရွာနေအိမ်များ မီးလောင်ပျက်စီး

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသာကျေးရွာအနီး၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး သေဆုံးသည်ဟု သိရကြောင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၀ရက်နောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် ရွှေကူနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရွှေကူ KPDF၊ ဒေသခံ ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။ ထို့ကြောင့် လေကြောင်းပစ်ကူ တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယနေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People Defense Force - ShweGu)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယနေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – People Defense Force – ShweGu)

“သူတို့ဘက်က စစ်ကြောင်းမှူး တစ်ယောက်ကျဆုံးတယ်။ ပြီးတော့ တခြားတော်တော်များများလည်း ကျဆုံးပါတယ်။ ဒီတလျှောက်လုံးမှာဆိုရင် အနည်းဆုံး သေဆုံးတာ သုံးဆယ်အထက်မှာရှိတယ်။ ဒဏ်ရာရတာတော့ အများကြီးပဲရှိတယ်”ဟု ရွှေကူ KPDF သတင်းပြန်ကြားရေးတာဝန်ခံက ယမန်နေ့တိုက်ပွဲ အခြေအနေကို ပြောသည်။

ရွှေကူနယ် မံဝိန်းဒေသမှ စီသာရွာသို့ ဝင်ရောက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မနေ့က ကျတာ။ မနေ့က စီသာကို ဝင်တာပေါ့။ မံဝိန်းကနေ စီသာကိုဝင်တော့ ကျနော်တို့ဘက်ကနေ ပြန်ပြီးတော့ ပစ်ခတ်မှုမှာ ကျဆုံးသွားတယ်လို့ သိရတယ်။ အဲဒီဘက်က သူတို့ရဲ့ စစ်တပ်ရဲ့ အသိုင်းအဝိုင်းက ထွက်တဲ့ သတင်းမျိုးပေါ့။ စစ်ကြောင်းမှူးအဆင့်ဆိုတာက တချို့ဆိုရင်လည်း သုံးပွင့်နဲ့ စစ်ကြောင်းမှူးလုပ်တာတွေလည်းရှိတယ်၊တချို့ဆိုရင်လည်း ဗိုလ်မှူးအဆင့်နဲ့ စစ်ကြောင်းမှူးလုပ်တာရှိတယ်”ဟု ရွှေကူ KPDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယနေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People Defense Force - ShweGu)

ယနေ့တွင်လည်း စစ်ကောင်စီတပ်က စီသာရွာ ဝင်ရောက်နိုင်ရေး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ခြင်း၊ လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ဒီတပ်တွေက မံဝိန်းဘက်ကနေ လက်နက်ကြီးနဲ့ပစ်ပြီးတော့ တုံးကောက်ရွာကို ဝင်တယ်ပေါ့။ မံဝိန်းကနေ စီသာကို ဝင်လို့မရလို့ တုံးကောက်ဘက်က ပတ်ဝင်တာပေါ့။ တုံးကောက်ရွာကို လက်နက်ကြီးနဲ့ ပစ်ဝင်တယ်။ ပြီးတော့ လေယာဉ်နဲ့ လာပစ်တဲ့အတွက် တုံးကောက်ရွာမှာ မီး နှစ်နေရာ လောင်တယ်ပေါ့။ မီးလောင်တော့ မီးကူးစက်မှုတွေရှိတယ်။ အဲဒီကနေမှ လေယာဉ်ရော လက်နက်ကြီး လက်နက်ငယ်နဲ့ စစ်ကြောင်း သာလွန်အင်အားနဲ့ထိုးတာဖြစ်တဲ့အတွက် အဲဒီဘက်ကအဖွဲ့တွေလည်း နည်းနည်းနောက်ကို ရွှေ့ထားလိုက်တယ်” ဟု ရွှေကူ KPDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စီသောင်ရွာမှ အိမ်ခြေ ၂၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယနေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People Defense Force - ShweGu)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယနေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – People Defense Force – ShweGu)

“တုံးကောက်နဲ့ စီသောင်မှာ လေယာဉ်နဲ့ ပစ်လို့ အဓိက ထိခိုက်တာပေါ့။ လေယာဉ်နဲ့ ပစ်တော့ လေယာဉ်က ဘယ်နှစ်ကြိမ်လာလဲဆိုတော့ သုံးနာရီမှာ တစ်ကြိမ်၊ သုံးနာရီ ငါးမိနစ်မှာ တစ်ကြိမ်လာတယ်။ ပြီးတော့ သုံးနာရီနဲ့ မိနစ်သုံးဆယ်မှာ တစ်ကြိမ်လာတယ်။ ပြည်သူတွေကတော့ အထိအခိုက်မရှိကြဘူး။ဘာဖြစ်လို့လဲဆိုရင် သူတို့တွေက အစကတည်းက စစ်ရှောင်နေပြီးသား ။ အဲဒီနေရာတွေမှာ လူနေအိမ်တွေပဲရှိတော့တာလေ လူမရှိတော့ဘူး”ဟု ရွှေကူ PDF တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း အခြားဒေသများ၌ ပြုလုပ်ခဲ့သည့်နည်းတူ ရွှေကူနယ်ကို ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ရွှေကူနယ်၌ အထိနာသည့် စစ်ကောင်စီတပ်သည် မတ်လ ၂၅ရက်၊ မတ်လ ၃၀ရက်၊ ဧပြီ ၅ရက်နှင့် ယနေ့ ဧပြီ ၆ရက်တို့တွင် လေကြောင်း ပစ်ကူပေးဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။