Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်တွင်းခရီးသွားလုပ်ငန်း စစ်ကောင်စီတင်းကြပ်

(ရန်ကုန်မြို့ရှိ ဒဂုံဧရာအဝေးပြေးဂိတ်အတွင်းရှိ ခရီးသည်များနှင့် ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့ရှိ ဒဂုံဧရာအဝေးပြေးဂိတ်အတွင်းရှိ ခရီးသည်များနှင့် ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ်လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကဒ်ဖြင့်သွားရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာကြောင်း သတင်းရရှိသည်။

ဒီမနက် ရပ်ကွက်ရုံးက အသိပေးလာတယ်။ ခရီးသွားမယ့်သူတွေ ခရီးသွားကဒ်လုပ်ရမယ်တဲ့။ တစ်ကဒ် ၁၅၀၀ တဲ့။ မှတ်ပုံတင်နဲ့မရတော့ဘူးလို့ပြောတယ်”ဟု ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ ‌ဒေသခံတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) ပြောသည်။

ခရီးသွားကဒ်ဟု ခေါ်သည့် ခရီးသွားခွင့် အထောက်အထားကဒ်ကို အခကြေးငွေယူ၍ ပြုလုပ်ပေးနေသည့်အစီအစဉ်ကို ဒေသအများစုရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

“ခရီးသွားမယ်ဆို ရပ်ကွက်ရုံးကိုအကြောင်းကြားဖို့ အသိပေးလာတယ်။ ထောက်ခံစာလုပ်ရမယ်ပြောတယ်။ သွားမလုပ်သေးတော့အသေးစိတ်တော့မသိသေးဘူး”ဟု ပဲခူးမြို့မှဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် စစ်ကောင်စီသည် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ခရီးသွားများက ပြောသည်။

“ကျမရန်ကုန်ကို ဝင်တာ သိပ်မစစ်ဘူး။ အထွက်တွေကို စစ်နေတယ်။ မီးသတ်တွေ၊ ရဲတွေ၊ စစ်‌ခွေးတွေ စစ်နေတာ”ဟု ဖေဖော်ဝါရီ ၁၂ရက်က ရန်ကုန်မြို့သို့ ကားဖြင့်သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မိုင်းအနည်းငယ်သာရှိသည့် မြို့ချင်းဆက်ခရီးသွားယာဥ်လိုင်းများထက် မိုင်ရာချီဝေးသည့် ခရီးသွားယာဥ််လိုင်းများကို အဓိကစစ်ဆေးနေကြောင်း သတင်းရရှိသည်။

” မှတ်ပုံတင်နဲ့က မိုင်တိုတွေရတယ်။ မိုင်းရှည်ခရီးစဉ်တွေကို ဒီကောင်တွေ စောင့်ကြည့်တယ်။အချက်အလက်တောင်းတယ်” ဟု ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်မှ ယာဉ်မောင်းတဦးကပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်‌ကောင်စီက ဖေဖော်ဝါရီ၁၀ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ညက ထုတ်ပြန်ထားသည်။

စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်‌ကြောင်းနှင့်အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်၍ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ပြည်သူလူထုကြုံတွေ့လာရနိုင်သည့် ဘေးဒုက္ခများလျော့နည်းစေရန်အတွက်လည်း မဟာမိတ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော