Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီသည် လေကြောင်းမှတိုက်ခိုက်သလိုတောင်ကုတ်မြို့ ပန်းမြောက်တောင်တွင်တပ်စွဲထားသည့်အမြောက်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

(ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား ၂၀၁၈က တွေ့ရစဉ်။ ဓာတ်ပုံ - EPA)
(ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား ၂၀၁၈က တွေ့ရစဉ်။ ဓာတ်ပုံ - EPA)

ယောနသံ/People’s Spring

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာသုံးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

တောင်ကုတ်မြို့နယ်ရှိ မီးချောင်းထိုး၊ မောင်းကန်နှင့် ကင်းတောင်ကျေးရွာတို့ကို ယနေ့(ဇွန်လ ၁၅ ရက်) နေ့လယ် ၁နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

” တိုက်ပွဲမရှိဘဲပစ်သွားတာ။ ဖုန်းလိုင်းလည်းရုတ်တရက်ပျက်သွားပြီ။ ဘယ်ဖုန်းမှဆက်လို့မရတော့ဘူး”ဟု အဆိုပါမြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် လေကြောင်းမှတိုက်ခိုက်သလိုတောင်ကုတ်မြို့ ပန်းမြောက်တောင်တွင်တပ်စွဲထားသည့်အမြောက်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

” တစ်ဖက်သတ်ပစ်ခတ်သံတွေကြားနေရတာ။ အရပ်သားထိခိုက်မှု သတင်းတွေမကြားရသေးဘူး။ အရပ်သားတွေအတွက် စိတ်ပူစရာအခြေ အနေဖြစ်ပါတယ်”ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ (ဇွန်လ ၁၄ ရက်) ညနေကလည်း တောင်ကုတ်မြို့နယ်အတွင်းရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့ပေါ်တွင် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅) ၊ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းတို့ တည်ရှိသည်။ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်မည်ဟူသောသတင်းများကြောင့် စစ်ကောင်စီက စစ်ရေးပြင်ဆင်နေကာ ရမ်းသမ်းပစ်ခတ်နေခြင်းဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ဇွန်လ ၁၃ရက်က တောင်ကုတ် မြို့နှင့် (၈)မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်းတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တောင်ကုတ်မြို့ခံအများစုသည် နေရပ်စွန့်ခွာစစ်ဘေးရှောင်သွားကြပြီး ငွေကြေးမတတ်နိုင်သူများ အခက်အခဲရှိနေကြသည်ဟု ဒေသခံများကို ကိုးကား၍ နေရဉ္ဇရာသတင်းဌာန ဖော်ပြထားသည်။

ထို့အပြင် မောင်တော၊ အမ်းနှင့် သံတွဲမြို့များရှိ စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AAက ယမန်နေ့က သတင်းထုတ်ပြန်သည်။

တောင်ကုတ်နှင့်သံတွဲမြို့သည် နီးကပ်သည်။ သံတွဲမြို့နယ်တွင် ဧပြီမှစ၍ လက်ရှိအချိန်အထိဖြစ်ပွားသောတိုက်ပွဲများအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံးမှုများရှိခဲ့သည်။

စစ်‌တွေနှင့် ကျောက်ဖြူမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့နယ်များမှ ဒေသခံများအနေဖြင့် AAထိန်းချုပ်ဒေသများသို့ လာရောက်တိမ်းရှောင်နေကြရန် AAက လွန်ခဲ့သည့်လအနည်းငယ်ကစ၍ သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။