Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ်တွင် အိမ်စီးကားဖြင့်လာသော ရဲများတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ခြောက်ဦးသေဆုံး

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)

▪️သေနက် ၆လက်နှင့် ခဲယမ်းများသိမ်းဆည်းရ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပရိုဘောက် ကားဖြင့်ထွက်လာသော ရဲများ တိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ယာဉ်ပေါ်ပါ ရဲခြောက်ဦးလုံး သေဆုံးကာ သေနက် ၆လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (မေလ ၁၇ရက်) နံနက် ၆နာရီခန့်က ယင်းမာပင်မြို့နယ် အောင်ဇေယျကုန်းအနီး သီတဂူကျောင်းမှ ထွက်လာသော ရဲများလိုက်ပါလာသည့် ပရိုဘောက် ယာဉ်တစ်စီးအား ဒေသတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။

(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)
(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရဲကင်းစခန်းမှူး ဒုရဲအုပ်ရဲဌေးဦး အပါအဝင် ခြောက်ယောက် တိုက်ပွဲဖြစ်ရာ နေရာမှာတင် သေသွားပါတယ်”ဟု မဟာမိတ်တပ်ပေါင်းစု၏ သတင်း​နှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲများထံမှ G3 သေနက် သုံးလက်၊ M16 တစ် လက် ၊ HK33 တစ်လက် ၊ Uzi တစ်လက် ၊ ၅ ဒသမ ၅၆ ကျည် ၁၆၅ တောင့်၊ G3ကျည်ဆံ၂၃တောင့်၊ အူဇီ ကျည်ဆံ ၁၀တောင့်၊ ဖုန်းတစ်လုံးသိမ်းဆည်းနိုင်ခဲ့ကြောင်း ချိုမိုင်မိုင်ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

“ကားကတော့ မောင်းမရလို့ မယူခဲ့ရပါဘူးဗျ။

သီတဂူကျောင်းအထိုင်စခန်းနဲ့ မီတာ ၃၀၀ပဲဝေးသာမို့ စစ်ကူလာဖို့ မြန်တာကြောင့် လျင်လျင် မြန်မြန် နဲ့ မစ်ရှင်ဖော်ဆောင်ခဲ့ရပါတယ်။”ဟု မဟာမိတ်တပ်ပေါင်းစု၏ သတင်း​နှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် တော်လှန်ရေး ရဲဘော်တစ်ဦးဝမ်းဗိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)
(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)

အဆိုပါ ရဲများသည် မုံရွာ – ပုသိမ်လမ်းဆုံ၌ ခရီးသွားပြည်သူများအား ဆက်ကြေးကောက်ရန် ထွက်လာချိန် အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးကို၂လနီးပါးကြိုတင် ပြင်ဆင်ခဲ့ပြီး အထူးကွန်မန်ဒို ၁၅ဦးဖြင့် ၁၀မီတာအကွာအဝေးမှ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

တိုက်ခိုက်ခဲ့သည့်နေရာသည် စစ်ကောင်စီ အထိုင် စခန်း(၃)ခုဖြစ်သည့် အောင်ဇေယျစစ်မှုထမ်းဟောင်း (တပ်ကုန်း)၊ရဲတပ်ရင်း(၂၈)၊သီတဂူကျောင်း အထိုင်စခန်း သုံးခုကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးကို ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစုက ဦးဆောင်၍ Dragon Brother Task Force-DBTF(နဂါးညီနောင်အထူးတပ်ဖွဲ့)နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။