Connect with us

Hi, what are you looking for?

သတင်း

AA ထိန်းချုပ်မြို့များကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ၊ ပေါက်တောမြို့အား ယနေ့တိုက်ခိုက်မှု ပြည်သူ ၁၀ဦးဒဏ်ရာရ

စစ်ကောင်စီက လေကြောင်းနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်လာသည့် အပေါ် ယနေ့(ဇွန်လ ၁၁ရက်)တွင် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)

ဇော်ရမ်း/People’s Spring

အာရက္ခတပ်‌တော်(AA) ထိန်းချုပ်ထားသည့် မြို့များကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဆက်တိုက် ပြုလုပ် လာနေပြီး ပေါက်တောမြို့နယ်အား ယနေ့(ဇွန်လ ၁၁ရက်) တိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ၁၀ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ခဲ့ကြောင်းAAက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက လေကြောင်းနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်လာသည့် အပေါ် ယနေ့(ဇွန်လ ၁၁ရက်)တွင် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

ယနေ့ နံနက် ၉နာရီနှင့် ၉နာရီ ၃၅မိနစ်တွင် စစ်ကောင်စီက Y12 လေယာဉ်ဖြင့် ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာဘုန်းကြီးကျောင်းအနီး ဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအားဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ပြီး ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – AA)

၁၃ကြိမ်ထက်မနည်း ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ခြောက်ဦး၊အမျိုးသား လေးဦး စုစုပေါင်း ၁၀ဦး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

” စစ်တပ်က ဘာပြောပြော နားမဝင်တော့ဘူး။ ကျမတို့တစ်သက်လုံးရှာဖွေလာခဲ့တဲ့ဟာတွေ လိုက်ဖျက်ဆီးနေတာ” ဟု ပေါက်တောမြို့ခံတစ်ဦးက ပြောသည်။

ပေါက်တောမြို့သည် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များအားလုံး ထိခိုက်ပျက်စီးခဲ့ခဲ့ပြီးဖြစ်သည်။ ယခုအခါ တကျော့ပြန် လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာခြင်းဖြစ်သည်။

စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ မိုက်ရူးရဲဆန်နေသည့်စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မြို့ ၊ ရပ်ရွာများနှင့် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားကျေးရွာများရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာ များ၊ ဆေးရုံဆေးခန်း၊ စျေး၊စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူသွားလာလှုပ်ရှားရာ နေရာများအား ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ ပိုမိုပြုလုပ်လျက်ရှိကြောင်းလည်း AAက ဆိုသည်။

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာအနီးတွင် မေလ ၄ရက်မှ စတင်သည့် တိုက်ပွဲတွင်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ရန်ကြိုးပမ်းသည့် ဒေသခံများအား စစ်ကောင်စီက ထွက်ခွင့်မပေးဘဲ တားဆီးခဲ့ပြီးနောက် လေကြောင်းနှင့် လက်နက်ကြီးများ​ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆင်ခေါင်းရွာအား စစ်ကောင်စီ တိုက်ခိုက်မှုတွင် (၁)နှစ် (၃)လအရွယ် ကလေးငယ်အပါအဝင်အမျိုးသမီးငါးဦး၊ အမျိုးသားကိုးဦးသေဆုံးခဲ့ကြောင်းနှင့် အတည်မပြုနိုင်သေးသည့်သေဆုံးသူများကျန်ရှိနေသေးကြောင်း AA က ဇွန်လ ၁၀ရက်တွင်ထုတ်ပြန်ထားသည်။

ထို့အပြင် (၇)နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၂၄ဦး ဒဏ်ရာရခဲ့ပြီး အတည်မပြုနိုင်သေးသည့် ဒဏ်ရာရသူများလည်းရှိနေသေးသည်ဟု အသိပေးထားသည်။

နေအိမ်အလုံးရေ ၆၀လည်း လုံးဝပျက်စီးသွားကြောင်း AA က ဆိုသည်။

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာအား မေလ ၂၉ရက်တွင် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ကလေးငယ်များနှင့် အမျိုးသမီးအချို့အပါအဝင် အရပ်သား၇၆ဦးကို သတ်ဖြတ် ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အာရက္ခတပ်တော်(AA)၊ ကိုးကန့် တပ်မတော် (MNDAA)နှင့် တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)တို့ ထုတ်ပြန်ထားသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – AA)

စစ်ကောင်စီက စစ်ရာဇဝတ်မှုများ ဆက်လက်မကျူးလွန်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများမှကန့်ကွက်ရှုတ်ချခြင်း၊ ကျူးလွန်နေသည့်ဖြစ်ရပ်မှန်များကို ရယူတင်ပြခြင်းတို့ကို ဝိုင်းဝန်းပြုလုပ်ပေးကြရန်၊စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်

နေသည့် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များကို အမြန်ဆုံးအရေးယူဆောင်ရွက်ရန်၊ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအတွက် စစ်ကောင်စီ၏ မိုက်ရူးရဲဆန်သောလုပ်ရပ်များ၊ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် လုပ်ရပ်များကိုထိရောက်စွာ အကာအကွယ်ပေးရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာ အသိုင်းအဝိုင်းအား အထူးမေတ္တာရပ်ခံတောင်းဆိုကြောင်း MNDAAနှင့် TNLAက သဘောထားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။