Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် လွိုင်ကော် တက္ကသိုလ်ပါချုပ်နှင့် ဒုချုပ်အပါအဝင် ဝန်ထမ်းငါးဦးကို ကရင်နီပြည်နယ်တရားရုံးက ထောင်ဒဏ် (၂)နှစ်နှင့် ငွေဒဏ်ချမှတ်

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အား ၂၀၂၃ နိုဝင်ဘာ၂၀ ရက်က KNDF ထုတ်ပြန်သည့် ဗီဒီယိုတွင် တွေ့ရစဉ်။(ဓာတ်ပုံ - KNDF)
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အား ၂၀၂၃ နိုဝင်ဘာ၂၀ ရက်က KNDF ထုတ်ပြန်သည့် ဗီဒီယိုတွင် တွေ့ရစဉ်။(ဓာတ်ပုံ - KNDF)

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိကတာဝန်ရှိသူ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ဒုပါမောက္ခချုပ် အပါအဝင် ဝန်ထမ်းငါးဦးကို ထောင်ဒဏ် (၂)နှစ်နှင့် ငွေဒဏ် ကျပ် ၉သိန်းစီကျခံစေရန် ချမှတ်ခဲ့ကြောင်း ကရင်နီပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က လူထုနွေဦးသို့ အတည်ပြုသည်။

ယမန်နှစ် နိုဝင်ဘာက လွိုင်ကော်တက္ကသိုလ်မှ ခေါ်ထုတ်ခဲ့သူ Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင် ၂၀၄ဦးအနက် အများစုကို ပြည်နှင်ဒဏ်ချမှတ်ခဲ့ပြီး စစ်ကောင်စီနှင့်တိုက်ရိုက်ပတ်သက်သူ ငါးဦးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ဖြင့် ကရင်နီပြည်နယ်ရဲဌာနက တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“တရားလိုကနေ တင်သွင်းလာတဲ့ အချက်အလက် အထောက်အထားတွေ၊တရားရုံးက စစ်ဆေးတာတွေ အပါအဝင် တရားခံရဲ့ ဝန်ခံချက်ကြောင့် ယခုလို အမိန့်ချမှတ်လိုက်တာဖြစ်တယ်”ဟု တရားသူကြီးချုပ် ခူးပိုးရယ်က ရှင်းပြသည်။

အဆိုပါအမှုအား မြို့နယ်တရားရုံးက ထောင်ဒဏ်(၂)နှစ်နှင့် ငွေဒဏ် ငါးသိန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ယင်း ထောင်ဒဏ် (၂)နှစ်အား မကျခံချင်ပါက ငွေဒဏ် ၁၅သိန်းပေးဆောင်ရန် မြို့နယ် အမိန့်ချမှတ်မှုအပေါ် ရဲတပ်ဖွဲ့က ပြင်ဆင်ချက်တင်ပြီးနောက် ယခုကဲ့သို့ ပြည်နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဟု လူထုနွေဦး​၏ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

ထို့နောက် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်မှု မရှိသည့် Non-CDM များကို ပထမအကြိမ် ၇၀ ဦး နှင့် ၎င်းတို့၏ မိသားစုဝင် ၃၇ ဦး၊ ဒုတိယအကြိမ် ၅၉ဦးနှင့် ၎င်းတို့ မိသားစုဝင် ၂၇ဦး စုစုပေါင်း ၁၉၃ ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရား မှန်သမျှ ပါဝင်ပတ်သက်ခြင်းမပြုရန်၊ကျောင်း၊ရုံးနှင့်လည်း အဆက် အသွယ်မပြုလုပ်ရန်၊ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူများနှင့် ရပ်တည်သွားရန်စသည့် ကတိကဝတ်များပါဝင်သည့် ခံဝန်ချက်ဖြင့်လက်မှတ်ရေးထိုးစေကာ ကရင်နီပြည် ပြင်ပသို့ နိုဝင်ဘာ ၂၈ ရက်ကစ၍ အပြီးသတ် နယ်နှင်ဒဏ် ပေးခဲ့သည်။

ထိုအပြင် စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်သော တပ်မိသားစုဝင်သုံးဦးပါရှိပြီး စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ စုံစမ်းစစ် ဆေးရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စစ်ခုံရုံးသို့ လွှဲပြောင်း၍ အရေးယူမည်ဖြစ်ကြောင်း IEC က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၌ မူးယစ်ဂိုဒေါင်ဖမ်းဆီးရမိမှုတွင် အာရက္ခတပ်တော်(AA)၏ စီးပွားရေးတာဝန်ခံက စီမံနေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် စစ်အစိုးရအဆက်ဆက်လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်သည်။

သတင်း

“ကျနော်တို့ဆီမှာ တင်မောင်ဝင်းဆိုတဲ့နာမည်မရှိသလိုကြားလည်းမကြားဖူးပါ” ၀တပ်ဆက်ဆံရေးရုံးတာဝန်ရှိသူပြော

သတင်း

မတ်-၁၉၊ ၂၀၂၅။ ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဓားပြတိုက်မှုနဲ့ ဖမ်းဆီးလာတဲ့ တရားခံတစ်ဦး ကားတံခါးဖွင့် ပြေးကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်ခန့်က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ သစ်၊ ဝါးရောင်းဝယ်ရေး လုပ်ကိုင်သူ လင်မယားနှစ်ဦးရဲ့ နေအိမ်ကို...

သတင်း

ပေါ်တာဆွဲခံရပြီးနောက် ညောင်ကျိုးစခန်းရှေ့တန်းပို့ခံရသည့် စစ်မှုထမ်းအပတ်စဥ်(၆) သင်တန်းဆင်းတပ်သားသစ်တစ်ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးသည်။

Facebook