Connect with us

Hi, what are you looking for?

သတင်း

သရက်ကုန်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဘုန်းကြီးကျောင်းများသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

(လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)
(လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)

အင်ကြင်း/ People’s Spring

ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းများသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီ (၂၁)ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်များတွင် တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ဧပြီ(၂၂)တွင် သတင်းထုတ်ပြန်သည်။

(လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)
(လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)

ထိုသို့လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သည် သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ (၃)ကြိမ် ၊ ဇာလီကျေးရွာ ဘုန်းကြီးကျောင်းသို့ (၂)ကြိမ် နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ (၂) ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာ ဘုန်းကြီးကျောင်းများသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း MDY PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုနေ့က နံနက်စော ၃နာရီခန့်ကစ၍ လက်နက်ကြီးပစ်ခတ်သံများကြားရပြီး သရက်ကုန်းရွာအခြေစိုက် စစ်ကောင်စီစခန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF)က သိမ်းပိုက်ထားမှုအပေါ် ပြန်လည်ရယူရန် ပြင်ဦးလွင်မြို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ် နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

(လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)
(လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)

ဧပြီ (၁၄)ရက်ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး(၂၀)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ DSA ကျောင်းဝင်းအတွင်းမန္တလေး PDFက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် နောက်တရက် ဧပြီ(၁၅)ရက်နေ့တွင် သရက်ကုန်းရွာစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်အထိနာခဲ့ကာ အလောင်း ၂၀ကျော်နှင့် လက်နက်မျိုးစုံ ၄၀ကျော် သိမ်းပိုက်ရရှိခဲ့ဟု မန္တလေး PDFက သတင်းထုတ်ပြန်ထားသည်။

“တိုက်ပွဲကတော့ တော်တော်ပြင်းထန်ခဲ့တယ်။ တစ်နေကုန် ကြာခဲ့တယ်။လေကြောင်းတိုက်ခိုက်မှုလဲ (၅)ကြိမ်ရှိခဲ့တယ်။ ကျွန်တော်တို့က စစ်ကူစစ်ကြောင်းတွေကိုပါ ဖြတ်တောက်တိုက်ခိုက်လိုက်နိုင်တယ်။ ရန်သူဘက်ကတော့ ထိခိုက်မှုတော်တော်များနိုင်ပါတယ်။သိမ်းဆည်းရမိတဲ့အလောင်းကိုက (၂၁)လောင်း ရှိပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တ​လေး ​ပြောခွင့်ရပုဂ္ဂိုလ် ကို​အော်စမွန်က​ပြောထားသည်။

(လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)
(လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)

စစ်ကောင်စီတပ်သည် သရက်ကုန်းကျေးရွာတွင် သာသနာ့နယ်မြေဖြစ်သော စေတီပေါ်နှင့်စာသင်ကျောင်းတွင် အခိုင်အမာတပ်စွဲခံစစ်ပြင်ထားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်စပ်ရှိ ကျောက်မဲလေးကျေးရွာ၌လည်း တအာင်းတပ်(TNLA)၊မန္တလေး PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ အခုတိုက်ပွဲဖြစ်ပွားနေသော သရက်ကုန်းကျေးရွာသည် အဆိုပါ ကျောက်မဲလေးကျေးရွာ အနီးတွင် တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။