Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့ရဲစခန်းနှင့် စရဖရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ခိုက်

စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးပေ။ တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းတနင်္သာရီ‌တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပြီး အသေးစိတ်မသိရသေးဟု ဆိုသည်။

လောင်းလုံးမြို့ရဲစခန်းနှင့် စရဖရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ခိုက်
လောင်းလုံးမြို့ရဲစခန်းနှင့် စရဖရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံးမြို့မရဲစခန်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် တပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ရဲစခန်းနှင့် စရဖရုံးကို ယနေ့ နံနက် ၅နာရီခန့်တွင် စတင်တိုက်ခိုက်ခြင်းဟု သိရသည်။

“ပစ်ခတ်သံတွေက တော်တော်လေး ကြမ်းတယ်။ ၅နာရီခွဲကာနီး ရပ်သွားတယ်။ ရဲစခန်းထဲကို ဆေးရုံကားတွေ ဝင်သွားတယ်။ အခုထိ ငြိမ်နေတယ်”ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးပေ။ တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းတနင်္သာရီ‌တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပြီး အသေးစိတ်မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်းတွင် ဒီဇင်ဘာ ၃ရက်ကလည်း စစ်ကောင်စီတပ် ဆုတ်ခွာသွားသည့် ထားဝယ်မြို့အနီးရှိ တည်ဆောက်ဆဲ အကျဉ်းထောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်မီးရှို့ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။