Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ်တွင် အိမ်စီးကားဖြင့်လာသော ရဲများတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ခြောက်ဦးသေဆုံး

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)

▪️သေနက် ၆လက်နှင့် ခဲယမ်းများသိမ်းဆည်းရ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပရိုဘောက် ကားဖြင့်ထွက်လာသော ရဲများ တိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ယာဉ်ပေါ်ပါ ရဲခြောက်ဦးလုံး သေဆုံးကာ သေနက် ၆လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (မေလ ၁၇ရက်) နံနက် ၆နာရီခန့်က ယင်းမာပင်မြို့နယ် အောင်ဇေယျကုန်းအနီး သီတဂူကျောင်းမှ ထွက်လာသော ရဲများလိုက်ပါလာသည့် ပရိုဘောက် ယာဉ်တစ်စီးအား ဒေသတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။

(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)
(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရဲကင်းစခန်းမှူး ဒုရဲအုပ်ရဲဌေးဦး အပါအဝင် ခြောက်ယောက် တိုက်ပွဲဖြစ်ရာ နေရာမှာတင် သေသွားပါတယ်”ဟု မဟာမိတ်တပ်ပေါင်းစု၏ သတင်း​နှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲများထံမှ G3 သေနက် သုံးလက်၊ M16 တစ် လက် ၊ HK33 တစ်လက် ၊ Uzi တစ်လက် ၊ ၅ ဒသမ ၅၆ ကျည် ၁၆၅ တောင့်၊ G3ကျည်ဆံ၂၃တောင့်၊ အူဇီ ကျည်ဆံ ၁၀တောင့်၊ ဖုန်းတစ်လုံးသိမ်းဆည်းနိုင်ခဲ့ကြောင်း ချိုမိုင်မိုင်ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

“ကားကတော့ မောင်းမရလို့ မယူခဲ့ရပါဘူးဗျ။

သီတဂူကျောင်းအထိုင်စခန်းနဲ့ မီတာ ၃၀၀ပဲဝေးသာမို့ စစ်ကူလာဖို့ မြန်တာကြောင့် လျင်လျင် မြန်မြန် နဲ့ မစ်ရှင်ဖော်ဆောင်ခဲ့ရပါတယ်။”ဟု မဟာမိတ်တပ်ပေါင်းစု၏ သတင်း​နှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် တော်လှန်ရေး ရဲဘော်တစ်ဦးဝမ်းဗိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)
(သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစု)

အဆိုပါ ရဲများသည် မုံရွာ – ပုသိမ်လမ်းဆုံ၌ ခရီးသွားပြည်သူများအား ဆက်ကြေးကောက်ရန် ထွက်လာချိန် အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးကို၂လနီးပါးကြိုတင် ပြင်ဆင်ခဲ့ပြီး အထူးကွန်မန်ဒို ၁၅ဦးဖြင့် ၁၀မီတာအကွာအဝေးမှ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

တိုက်ခိုက်ခဲ့သည့်နေရာသည် စစ်ကောင်စီ အထိုင် စခန်း(၃)ခုဖြစ်သည့် အောင်ဇေယျစစ်မှုထမ်းဟောင်း (တပ်ကုန်း)၊ရဲတပ်ရင်း(၂၈)၊သီတဂူကျောင်း အထိုင်စခန်း သုံးခုကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးကို ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစုက ဦးဆောင်၍ Dragon Brother Task Force-DBTF(နဂါးညီနောင်အထူးတပ်ဖွဲ့)နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

သတင်း

စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ

သတင်း

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်