Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွယ်ဂျယ်မြို့ကို KIA ယနေ့ ဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်ကောင်စီနှင့် ဝန်ထမ်းများထွက်ခွာခွင့် တစ်ရက် အချိန်ပေး

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

(လွယ်ဂျယ်မြို့ ဆိုင်းဘုတ်နှင့် KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-​​ပေးပို့)
(လွယ်ဂျယ်မြို့ ဆိုင်းဘုတ်နှင့် KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-​​ပေးပို့)

မြန်မာ- တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၀ိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ ထွက်ခွာခွင့်ပေးထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်- လွယ်ဂျယ် လမ်းရှိ ယောယုံဗျူဟာစခန်းအပါအဝင် စစ်ကောင်စီ၏ တပ်စခန်း ၇ခုကို KIAက မတ်လ ၂၇ ရက်နှင့် ၂၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့မနက်တွင် လွယ်ဂျယ်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားခြင်းဖြစ်သည်။

“လွယ်ဂျယ်ကို ဝင်မသိမ်းသေးပါဘူး။စစ်တပ်နဲ့ အစိုးရ ဝန်ထမ်း(စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ)တွေကို ထွက်ခွာခွင့် အချိန်ပေးထားတယ်။” စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တရုတ်ဘက် ဝင်ရောက်လာပါက တရုတ်ဘက်က နယ်စပ်ဂိတ်ဖွင့်ပေးမည့် အခြေအနေ ရှိသည်ဟုလည်း သတင်းရင်းမြစ်က ပြောပြသည်။

လွယ်ဂျယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်​ရေး စခန်းရှိ​သော မြို့ ဖြစ်သည်။ အဆိုပါနယ်စပ်ကုန်သွယ်​ရေးစခန်းကို အဓိက ထိန်းချုပ်ထား​သော ​ယောယုံစခန်းကို KIA က ယမန်​နေ့က သိမ်းပိုက်ခဲ့သည်။

လွယ်ဂျယ်မြို့ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

လွယ်ဂျယ်တွင် တပ်စခန်းတစ်ခုသာကျန်ရှိပြီး အဆိုပါ တပ်ထံသို့ မြေပြင်မှ စစ်ကူလာရောက်ရန်လည်း မဖြစ်နိုင်တော့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့မနက်တွင် လွယ်ဂျယ်၌ ပစ်ခတ်မှု အချို့ရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးဘဲ စစ်ကောင်စီဘက်က တစ်ဖက်သတ် ပစ်ခတ်ခြင်းသာဖြစ်ကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

KIA ၏ ရက်ပိုင်းအတွင်း စစ်ဆင်ရေး၌ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ပြီဖြစ်၍ အဆိုပါလမ်းပိုင်း၌ စိန်လုံဗျူဟာစခန်းကြီးတစ်ခုသာကျန်တော့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။