Connect with us

Hi, what are you looking for?

သတင်း

မဲဆောက် – မြဝတီအမှတ်(၁)တံတား တစ်ပတ်အကြာမှာ ပြန်ဖွင့်

မဲဆောက်မြို့ကို အဝင်ပိတ်ထားမှုကြောင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူတွေအနေနဲ့ အခက်ကြုံရတယ်လို့လည်း ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

(အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ ယနေ့ နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ - Ko Myo Gyi)
(အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ ယနေ့ နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ - Ko Myo Gyi)

မဲဆောက် – မြဝတီချစ်ကြည်ရေး အမှတ်(၁) တံတားကို မြန်မာဘက်ခြမ်းက ဧပြီ ၂၁ ရက် မနက်ကတည်းက ပိတ်ထားရာကနေ တစ်ပတ်အကြာ ဒီကနေ့ (ဧပြီ ၂၇ရက်) နံနက် ၁၀နာရီလောက်မှာ ပြန်ဖွင့်ပေးပြီလို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် မြန်မာတွေက ပြောပါတယ်။

မြဝတီမြို့က အမှတ်(၂)တံတားထိပ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၂၁ ရက်က အမှတ်(၁)တံတားကို စစ်ကောင်စီရဲ့မြန်မာဘက်ခြမ်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီ ၂၂ရက်က မနက်ကစပြီး တိုက်ပွဲငြိမ်သက်သွားသော်လည်း တံတားကို ဆက်လက် ပိတ်ထားရာက ဒီကနေ့ ပြန်ဖွင့်ပေးတာပါ။

“ဒီမနက် ပြန်ဖွင့်ပြီ။ မြဝတီသွားလို့ရပြီ။ ဒါပေမယ့် မဲဆောက်မှာပိတ်မိနေတဲ့ သူတွေအတွက်က ရက်လွန်ကြေးသမားတွေ ဒဏ်ကြေးပေးရမယ် ထင်တယ်”လို့ မဲဆောက်မြို့က မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဝင်ရောက်ခွင့် ပိတ်ထားတာဖြစ်ပြီး မဲဆောက်ကနေ မြဝတီမြို့ကို ဝင်ရောက်တာမှာတော့ ထိုင်းဘက်ခြမ်းက ဖြတ်သန်းခွင့် ဖွင့်ပေးထားပါတယ်။

ဒါကြောင့် မြဝတီမြို့ကို သွားရောက်မယ့်သူတွေက အမှတ်(၁)တံတားကနေ ဖြတ်သန်းလို့ ရခဲ့ပါတယ်။

သို့သော် ပတ်စပို့စာအုပ်၊ ဗီဇာရှိသူများသာ ဖြတ်သန်းခွင့်ရရှိနေတာလို့လည်း သိရပါတယ်။

မဲဆောက်မြို့ကို အဝင်ပိတ်ထားမှုကြောင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူတွေအနေနဲ့ အခက်ကြုံရတယ်လို့လည်း ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

မြဝတီမြို့နဲ့ မဲဆောက်မြို့ကို ယာယီဖြတ်သန်းသွားလာမှုအနေနဲ့ ၇ ရက်၊ ၁၄ ရက် ယာယီသွားလာနေထိုင်ခွင့်ပြုထားပြီး သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံတွေကနေ ပြန်လည်ထွက်ခွာရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် မဲဆောက်မြို့ကို စစ်ဘေးရှောင်လာကြတဲ့ ထောင်နဲ့ချီတဲ့ မြဝတီမြို့ခံတွေဟာလည်း နေရပ်ကို ပြန်သွားကြပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook