Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်

AAက သိမ်းယူရန် တိုက်ခိုက်နေသည့် မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ လတ်တလော သိမ်းရထားသည့် လက်နက်ခဲယမ်းမီးကျောက်များနှင့်စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်
ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်

▪︎ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များ၌ ကျန်နေသည့် စစ်ကောင်စီတပ်ရင်းများ အားလုံးကို သိမ်းနိုင်ရန် အခြေအနေကောင်းဟု အသိပေး

ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ(၃၇၄) တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ဟု AAက အသိပေး ထုတ်ပြန်သည်။

ဇန်နဝါရီ ၃၀ရက်တွင် စစ်ကောင်စီက လေကြောင်းမှ တစ်ရက်လုံး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေသည့် ကြားမှ အမှတ်(၉) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်(စကခ – ၉) လက်အောက်ခံ ကျောက်တော် ခမရ(၃၇၄) တပ်ရင်းတစ်ခုလုံးကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်
ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်

ရက္ခိုင်ဒေသအတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိသော မြို့ကြီးများ၌ စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ကြောင်း၊ ဘူးသီးတောင်မြို့၊ မောင်တောမြို့ နှင့် ရမ်းဗြဲမြို့ များ၌ အချို့နေ့များတွင် တိုက်ပွဲငယ်အချို့ ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများ အားလုံးကို AAက အပြီးသတ် သိမ်းယူနိုင်ရေး ထိုးစစ်ဆင်မှုများ ကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရင်း တစ်ခုပြီး တစ်ခုသိမ်းယူနိုင်ခဲ့သည်ဟုဆိုသည်။

AA သည် မင်းပြားရှိ စစ်ကောင်စီ၏ ခမရ(၃၈၀) တပ်ရင်းကို ဇန်နဝါရီ ၂၈ရက်က သိမ်းနိုင်ခဲ့သည်။

AAက သိမ်းယူရန် တိုက်ခိုက်နေသည့် မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ လတ်တလော သိမ်းရထားသည့် လက်နက်ခဲယမ်းမီးကျောက်များနှင့်စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်
ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်

ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်ကတည်းကပင် မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူ (၂) ဦးအား ဖမ်းဆီးထားစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ကာ အချုပ်ခန်းထဲ၌ သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး အဆိုပါ စခန်းများအားလုံး အပြီးသတ် သိမ်းယူနိုင်ရန် အခြေအနေကောင်းလျက်ရှိသည်ဟု အသိပေးသည်။

ရမ်းဗြဲမြို့တွင်မူ ယခုရက်သတ္တပတ်အတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းထက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအားပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်
ကျောက်တော်ရှိ စစ်ကောင်စီတပ် ခမရ(၃၇၄)တပ်ရင်းကို AA သိမ်းပိုက်

ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား (၁၂၀) ကျော်နှင့် ယခင်ရှိနှင့်ပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့ပူးပေါင်းသော စစ်ကြောင်း နှင့် AA တို့ ယမန်နေ့တွင် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ အလောင်း၊ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ဖော်ပြသည်။

ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ နောက်ရက်များ၌ ပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း အသိပေးထားသည်။

ရက္ခိုင်ပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်း နှင့် လက်နက်ချ အညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟုလည်း AAက ထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး၏ (၉၆) ရက်မြောက်နေ့ ဇန်နဝါရီ ၃၀ရက် တိုက်ပွဲသတင်းများကို ဖော်ပြရာ ကိုးကန့်နှင့် တအောင်း ဒေသများတွင် ထိတွေ့တိုက်ပွဲများ ကြီးကြီးမာမား မရှိခဲ့သည့်တိုင် ရက္ခိုင်ဒေသတွင် ယခင်ရက်များနည်းတူ တိုက်ပွဲများမှာ ပုံမှန်အတိုင်းရှိနေပြီး ရက္ခိုင့်တပ်တော်၏ ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေပူးပေါင်းခုခံစစ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လမ်းခွဲနေရာများကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၄ရက်) ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

အပစ်ရပ်မည်ဟုကြေညာထားသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်၌ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု အာရက္ခတပ်တော်(AA)၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းအတိုင်း အင်အားဖြည့်နေ

Facebook