Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်မှာအထိုင်ချပြီး ရခိုင်ရိုးမတက်ဖို့ကြိုးပမ်းမယ့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ-၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပေါ် တာဆွဲထားတဲ့ စစ်မှုထမ်းတပ်သား(ပစ) အများအပြားကို အသုံးချကာ မင်းတုန်းမြို့နယ်အတွင်းက ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ် ၃၁ ရက်မှာ ကြိုးဝကျေးရွာအတွင်း ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုး၀ က မင်းတုန်းရဲ့ အနောက်တောင်ခြမ်းလောက်မှာရှိတာပါ။ရခိုင်ရိုးခြေနဲ့က ဆက်စပ်ပါတယ်။ရခိုင်းရိုးဘက်ကိုသွားတဲ့လမ်းပိုင်းပေါ်မှာရှိတာပေါ့နော်။အခု တိုက်ပွဲသတင်းမတိုင်ခင် ထုတ်ပြန်ခဲ့တဲ့ စက်တင်ဘာလက တိုက်ပွဲက အခု စစ်ကြောင်းပါပဲ။စစ်ကြောင်းက ကြိုး၀ကျေးရွာမှာ ထိုင်ခဲ့တာပေါ”လို့ အထက်ပါတာ၀န်ရှိသူက တိုက်ပွဲဖြစ်စဉ်နဲ့ နယ်မြေအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

၁လကျော် အထိုင်ချတပ်စွဲထားတဲ့ အင်အား (၁၅၀)၀န်းကျင်ပါ စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့ပြီး လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခဲ့မှုတွေကြောင့် ကြိုးဝကျေးရွာမှာ မနေသာတော့ဘဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ အသိပေးပါတယ်။

အဲဒီပြန်ဆုတ်လာတဲ့စစ်ကြောင်းကို အောက်တို ဘာ ၃ ရက် မနက် ၆ နာရီခန့်က စောင့်ကြို မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ထိတွေ့မှု ၁၀ မိနစ်နီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း စစ်တပ်အထိနာပြီး သေဆုံးသူတွေကို မြေမြုပ် ၊ ဒဏ်ရာရသူတွေကို ထမ်းပိုးကာ မင်းတုန်းမြို့ဘက်ကို ဆုတ်ခွာသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြိုးဝကျေးရွာအတွင်း စစ်တပ်အထိုင်ချတပ်စွဲထားစဉ် တစ်လကျော်အတွင်း လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၁)ကြိမ် ၊ ထိတွေတိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိကာ ရဲဘော် ၁ ဦး အသက်ပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းတွေ ဖြန့်ခွဲပြီးထိုးစစ်ဆင်နေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့လပိုင်းကလည်း ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင် နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ နှစ်ရက်ဆက်အပြင်း အထန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်သားအလောင်း၃၀ကျော်ရပြီးစစ်တပ်စစ်ကြောင်းနောက်ပြန်ဆုတ်သွားရတယ်လို့ အာရက္ခ တပ်တော်က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းအများအပြားကိုသိမ်းဆည်းရရှိပြီး သေဆုံးတဲ့ စစ်သားတွေရဲ့ရုပ်လောင်းတွေနဲ့ သိမ်းဆည်းနိုင်ခဲ့တဲ့လက်နက်ခဲယမ်းတွေကို AAက စက်တင်ဘာ ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မင်းတုန်းမြို့ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေဟာ တပ်မ(၅၅)လက်အောက်ခံစစ်ကြောင်းတွေဖြစ်ပါတယ်။စက်တင်ဘာလဆန်းတိုက်ပွဲမှာလည်တပ်မ (၅၅)လက်အောက်ခံတပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်။ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တိုက်ပွဲမှာသေဆုံးတဲ့သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသား ထားကြပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်နေတာကြောင့် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယ​နေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Trending

Facebook