Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဦးရှိ စစ်ကောင်စီ၏ ခမရ ၅၄၀ တပ်ရင်းအား AA ထပ်မံသိမ်းပိုက်

ခမရ (၅၄၀) တပ်ရင်းသည် မြောက်ဦးပြည်သူလူထုနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ဒုက္ခပေးဖျက်ဆီးနေသောစစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ဖွဲ့ကလည်း ထုတ်ပြန်သည်။

(ရခိုင်ပြည်နယ်နှင့်ပလက်ဝ​ဒေသတွင် ရက္ခိုင့်တပ်​တော် AA ကသိမ်းပိုက်ထား​သော စစ်စခန်းများပြ​မြေပုံနှင့် စခန်းသိမ်းတိုက်ပွဲတစ်ခုမှAA သိမ်းပိုက်ရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-AA Info Desk)
(ရခိုင်ပြည်နယ်နှင့်ပလက်ဝ​ဒေသတွင် ရက္ခိုင့်တပ်​တော် AA ကသိမ်းပိုက်ထား​သော စစ်စခန်းများပြ​မြေပုံနှင့် စခန်းသိမ်းတိုက်ပွဲတစ်ခုမှAA သိမ်းပိုက်ရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-AA Info Desk)

▪︎​လေးရက်အတွင် မင်းပြား၊ကျောက်တော်နှင့်မြောက်ဦးရှိ စစ်ကောင်စီတပ်ရင်း ၃ ရင်းအားသိမ်းယူနိုင်ခဲ့ခြင်းဖြစ်

ရက္ခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၄၀ )ခြေမြန်တပ်ရင်း ( ခမရ ၅၄၀ )အား ရက္ခိုင့်တပ်တော်(AA)ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်းများကိုAA က တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခမရ(၅၄၀)တပ်ရင်းအား ဇန်နဝါရီ ၃၀ရက်ညတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်သူ၏ ခုခံစစ်အားအပြတ်အသတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံသိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်ပြီး ကျန် တပ်ရင်း ၂ရင်းကို အပြီးသတ်သိမ်းနိုင်ရေး ဆက်လက် တိုက်ခိုက်နေကြောင်း AAက အသိပေးသည်။

ခမရ (၅၄၀) တပ်ရင်းသည် မြောက်ဦးပြည်သူလူထုနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ဒုက္ခပေးဖျက်ဆီးနေသောစစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ဖွဲ့ကလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

AAသည် ဇန်နဝါရီ ၂၈ရက်က မင်းပြားအခြေစိုက် စစ်ကောင်စီ၏ခမရ(၃၈၀) တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဇန်နဝါရီ ၃၀ရက်တွင်ကျောက်တော်ရှိ ခမရ(၃၇၄) တပ်ရင်းကို သိမ်းနိုင်ခဲ့ကာ ၊ဇန်နဝါရီ ၃၁ ရက်တွင်​မြောက်ဦးမြို့ရှိ ခမရ ၅၄၀ ကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

AA အနေဖြင့် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း ပစ်ကူပေး ခုခံနေသည့် ကြားမှ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီ ၃၁ ရက် တွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများယခင်ရက်များနည်းတူ ရှိနေခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ စတင်ခဲ့ဟု အသိပေးသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဇေယျရွာနှင့် အောင်မြေကုန်းရွာကြား၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တစ်နာရီခန့်အကြာ နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကိုသုံးပြီး နောက်ဆုတ်သွားသည်ဟု ဖော်ပြသည်။

တိုက်ပွဲတွင် AAဘက်က အလတ်စားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ပြီး ရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးကို မသိရသေးဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ယနေ့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင်လည်း အထိနာသောကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားကုန်ဘုတ်ကျေးရွာအား စစ်ကောင်စီ ရေတပ်သင်္ဘောမှ တပ်ဖွဲ့ဝင်များက ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်တွေအခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်း” နှင့် နေဗီတို့မှလည်း အဆိုပါကျေးရွာနှင့် အနီးအနားသို့ လက်နက်ကြီးအလုံးပေါင်း (၁၀၀) ကျော်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ပုံမှန်တိုက်ပွဲများရှိနေသည့် ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိဖြင့် မြို့ကို ဦးတည်တိုက်ခိုက်နေသော လေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများမှာလည်း နေ့စဉ်ရက်ဆက်ရှိနေခဲ့ဟုသိရ သည်။

ထို့အပြင်စစ်အင်အား၊ လက်နက်ခဲယမ်းထပ်မံဖြည့်တင်းထားသော ရမ်းဗြဲမြို့အနီးရှိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရမ်းဗြဲမြို့နှင့် ရမ်းဗြဲမြို့ပတ်ဝန်းကျင်များ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်းလည်း ထုတ်ပြန်သည်။ ဇန်နဝါရီ ၃၀ရက် တိုက်ပွဲအတွင်း စစ်ကူလာသောစစ်ကောင်စီတပ်ဖွဲ့များကို အထိနာအောင်တိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိဟု အသိပေးသည်။ အထိနာသွား​သောအဆိုပါစစ်ကူစစ်ကြောင်းအားလိုက်လံတိုက်ခိုက်လျက်ရှိသည်ဟုသိရသည်။

ရမ်းဗြဲမြို့ပတ်ဝန်းကျင်တွင်လည်း ထပ်မံအထိနာသောကြောင့် စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို ပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကဦးတည်ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြသည်။ရမ်းဗြဲ၊ တန်းချောင်းဝနှင့် တိန်ချောင်းရေလက်ကြား၌ ရပ်နားထားသည့် ရန်သူ့နေဗီသင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၉ရက်က မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာအနီးရှိ စစ်ကောင်စီ သင်္ဘောမှ အနီးတစ်ဝိုက်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ရေငံဆည်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၈) နှစ်အရွယ် ဒေသခံအမျိုးသမီး နှင့် (၇၀) ကျော် သက်ကြီးပိုင်းအမျိုးသမီး တို့ထိခိုက်ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

ထို့ပြင် ဇန်နဝါရီ ၂၉ရက်က တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ပလက်ဝ မြို့နယ်၊ ဟုမ်းရွာအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ပြည်သူ ၇ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်သည်။ AA အနေဖြင့် ပလက်၀မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်းဇန်နဝါရီ ဒုတိယပတ်တွင် ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၂ရက်မှ စတင်ခဲ့ရာ ၄လကျော် ကြာမြင့်ခဲ့ပြီး နယ်မြေခံ CDF-ကန်ပက်လက်၊ အခြား CDFပူးပေါင်းတပ်ဖွဲ့များနှင့် PDFများက တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။