Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟိုင်ဂင်သ​ဘောတူညီချက်ကိုစစ်ကောင်စီက ကျိုးပျက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ရန်စနေကြောင်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်

ရခိုင်ပြည်နယ်၌လည်း စစ်ကောင်စီ၏ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသကဲ့သို့ ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာကျစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲများ ရှိနေခဲ့သည်ဟု အသိပေးသည်။

ဓညဝတီ​ရေတပ်ဌာနချုပ်ကို Google Map တွင်​တွေ့ရမှု
ဓညဝတီ​ရေတပ်ဌာနချုပ်ကို Google Map တွင်​တွေ့ရမှု

▪︎​ကျောက်ဖြူရှိ ဓညဝတီ​ရေတပ်ဌာနချုပ်စခန်း ကိုAA ဒုတိယအကြိမ်တိုက်ခိုက်

▪︎​ရခိုင်လေးမြို့နယ်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပြီး စစ်ရှိန်မြင့်နေ၊ ထီးချိုင့်ကို KIA၊ AAနှင့် PDFများ ပူးပေါင်းထိုးစစ်ဆင်

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ရန်စမှုများကို ပြုလုပ်နေသော်လည်း ညီနောင်မဟာမိတ်တပ်များ အနေဖြင့် သည်းခံနေ၍သာ တိုက်ပွဲများ ကျယ်ပြန့်မသွားခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး (၈၈) ရက်မြောက်နေ့ ဇန်နဝါရီ ၂၂ ရက် တိုက်ပွဲသတင်းများ ထုတ်ပြန်ရာတွင်​ဖော်ပြထားခြင်းဖြစ်သည်။ ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှု၌ တရုတ်နိုင်ငံ ကူမင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဇန်နဝါရီ ၁၁ရက်တွင် အပစ်ရပ်စဲရေး ပြုလုပ်ကာ ဟိုင်ဂင်သဘောတူညီမှုများ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၂ ရက်တွင် ရက္ခိုင်ဒေသတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း၊ ရှမ်းမြောက်ဒေသ၌မူ ညီနောင်မဟာမိတ်တပ်များဘက်က စတင်ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းများအပြင် မြေပြင်မှလည်း အလစ်အငိုက်ထိုးစစ်များကိုပါ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများ တအာင်းဒေသ၌ ဖြစ်ခဲ့ကြောင်း အသိပေးသည်။

မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၉) မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် (၁) ကြိမ်နှင့် ATR-42 လေယာဉ်ဖြင့် (၁) ကြိမ် လာရောက်၍ ဗုံး (၁၀) လုံးတိတိ ပစ်ချတိုက်ခိုက်ခဲ့​သိရသည်။ဇန်နဝါရီ ၂၁ရက်ကလည်း TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၈) မိုင်သို့ စစ်ကောင်စီဖက်မှ “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

​ကျောက်​တော်ရှိ စစ်တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲဝင်များ။ဓါတ်ပုံ-AA
​ကျောက်​တော်ရှိ စစ်တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲဝင်များ။ဓါတ်ပုံ-AA

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက် (၄) လက်အား သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။ စစ်ကောင်စီအနေဖြင့် အပစ်ရပ်စဲရေးကို အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း TNLAက ဆိုသည်။

ရခိုင်ပြည်နယ်၌လည်း စစ်ကောင်စီ၏ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသကဲ့သို့ ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာကျစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲများ ရှိနေခဲ့သည်ဟု အသိပေးသည်။

ရက္ခိုင်ပြည်နယ် ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိ​ကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်ဌာနချုပ်စခန်း” အား ရက္ခိုင့်တပ်တော် (AA) က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ ဓညဝတီ​ရေတပ်ကို AA က​ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ​ပေါက်ကွဲသံများကြားရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် ထိခိုက်ကျဆုံးအရေအတွက်များနှင့် အပျက်အစီးများကို လောလောဆည် မသိရသေးဟု​ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် စစ်​ကောင်စီ ​ရေတပ်၏ အဓိကဌာနချုပ်ဖြစ်​သော ဓညဝတီရေတပ်ဌာနချုပ်ကို ဇန်နဝါရီ လဆန်း ၈ ရက်ကလည်း ​ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့​သေးသည်။

​ကျောက်​တော်ရှိ စစ်တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲဝင်များ။ဓါတ်ပုံ-AA
​ကျောက်​တော်ရှိ စစ်တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲဝင်များ။ဓါတ်ပုံ-AA

စစ်ကောင်စီတပ်က ပေါက်တောမြို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူပင် မင်းပြားသို့ ရေကြောင်းမှ အင်အားဖြည့်တင်းလာသည့် ရန်သူ့နေဗီသင်္ဘောများမှလည်း မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြသည်။

၂၀၂၀ ခုနှစ်တွင် AA ရည်မှန်းချက်မပြည့်ခဲ့​​သော်လည်း ၂၀၂၄ တွင် AA ရည်မှန်းချက်ပြည့်မည်လားဆိုသည်ကို​စောင့်ကြည့်ရမည်ဖြစ်ပြီး ​ဒေသခံပြည်သူများက ​တော်လှန်​ရေးကို မြန်မြန်​​အောင်​စေလို​ကြောင်း ​ဒေသခံအချို့က​ပြောသည်။တိုက်ပွဲများ​ကြောင့် ဒုက္ခ​ရောက်​သော်လည်း တစ်​နေရာတည်းမဟုတ်ဘဲ နိုင်ငံတစ်ဝန်း အတူတူပင်ဖြစ်၍ တိုက်ပွဲထက် စစ်​ကောင်စီ၏ ​ဆေးဝါးမှ အစ စားနပ်ရိက္ခာအဆုံးရိက္ခာဖြတ်​တောက်မှုမှာ ပြည်သူများကို ပိုမို ဒုက္ခ​ရောက်​စေ​ကြောင်း​​ဒေသခံအချို့က​ပြောသည်။

ရက္ခိုင့်တပ်တော် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ရှိ မိုးမိတ်မြို့နှင့် ထိစပ်နေသည့်”မဘိမ်းမြို့”တွင်ဖော်ဆောင်နိုင်ခဲ့သည်ဟုလည်း မဘိမ်းမြို့သိမ်းတိုက်ပွဲကို ​ဖော်ပြထားသည်။

မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ပူးပေါင်းအဖွဲ့မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မဘိမ်းမြို့အား ဇန်နဝါရီလ (၂၁) ရက်နေ့မှစတင်၍ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

အလားတူပင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၌လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော်တို့ သည် ထီးချိုင့်ပတ်ဝန်းကျင်ရှိ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးကို အတူတကွစုပေါင်းပြီး ဟန်ချက်ညီ ထိုးစစ်အား ဆင်နွှဲလျက်ရှိနေသည်ဟု အသိပေးသည်။

(ဓညဝတီ​ရေတပ်ဌာနချုပ်ကို Google Map တွင်​တွေ့ရမှု/​ကျောက်​တော်ရှိ စစ်တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲဝင်များ။ဓါတ်ပုံ-AA)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။