Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်တွင်းခရီးသွားလုပ်ငန်း စစ်ကောင်စီတင်းကြပ်

(ရန်ကုန်မြို့ရှိ ဒဂုံဧရာအဝေးပြေးဂိတ်အတွင်းရှိ ခရီးသည်များနှင့် ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့ရှိ ဒဂုံဧရာအဝေးပြေးဂိတ်အတွင်းရှိ ခရီးသည်များနှင့် ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ်လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကဒ်ဖြင့်သွားရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာကြောင်း သတင်းရရှိသည်။

ဒီမနက် ရပ်ကွက်ရုံးက အသိပေးလာတယ်။ ခရီးသွားမယ့်သူတွေ ခရီးသွားကဒ်လုပ်ရမယ်တဲ့။ တစ်ကဒ် ၁၅၀၀ တဲ့။ မှတ်ပုံတင်နဲ့မရတော့ဘူးလို့ပြောတယ်”ဟု ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ ‌ဒေသခံတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) ပြောသည်။

ခရီးသွားကဒ်ဟု ခေါ်သည့် ခရီးသွားခွင့် အထောက်အထားကဒ်ကို အခကြေးငွေယူ၍ ပြုလုပ်ပေးနေသည့်အစီအစဉ်ကို ဒေသအများစုရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

“ခရီးသွားမယ်ဆို ရပ်ကွက်ရုံးကိုအကြောင်းကြားဖို့ အသိပေးလာတယ်။ ထောက်ခံစာလုပ်ရမယ်ပြောတယ်။ သွားမလုပ်သေးတော့အသေးစိတ်တော့မသိသေးဘူး”ဟု ပဲခူးမြို့မှဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် စစ်ကောင်စီသည် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ခရီးသွားများက ပြောသည်။

“ကျမရန်ကုန်ကို ဝင်တာ သိပ်မစစ်ဘူး။ အထွက်တွေကို စစ်နေတယ်။ မီးသတ်တွေ၊ ရဲတွေ၊ စစ်‌ခွေးတွေ စစ်နေတာ”ဟု ဖေဖော်ဝါရီ ၁၂ရက်က ရန်ကုန်မြို့သို့ ကားဖြင့်သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မိုင်းအနည်းငယ်သာရှိသည့် မြို့ချင်းဆက်ခရီးသွားယာဥ်လိုင်းများထက် မိုင်ရာချီဝေးသည့် ခရီးသွားယာဥ််လိုင်းများကို အဓိကစစ်ဆေးနေကြောင်း သတင်းရရှိသည်။

” မှတ်ပုံတင်နဲ့က မိုင်တိုတွေရတယ်။ မိုင်းရှည်ခရီးစဉ်တွေကို ဒီကောင်တွေ စောင့်ကြည့်တယ်။အချက်အလက်တောင်းတယ်” ဟု ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်မှ ယာဉ်မောင်းတဦးကပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်‌ကောင်စီက ဖေဖော်ဝါရီ၁၀ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ညက ထုတ်ပြန်ထားသည်။

စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်‌ကြောင်းနှင့်အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်၍ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ပြည်သူလူထုကြုံတွေ့လာရနိုင်သည့် ဘေးဒုက္ခများလျော့နည်းစေရန်အတွက်လည်း မဟာမိတ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။