Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မှာတစ်နှစ်အတွင်း ဒေသခံ ပြည်သူသုံးသောင်းနီးပါးစစ်ရှောင်ရ

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ချောင်းဝရွာက အသက် ၅၂ နှစ်အရွယ် ဦးမင်းနိုင်နဲ့ ဝိုင်သစ်ဆိပ်ရွာက အသက် ၅၄ နှစ်အရွယ် ဒေါ်တင်ဌေးတို့ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ရွှေကျင်မှာတစ်နှစ်အတွင်း ဒေသခံ ပြည်သူသုံးသောင်းနီးပါးစစ်ရှောင်ရ
ရွှေကျင်မှာတစ်နှစ်အတွင်း ဒေသခံ ပြည်သူသုံးသောင်းနီးပါးစစ်ရှောင်ရ

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူသုံး သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ရတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ဖော်ပြပါတယ်။

ကျေးရွာထဲ လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျေးရွာ ၃၁ ရွာက ပြည်သူတွေ ထွက်ပြေးခဲ့ရတာလို့ KNU က ဆိုပါတယ်။

နိုဝင်ဘာလ တစ်လထဲမှာတင် ရွှေကျင်မြို့နယ်ထဲက ကျေးရွာ ၁၉ ရွာထဲကို လက်နက်ကြီး အလုံးရေ ၈၀ ကျော်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ရဲ့ဖော်ပြချက်မှာတွေ့ရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ချောင်းဝရွာက အသက် ၅၂ နှစ်အရွယ် ဦးမင်းနိုင်နဲ့ ဝိုင်သစ်ဆိပ်ရွာက အသက် ၅၄ နှစ်အရွယ် ဒေါ်တင်ဌေးတို့ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင်ဂွေးကုန်းရွာက အသက် ၇ နှစ်အရွယ် ကလေး အပါအဝင် ဒေသခံ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရတယ်လို့KNU ကပြောပါတယ်။

အရပ်သားနေအိမ်တွေ ပျက်စီးတာ ၊ဒေသခံတွေရဲ့ နွားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့သိရပါတယ်။

ရွှေကျင်ဟာ ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းညောင်လေးပင်ခရိုင်ထဲမှာပါပြီး KNU ၊ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံပြည်သူတွေရဲ့ ဆန်အိတ်ပေါင်း ၄၀၀ ကျော်နဲ့ ပဲအိတ်တွေ လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။