Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတွင် AA အလိုမရှိကြောင်း ဆန္ဒမပြပါက ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီခြိမ်းခြောက်အကြပ်ကိုင်ခဲ့ဟု ဒုက္ခသည်အချို့​ပြော

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

(စစ်​ကောင်စီဖိအား​ပေးမှု​ကြောင့် ပြုလုပ်​ခဲ့သော စစ်​တွေမြို့မှ ဆန္ဒပြပွဲ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီဖိအား​ပေးမှု​ကြောင့် ပြုလုပ်​ခဲ့သော စစ်​တွေမြို့မှ ဆန္ဒပြပွဲ။ဓါတ်ပုံ-စစ်​ကောင်စီ)

ယောနသံ/People’s Spring

ရခိုင်ပြည်နယ်တွင်AA အလိုမရှိကြောင်း ဆန္ဒပြရန် နှင့် ဆန္ဒမပြပါက နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဟုစစ်​ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရ နှင့် စစ်တပ်အရာရှိများက ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ရိုဟင်ဂျာများနှင့် နီးစပ်သူများကထုတ်ဖော်ပြောသည်။

“AAကိုဆန့်ကျင်‌​ကြောင်း ဆန္ဒပြဖို့ ဒေသခံတွေရော၊ ဒုက္ခသည်စခန်းကပါ လူ၁၀၀၀ တောင်းတယ်။ မဖြစ်မနေလုပ်ဖို့နဲ့ အကောင်အထည်မဖော်ရင် အိမ်တွေကိုမီးရှို့မယ်လို့ပြောတယ်။ ဒါကြောင့် လုပ်ခဲ့ကြတယ်” ဟု စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒေသခံတဦးကပြောသည်။

ယမန်နေ့( ဧပြီလ ၂၀ ရက်) နံနက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာအချို့က AAအား အကြမ်းဖက်အဖွဲ့ဟုဆိုကာ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသတင်းကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ် များတွင် ဆက်တိုက်ဖော်ပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထိုဆန္ဒပြမှုနောက်ကွယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် စစ်ကောင်စီအရာရှိများက ဖိအားပေးခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံး၌ အစည်းအဝေးခေါ်ယူကာ AAကို အကြမ်းဖက်အဖွဲ့အဖြစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကြရန်၊ ယင်းသို့မလုပ်ပါက နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်းနှင့် ဒုက္ခသည်များအား ပိုမိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်သွားမည်ဟု ဖိအားပေးခဲ့ကြောင်း စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

အာရက္ခတပ်တော်(AA)ကလည်း ရခိုင်စစ်မြေပြင်၌ စစ်ရှုံးနေသည့်စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခဖန်တီးရန် အရှိန်မြင့်လုပ်နေပြီး အဆိုပါအခြေအနေကို အထူးသတိပြုကြရန် သတိပေးထားသည်။

” အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ အစွန်းရောက် အကြမ်းဖက်မူဆလင်စစ်သွေးကြွ တချို့ကို စစ်သင်တန်းပေး၊ လက်နက်တွေတပ်ဆင်ပေးနေပါတယ်။ ဒီလက်နက်

ကိုင်တွေကို ဘူးသီးတောင်မြို့တွင်း နှင့်ဆက်စပ်ရွာတချို့မှာ တပ်ဖြန့်ချထားပြီးတော့ ရခိုင်မုန်းတီးရေး ညာသံပေး အော်ခိုင်းနေတာတွေ့ရှိ ပါတယ်” ဟု AAပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဧပြီလ ၁၃ရက်တွင် သတိပေးပြောကြားထားသည်။

ထို့အပြင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)ကလည်း စစ်ကောင်စီသည် ရိုဟင်ဂျာများကို ခြိမ်းခြောက်ဖိအားပေးပြီး အတင်းအကြပ်စစ်သားစုဆောင်းကာ AAနှင့်တိုက်ပွဲများတွင် အသုံးချနေကြောင်း စစ်တမ်းထုတ်ပြန်သတိပေးထားသည်။

ဘူးသီးတောင်နှင့်မောင်တောမြို့ရှိ စစ်ကောင်စီစခန်းများကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နယ်ခြား‌​စောင့်စခန်းချို့အပါအဝင် စစ်ကောင်စီစခန်းအများအပြားကိုသိမ်းယူထားသည်။ လတ်တလောတွင်ဘူးသီးတောင်ခြေစိုက် စကခ(၁၅)နှင့် ခမရ (၅၅၁)တပ်ရင်းကို AAက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေသည်။စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြုခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်အခြေစိုက်စစ်ကောင်စီတပ်သည် AA၏ ထိုးစစ်ဆင် တိုက်ခိုက်လာမည့် အရေးမှရှောင်လွှဲရန် ဘူးသီးတောင်မြို့ပေါ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ရန် ရခိုင်လူမျိုးပိုင် နေအိမ်များကို မီးရှို့ပြီး သွေးထို့လှုံ့ဆော်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသအခြေစိုက်သတင်းဌာနများက ရေးသားသတိပေးထားသည်။

” မူဆလင်တွေအားလုံးစစ်ကောင်စီနှင့်ပူးပေါင်းတာတော့မဟုတ်ပါဘူး။ သမာသမတ်ရှိတဲ့ မူဆလင် ဘာသာရေးခေါင်းဆောင်တွေအနေနှင့် အမှန်တရားကိုပြောပြီးတော့သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လိုတော့ ယုံကြည်ပါတယ်” ဟုခိုင်သုခက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။