Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူကစစ်ရှောင်တွေရှိရာ စစ်တပ်ဗုံးကြဲလို့ တပါတ်အတွင်း ပြည်သူ ၄ဦးသေဆုံး၊ ကလေး အပါအဝင် ၉ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

(ကျောက်ဖြူမြိုနယ် ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိ၊ အထက်တန်း စာသင်ကျောင်း အနီးအနားကျေးရွာများမှ စစ်ရှောင်နေကြသော အပြစ်မဲ့အရပ်သား ပြည်သူလူထုတွေကို စစ်ကောင်စီက ဇန်နဝါရီ ၂၄ရက်က ဗုံးကြဲအပြီးပျက်စီးမှုများ။ ဓာတ်ပုံ - AA)

ဇန်နဝါရီ-၂၅၊၂၀၂၆။ ထားမြတ်/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၈ရက်ကနေ ၂၄ရက်အထိ တပါတ်အတွင်း စစ်တပ်က ကျောက်ဖြူဒေသ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်တွေကို AAက ဇန်နဝါရီ ၂၄ရက် ညပိုင်းမှာ အသိပေးထားတာဖြစ်ပါတယ်။

ကျောက်ဖြူမြိုနယ် ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိ၊ အထက်တန်း စာသင်ကျောင်း အနီးအနားကျေးရွာများမှ စစ်ရှောင်နေကြတဲ့ ပြည်သူတွေကို စစ်ကောင်စီက ဇန်နဝါရီ ၂၄ရက် နေ့လည်မှာ ဒရုန်းနဲ့ ၂ကြိမ် တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို တိုက်ခိုက်လို့ မူရွင်းစာသင်ကျောင်းဝင်းအတွင်း စစ်ဘေးရှောင် နေတဲ့ အသက် ၈၁ နှစ်အရွယ် အဘွားအို အပါအဝင် ၂ဦး သေဆုံးကာ ၉လ အရွယ် ကလေးငယ် နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ၅ဦး ဒဏ်ရာရခဲ့ကြောင်း AAက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ မူရွှင်းကျေးရွာ အနီးဝန်းကျင်ကို ဇန်နဝါရီ ၂၄ရက် ညနေမှာပဲ ဒရုန်းနဲ့ တိုက်ခိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၂ရက်ကလည်း ကျောက်ဖြူမြိုနယ်၊ ဇင်ချောင်း ကုန်ဘွေရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲ ခဲ့လို့ အရပ်သား ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၈ရက်၊ ၁၉ရက်တွေမှာလည်း ကျောက်ဖြူမြိုနယ်၊ ကျောက်ကလေကျေးရွာအား ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေအပြင် ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၂ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်အပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

အာဏာသိမ်းကာလ ငါးနှစ်နီးပါးအတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာမှာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီ​နေ့ ​မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။