Connect with us

Hi, what are you looking for?

သတင်း

လူနဲ့အတွေ့မှာ ကြမ္မာငင်ခဲ့တဲ့ ဝက်ဝံ

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။

(ဝက်ဝံ​သေ နှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဝက်ဝံ​သေ နှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ယောနသံ/People’s Spring

ရခိုင်ရိုးမား နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ မဲဇလီရွာထဲသို့ ရောက်ရှိလာသည့် ရှားပါးဝက်ဝံတစ်ကောင်သည် ဒေသခံများအားတိုက်ခိုက်သည်ဟုဆိုကာ သတ်ဖြတ်ခံလိုက်ရသည်။

အရပ် ၆ပေခန့် အနည်းဆုံးရှိသည် ဝက်ဝံအထီးတစ်​ကောင်သည်မဲဇလီရွာထဲသို့ ဇွန်လ ၁၀ရက်က ရောက်ရှိလာခြင်းဖြစ်သည်။ ‌ဒေသခံများနှင့် ထိပ်တိုက်တွေ့ပြီး လူနှင့်ဝက်ဝံပဋိပက္ခဖြစ်ခဲ့သည်ဟု မြို့ခံတဦးကပြောသည်။

ဝက်ဝံ၏ တိုက်ခိုက်မှုကြောင့် ‌မဲဇလီရွာဒေသခံသုံးဦး ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

(ဝက်ဝံ​သေ နှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဝက်ဝံ​သေ နှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

“မဲဇလီရွာထဲ ဝင်ကိုက်တာ။ သူကလည်း လူတွေကိုကြောက်။ လူတွေကလည်း သူ့ကိုကြောက်နဲ့ နောက်ဆုံးလူအုပ်ကပဲ အနိုင်ယူသွားတယ်။ သတ်ပစ်လိုက်ကြတယ်”ဟု ကြံ့ခင်းမြို့ခံတစ်ဦးကပြောသည်။

ကြံ့ခင်းမြို့နယ်သည် ရခိုင်ရိုးမနှင့် ထိစပ်နေသည်။ ယခု ဝက်ဝံသည် ရခိုင်ရိုးမဘက်မှ ဆင်းလာခြင်းဟု ဒေသခံအချို့ကသုံးသပ်သည်။

“အရင်က မတွေ့ဘူးမကြားဘူးတဲ့ ဖြစ်ရပ်ပဲ။ ရခိုင်ဘက်က တိုက်ပွဲတွေကြောင့် နယ်ကျွံလာတာလို့ထင်တယ်”။

ဧရာဝတီတိုင်းအတွင်း ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ ဥသျှစ်ပင်မြို့တို့သည် လတ်တလောတိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ရခိုင်ရိုးမခြားလျက်တည်ရှိသည်။

လူများအား တိုက်ခိုက်၍ဝက်ဝံကိုသတ်ဖြတ်ရှင်းလင်းလိုက်သည့်အကြောင်းကို ဒေသခံတဦး လူမှုကွန်ရက်တွင်ရေးသားထားပြီး ချက်စားပစ်မည်ဟုလည်း ပြောဆိုထားသည်။

ဝက်ဝံသည် ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေအရ ထိန်းသိမ်းရန် တာဝန်ရှိသည့် တောရိုင်းတိရစ္ဆာန်ဖြစ်သောကြောင့် ယခုကဲ့သို့ သတ်ဖြတ်လိုက်သည်အပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူအချို့က ပြင်းပြင်းထန်ထန်ဝေဖန်ကြသည်။

“ရွှေ့ပြောင်းတောင်ယာတွေခုတ်၊ တောတွေမီးရှို့၊ ဝါးတောတွေရှင်း၊ တောကိုလုပ်ချင်တိုင်းလုပ်ဝင်ချင်သလိုဝင်နေချင်သလိုနေနေတော့ အသံမထွက်ကြဘူး။ တောရိုင်းကောင်က ပြန်ကိုက်ရင်အသံလေးကထွက်လာပြီ။ အကိုက်ခံရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် တောရိုင်းတိတွေအတွက် Rightsမှမရှိတာ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားသည်။

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။

သို့​သော်ဝက်ဝံသေအား မည်သို့ဆက်လက်လုပ်ကိုင်သည်ကို မသိရှိရသေးပေ။ သတ်ဖြတ်သူများအား တရားစွဲရန်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူအချို့က တောင်းဆိုနေကြခြင်းလည်းရှိသည်။

ဝက်ဝံ များသည်၂၀၂၀ ပြည့်နှစ်မှာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေ ပုဒ်မ ၃၇(က)အရ လုံးဝကာကွယ်ထားသည့်တောရိုင်းတိရစ္ဆာန် (Completely protected species) အဖြစ် သတ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ်ရောင်းချသူများ၊ ပါဝင်ကျူးလွန်သူအားလုံးကိုထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးတက်လာတဲ့ စစ်တပ်အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။