Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်းဖမ်းဆီးထားသော ပြည်သူနှစ်ဦးအား PDF ကယ်ထုတ်

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

(ကယ်ထုတ်ခဲ့သော ပြည်သူနှစ်ဦးနှင့် MBTတပ်ဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MBT)
(ကယ်ထုတ်ခဲ့သော ပြည်သူနှစ်ဦးနှင့် MBTတပ်ဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MBT)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ပိုင်း၌ စစ်ကြောင်းထိုးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ဖမ်းဆီးထားသော ပြည်သူ နှစ်ဦးအား ကယ်တင်ပေးခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ဧပြီ ၁၀ရက်က မြင်းခြံမြို့နယ် ကန်တောကျေးရွာနှင့် ရွာရှည်ကျေးရွာအကြား၌ စစ်ကြောင်းထိုးလာသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဆုတ်ခွာသွားကြောင်း MBTတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ဝင်ပစ်တဲ့အချိန်မှာ ထိဖို့များတယ်။ အုတ်တံတိုင်းပေါ်မှာ သွေးစတွေအများကြီးတွေ့တယ်။ တိုက်မိုင်းဘက်မှာလည်း အသားစတွေ သွေးတွေတွေ့ရတယ်။ ဒါပေမယ့်လက်နက်ဘာညာတော့ရရှိခဲ့ခြင်းမရှိဘူး”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်လာသည့် တောပုကျေးရွာနေ ပြည်သူနှစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း MBT တပ်ဖွဲ့က ဆိုသည်။

“စကစနဲ့ပျူစောထီးတွေဖမ်းထားတဲ့ စာသင်ကျောင်းကို လက်နက်ကြီးနဲ့ထုပြီးတော့ဝင်ပစ်တဲ့အချိန် ဒီကောင်တွေကဝင်ပစ်တဲ့အချိန် ပြည်သူနှစ်ဦးကို တွေ့ရှိခဲ့တာပါ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

မြင်းခြံမြို့နယ်မြောက်ပိုင်း၌ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေ၍ ကျေးရွာ ၁၀ရွာထက်မနည်းမှ ပြည်သူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါ စစ်ကြောင်းသည် ဧပြီ ၈ရက်က ရသာရွာမှ နေအိမ် ၂၅၀ကျော်နှင့် တောပုရွာမှ နေအိမ် ၆ဝဝမှ ၈၀၀ ကြား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထို့အပြင် ဖက်ရင်းရွာမှ သားအဖနှစ်ဦး၊ ရသာရွာနှင့် တောပုရွာတို့မှ အမျိုးသားနှစ်ဦး စုစုပေါင်းလေးဦးကိုလည်း သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ