Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့ (၁၀၅)မိုင်အနီးရှိ ဘုန်းတော်ကြီးနှင့် သာသနာပြုကျောင်းများအား စားနပ်ရိက္ခာများ AA လှူဒါန်း

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၅ရက်တွင် တိုက်ခိုက် သိမ်းယူထားခြင်းဖြစ်သည်။

(မူဆယ်မြို့ (၁၀၅)မိုင်အနီးရှိ ဘုန်းတော်ကြီးနှင့်သာသနာကျောင်းများအား AAကစားနပ်ရိက္ခာများ လှူဒါန်းနေစဉ်။ ဓာတ်ပုံ - AA)
(မူဆယ်မြို့ (၁၀၅)မိုင်အနီးရှိ ဘုန်းတော်ကြီးနှင့်သာသနာကျောင်းများအား AAကစားနပ်ရိက္ခာများ လှူဒါန်းနေစဉ်။ ဓာတ်ပုံ - AA)

▪️မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေးခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေဟုဆို

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ (၁၀၅)မိုင်အနီးရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ခရစ်ယာန်သာသနာပြုဘုရားကျောင်းများအား ရက္ခိုင့်တပ်တော်(AA)က ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းများလှူဒါန်းခဲ့သည်။

ဇန်နဝါရီ ၁၆ရက်က ဇေယျမင်္ဂလာကျောင်းတိုက်၊ ဇန်နဝါရီ ၁၈ရက်တွင် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘကဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်းနှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း၊ ဇန်နဝါရီ ၂၃ရက်တွင် ပန် ဆိုင်းခရစ်ယာန်ဘုရားကျောင်းတို့ကို ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်ဟု AAက ယနေ့ ထုတ်ပြန်ထားသည်။

စစ်ပွဲများအပါအဝင် တိုင်းပြည်၏ စနစ်ဆိုး၊ မင်းဆိုးမင်းညစ်များကြောင့် အတိဒုက္ခရောက်နေကြသူများတွင် ပြည်သူလူထုအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများလည်းပါဝင်ကြပြီး ပြည်သူများ၏ လူမှုစီးပွားဒုက္ခအဝဝများအနက်မှ တတ်နိုင်သည်များကို တနိုင်တပိုင် ကူညီဖြေရှင်းပေးခဲ့သကဲ့သို့ ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်များ နှင့် ခရစ်ယာန်သာသနာပြုများ ပူပင်ကြောင့်ကြမရှိစေဘဲ ငြိမ်းချမ်းစွာ သာသနာပြုနိုင်ရန်ရည်ရွယ်၍ လှူဒါန်းမှု ပြုလုပ်ခြင်းဟု AAက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ဘေးဒဏ်နှင့်အတူ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသော ပြည်သူများနှင့် တသွေးတည်း၊ တသားတည်း အချိန်မရွေးရှိနေမည်ဖြစ်ပြီး မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေးခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေပါသည်ဟု အသိပေးထားသည်။

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၅ရက်တွင် တိုက်ခိုက် သိမ်းယူထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေတိုက်ပွဲမှာစစ်တပ်ကရှေ့တိုးဖို့ကြိုးစားနေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့သာ ကြုံတွေ့နေ

သတင်း

နတ်ရေကန်တိုက်ပွဲမှာအထိနာနေပြီး လေကြောင်းပစ်ကူပေးနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာ​မော်တာ တစီးကို အာရက္ခတပ်တော်(AA)က ဒီနေ့ မနက်ပိုင်းမှာပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောပါတယ်။

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

စစ်တွေမြို့အနီးဝန်းကျင်ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်ဆုံရာမှာ နေရာယူပြီး အရပ်သားလူနေကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ နေ့ညမပြတ်ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောကြီး ၃ စီးကို အာရ က္ခတပ်တော်(AA)က ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။