Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တိုက်ပွဲ PDF ရဲဘော်သုံးဦးကျဆုံး

ယမန်နေ့ (ဇူလိုင် ၅ရက်)နံနက် ၃နာရီခန့်က ချောင်းဦးမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ ကံကြီးကုန်းရွာနှင့် ကင်မွန်းတော်ရွာရှိ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

(စစ်ကောင်စီတပ်က ဝယာအုပ်စုအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး‌နေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)
(စစ်ကောင်စီတပ်က ဝယာအုပ်စုအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး‌နေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပျူစောထီးကျေးရွာနှစ်ရွာအား ဝင်တိုက်နေချိန် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ခုနှင့် တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် သုံးဦးကျဆုံးကာ စစ်သားသုံးဦးလည်းသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်တော်လှန် ရေးတပ်- CRAအဖွဲ့ ၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၅ရက်)နံနက် ၃နာရီခန့်က ချောင်းဦးမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ ကံကြီးကုန်းရွာနှင့် ကင်မွန်းတော်ရွာရှိ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုအချိန် အမြင့်ရဲစခန်းမှ စစ်ကူရန်ထွက်လာသော စစ်ကောင်စီ၏ အင်အား ၃ဝခန့်ပါ ကွန်မန်ဒိုစစ်ကြောင်း နှစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CRAအဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်သား သုံးဦးသေဆုံးပြီး CRA တပ်ဖွဲ့မှ ရဲဘော်နှစ်ဦး၊ Farmers Revolution Force တပ်ရင်း(၈)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ကွန်မန်ဒိုတပ်စုဆိုတော့ လက်နက်အပြည့်အစုံပါတယ်။ ကျွန်တော်တို့က ခံစစ်ဆိုတော့ခံပစ်ရတာ။သူတို့ဘက်က RPGလေးချက်ထုတဲ့အချိန်မှာ ကျွန်တော်တို့ဘန်ကာ ပွင့်တယ်။ ရဲဘော်နှစ်ယောက်ဒဏ်ရာရတဲ့အချိန်မှာ ပစ်ဆုတ်ဆုတ်တာ။ ဒဏ်ရာရတဲ့သူတွေကြားကို (၆၀) မမလက်နက်ကြီးကျတာ။ အဲဒီမှာ သုံးယောက်ကျသွားတာ။”ဟု CRAအဖွဲ့၏ တာဝန်ခံက ပြောသည်။

သို့သော် ပျူရွာနှစ်ရွာ၏ ထိခိုက်မှုအခြေအနေမှာ မသိရသေးဘဲ အထိအခိုက်များနိုင်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ကလည်း လေကြောင်းမှပစ်ကူခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်သည် ဝယာအုပ်စုအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ကတိုက်ပွဲတွင် ကျည်အမြောက်အများသုံးစွဲခဲ့ရ၍ အကူအညီများလည်း လိုအပ်နေသည်ဟု CRA အဖွဲ့က ပြောသည်။

ချောင်းဦးနယ်အတွင်း တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သည် မုံရွာမြို့ဘက်မှ လက်နက်ကြီးပစ် ကူ ပစ်ခတ်ခဲ့ပြီး မုံရွာ – မန္တလေးလမ်းမကြီးကိုပါ ယာယီပိတ်ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ