Connect with us

Hi, what are you looking for?

သတင်း

ဖူ့ချိမူစခန်းသိမ်းတိုက်ပွဲမှ ဒေသခံများသတ်ပြီး ထိုင်းနိုင်ငံထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၃ဦးအနက် ဒဏ်ရာရသူခြောက်ဦးအား ထိုင်းက ဆေးကုမပေးဘဲ ပြန်ပို့ဟုဆို

၂၇ နှစ်အကြာတပ်စွဲထားပြီး အင်အား ၁၀၀ခန့် ရှိသည့် ဖူ့ချီမူတပ်စခန်းကို မေလ ၁၉ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်စဥ် စစ်ကောင်စီတပ်သား ၃၃ဦးမှာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့သည်။

(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - SOF)
(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - SOF)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဖိုးချိမှူး(ဖူ့ချိမူ)စခန်းသိမ်းတိုက်ပွဲမှ ဒေသခံများသတ်ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်းထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၃၃ဦးအနက် ဒဏ်ရာရသူခြောက်ဦးအား ထိုင်းအာဏာပိုင်များက ဆေးကုသမှုမပေးဘဲ ပြန်ပို့လိုက်ကြောင်း သတင်းရရှိသည်။

၂၇ နှစ်အကြာတပ်စွဲထားပြီး အင်အား ၁၀၀ခန့် ရှိသည့် ဖူ့ချီမူတပ်စခန်းကို မေလ ၁၉ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်စဥ် စစ်ကောင်စီတပ်သား ၃၃ဦးမှာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့သည်။

ထို့သို့ ထွက်ပြေးစဥ် လမ်း၌တွေ့သော လမ်း၌တွေ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးအား သတ်ဖြတ်သွားခဲ့သည်။အဆိုပါ စစ်ကောင်စီတပ်သား ၃၃ဦးအနက် ‌‌ဒဏ်ရာပြင်းထန်ရရှိသူ ခြောက်ဦးပါရှိပြီး ၎င်းတို့ကို ထိုင်းအာဏာပိုင်များက ဆေးကုသမှုမပေးဘဲ မေလ ၂၆ရက်တွင် မြဝတီမြို့သို့ ပို့ဆောင်လိုက်သည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” ဆေးကုမပေးဘဲပြန်ပို့တာလို့ သိရတယ်။ ဒဏ်ရာတွေကလည်း ခြေပြတ်၊လက်ပြတ်တွေနဲ့ ပြင်းတော့ ကုမပေးတာထင်တယ်။ မနေ့ညနေက ပြန်ပို့တယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၃၃ဦးသည် ထိုင်းနိုင်ငံအတွင်းသို့ အသုတ်ခွဲ၍ ဝင်ရောက်လာခြင်းဟု ၎င်းက ဆက်ပြောသည်။

သို့သော် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများက လမ်း၌တွေ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးအား သတ်ဖြတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆေးခန်းလာပြတာပေါ့။ သူ့ကိုလိုက်ပို့တဲ့ ဆိုင်ကယ်ကယ်ရီသမားဦးလေးရော။ အသက်(၂၀)အရွယ်ရွားသားတစ်ဦးရော နှုတ်ပိတ်တဲ့အနေနဲ့ သတ်သွားတာ”ဟု ကော့ကရိတ်မြို့ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။

ဖူ့ချီမူတပ်စခန်းကို လအတန်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မေလ ၁၉ရက် နံနက်တွင် ဒုတပ်ရင်းမှူး ရန်အောင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ – SOFတပ်ဖွဲ့က မေလ ၂၅ရက်တွင် ထုတ်ပြန်သည်။ထို့အပြင် စခန်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ရှိရဟု အသိပေးသည်။

ယခု သိမ်းပိုက်ခဲ့သည့် ဖူ့ချိမှုစခန်း၏ မြောက်ဘက်ရှိ ကျိုက်ဒုံမြို့အခြေစိုက်စစ်ကောင်စီဗျူဟာကုန်းစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်က မတ်လလယ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ထိုစဉ်ကလည်း ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ဦးလက်နက်ချ အညံ့ခံခဲ့သည်။

ထိုင်း – မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာအနီးတွင်ရှိ အင်အား ၁၀၀ခန့်ရှိသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ-၅၅၈)၊(ခမရ-၅၆၁)နှင့် ခြေလျင်တပ်ရင်း(ခလရ-၉၉၃)တို့ အထိုင်ချတပ်စွဲထားသော ဖူ့ချိမူတပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။