Connect with us

Hi, what are you looking for?

သတင်း

ဆင်ဘိုမြို့ရှိ ခလရ(၁၄၁)တပ်ရင်းကို KIA၊ PDF သိမ်းယူပြီး နယ်မြေရှင်းလင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

ဆင်ဘိုမြို့ရှိ ခလရ(၁၄၁)တပ်ရင်းကို KIA၊PDF သိမ်းယူပြီး နယ်မြေရှင်းလင်း
ဆင်ဘိုမြို့ရှိ ခလရ(၁၄၁)တပ်ရင်းကို KIA၊PDF သိမ်းယူပြီး နယ်မြေရှင်းလင်း

▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှူများ၊ ဟိုပင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

▪️တပ်ရင်းမှူးအပါအဝင် စစ်​ကောင်စီတပ် ​သေဆုံးသူ ၁၀၀ နီးပါးရှိ

ဇော်ရမ်း၊ဆန်အောင်/People’s Spring

ကချင်ပြည်နယ် ဆင်ဘိုမြို့ရှိ ခလရ (၁၄၁) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်တော် (KIA)နှင့် KPDFပူးပေါင်းတပ်က တိုက်ခိုက် သိမ်းယူပြီးနောက် ဟိုပင်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

” ၄‌၀ထဲကနေ ပစ်နေတာ။ မရပ်မနား ပစ်နေတာ။ မြို့ပေါ်ကို ကျော် ကျော်သွားတယ်။ ဆင်ဘိုကို ပစ်နေတာ။ဆင်ဘိုက KIA က ရသွားပြီ” ဟု ဟိုပင်မြို့ခံတစ်ဦးက ပြောသည်။

ဟိုပင်မြို့ရှိ ခလရ(၄၀)တပ်က ဆင်ဘိုမြို့သို့ လက်နက်ကြီးဖြင့် လှမ်းပစ်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆင်ဘိုမြို့ရှိ ခလရ(၁၄၁)တပ်ရင်းကို KIA၊PDF သိမ်းယူပြီး နယ်မြေရှင်းလင်း
ဆင်ဘိုမြို့ရှိ ခလရ(၁၄၁)တပ်ရင်းကို KIA၊PDF သိမ်းယူပြီး နယ်မြေရှင်းလင်း

ဆင်ဘိုမြို့ခလရ (၁၄၁)တပ်ရင်းကို KIAနှင့် KPDFပူးပေါင်းတပ်က ယမန်နေ့ (ဧပြီ ၂၈ရက်)ညနေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့( ဧပြီ ၂၉ရက်) နံနက် ၈နာရီခန့်တွင် နယ်မြေ ရှင်းလင်းပြီးဖြစ်ကြောင်း၊ လက်နက်ခဲယမ်းအများအပြားလည်း ရရှိကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဗျူဟာအရ သိပ်ကိုအရေးပါတဲ့ နေရာကို သိမ်းတာ။ခလရ (၁၄၁)တပ်စခန်းက ဟဲဗီးကြီး။ ပတ်ဝန်းကျင်မှာ သတ်ကွင်းတွေချည်းပဲ။ ဧရာဝတီမြစ်ကြောင်းကိုပါ စိုးမိုးထားတဲ့စခန်း” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၄၁)တပ်ရင်းကို KIAနှင့် KPDF ပူးပေါင်းတပ်ကပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် ဆင်ဘိုမြို့ကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မတ်လနှင့် ဧပြီလတွင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခုအခါအပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဟု သတင်းရရှိသည်။

အဆိုပါ တပ်ရင်းသည် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လုံခြုံရေးအတွက် အရေးပါသည့် တပ်ရင်းဖြစ်ပြီး စစ်ကောင်စီဘက်က အသေခံခုခံတိုက်ခိုက်ခဲ့၍ အကြိမ်ကြိမ်ထိုးစစ်ဆင်ပြီးခက်ခဲစွာ သိမ်းယူရသည့် တပ်ရင်းဖြစ်သည်။

” ချေမှုန်း(စစ်ကောင်စီတပ်များ ထွက်ပြေးခြင်းမဟုတ်ဘဲ သေဆုံးခဲ့)နိုင်ခဲ့တာပါ။ တပ်ရင်းမှူးပါ သေသွားတယ်။ စခ တွေလည်း အသေခံတိုက်ကြတာဆိုတော့ တော်တော်များများ သေကြတယ်။ သေတာ ၁၀၀နီးပါးရှိမယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

“ ဆင်ဘိုနဲ့ ပတ်သက်လို့ ကျနော်တို့ တရားဝင်မကြားရသေးဘူး။ တိုက်ပွဲဖြစ်တာတော့ မှန်ပါတယ်။ ဆိုရှယ်မီဒီယာမှာကတော့ သိမ်းနိုင်ပြီလို့ ပြောကြတယ်။ ဒါပေမဲ့ ကျနော်ဆို့ဆီမှာ ကွန်ဖန်းကတော့ မဖြစ်သေးဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီသည် ဟိုပင်မြို့ ခလရ(၄၀)မှနေ၍ ဆင်ဘိုမြို့သို့ ယနေ့ နံနက် ၅နာရီခန့်မှစ၍ လက်နက်ကြီး သုံးပစ်ခတ်နေခြင်းဖြစ်ပြီး ယခုသတင်းရေးသားချိန် နံနက် ၁၀နာရီခွဲခန့်အထိ ပစ်ခတ်နေခြင်းဖြစ်သည်။

” ဒီကောင်တွေက လူထုတင်မကဘူး ကိုယ့်အချင်းချင်းလည်း ထိချင်ထိပစေဆိုပြီး ရမ်းပစ်နေတာ။စဉ်းစားဉာဏ်မရှိဘူး”ဟုဒေသအခြေစိုက် PDF ရဲဘော်တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်တွင်မှ ရွာအဖြစ်မှ မြို့အဖြစ် အဆင့်မြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ တစ်​သောင်း​ကျော်​နေထိုင်သည်။ ဧရာဝတီမြစ်ကမ်း​ဘေး မြို့ဖြစ်သည်။

ခလရ (၁၄၁)သည် ​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၏​တောင်ပိုင်းလုံခြုံ​ရေး အဓိက တာဝန်ယူထား​သောစခန်းဖြစ်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။