Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့ (၁၀၅)မိုင်အနီးရှိ ဘုန်းတော်ကြီးနှင့် သာသနာပြုကျောင်းများအား စားနပ်ရိက္ခာများ AA လှူဒါန်း

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၅ရက်တွင် တိုက်ခိုက် သိမ်းယူထားခြင်းဖြစ်သည်။

(မူဆယ်မြို့ (၁၀၅)မိုင်အနီးရှိ ဘုန်းတော်ကြီးနှင့်သာသနာကျောင်းများအား AAကစားနပ်ရိက္ခာများ လှူဒါန်းနေစဉ်။ ဓာတ်ပုံ - AA)
(မူဆယ်မြို့ (၁၀၅)မိုင်အနီးရှိ ဘုန်းတော်ကြီးနှင့်သာသနာကျောင်းများအား AAကစားနပ်ရိက္ခာများ လှူဒါန်းနေစဉ်။ ဓာတ်ပုံ - AA)

▪️မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေးခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေဟုဆို

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ (၁၀၅)မိုင်အနီးရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ခရစ်ယာန်သာသနာပြုဘုရားကျောင်းများအား ရက္ခိုင့်တပ်တော်(AA)က ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းများလှူဒါန်းခဲ့သည်။

ဇန်နဝါရီ ၁၆ရက်က ဇေယျမင်္ဂလာကျောင်းတိုက်၊ ဇန်နဝါရီ ၁၈ရက်တွင် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘကဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်းနှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း၊ ဇန်နဝါရီ ၂၃ရက်တွင် ပန် ဆိုင်းခရစ်ယာန်ဘုရားကျောင်းတို့ကို ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်ဟု AAက ယနေ့ ထုတ်ပြန်ထားသည်။

စစ်ပွဲများအပါအဝင် တိုင်းပြည်၏ စနစ်ဆိုး၊ မင်းဆိုးမင်းညစ်များကြောင့် အတိဒုက္ခရောက်နေကြသူများတွင် ပြည်သူလူထုအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများလည်းပါဝင်ကြပြီး ပြည်သူများ၏ လူမှုစီးပွားဒုက္ခအဝဝများအနက်မှ တတ်နိုင်သည်များကို တနိုင်တပိုင် ကူညီဖြေရှင်းပေးခဲ့သကဲ့သို့ ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်များ နှင့် ခရစ်ယာန်သာသနာပြုများ ပူပင်ကြောင့်ကြမရှိစေဘဲ ငြိမ်းချမ်းစွာ သာသနာပြုနိုင်ရန်ရည်ရွယ်၍ လှူဒါန်းမှု ပြုလုပ်ခြင်းဟု AAက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ဘေးဒဏ်နှင့်အတူ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသော ပြည်သူများနှင့် တသွေးတည်း၊ တသားတည်း အချိန်မရွေးရှိနေမည်ဖြစ်ပြီး မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေးခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေပါသည်ဟု အသိပေးထားသည်။

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၅ရက်တွင် တိုက်ခိုက် သိမ်းယူထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။