Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်ပေါ်တိုက်ပွဲ အောင်ဇေယျစစ်ကြောင်းမှ အလောင်းနှစ်လောင်းနှင့် သေနတ်နှစ်လက်ရ

အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကြောင်းထိုးရှေ့တိုးလာခြင်းမရှိဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေခဲ့သည်။

(မြဝတီမြို့သို့ ချီတက်လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(မြဝတီမြို့သို့ ချီတက်လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)

မက်ကစံ/People’s Spring

ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ရှေ့တိုးရန်ကြိုးပမ်းလာ၍ ယမန်နေ့က တနေကုန်တိုက်ပွဲဖြစ်ပွားရာ အထိနာပြီး ပြန်ဆုတ်သွားကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁ရက်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ကာကင်းစခန်း ဆက်သွယ်ရေးမြောင်းအထိရောက်ရှိလာ၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စကစက တက်လာတော့ ‌တနေကုန်တိုက်ပွဲဖြစ်တယ်ပြောတယ်။ စကစရဲ့ အလောင်းနှစ်လောင်းနဲ့ သေနတ်၂လက်ကျန်ခဲ့တယ်ပြောတယ်။ ကိုဒါဘောပြောတာတော့ စကစအတော်လေးအထိနာတယ်ပြောတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကြောင်းထိုးရှေ့တိုးလာခြင်းမရှိဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေခဲ့သည်။

ဇွန်လ ၃ရက်ညက တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဇွန်လအတွင်း အင်အားအလုံးအရင်းဖြင့် ရှေ့တိုးရန်စစ်ကြောင်းထိုးလာခြင်းမရှိ​တော့ဘဲ အင်အား ၂၀ကျော်ဖြင့် ဟန်ပြစစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများသာ ပြုလုပ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ဆက်​ပြောသည်။

ထိုအပြင် တင့်ကားနှင့် ယာဥ်အန္တယားများတိုက်ခိုက်ဖျက်ဆီးခံရပြီးနောက်ပိုင်းတွင်လည်း ပါရှိသော တင့်ကားများနှင့် ယာဥ်များအား နောက်တန်းတွင်သာထားရှိပြီး လူအင်အား အနည်းငယ်ဖြင့်သာ စစ်ကြောင်းထိုးရန် ရှေ့တိုး၊နောက်ဆုတ်အ​ယောင်ပြပြုလုပ်​တော​ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ‌သေဆုံးမှု ၂၀၀ ကျော်အထိရှိနေပြီး အင်အား ၁,၀၀၀ခန့်ဖြင့် ချီတက်စစ်ကြောင်းထိုးလာသောသည် လက်ရှိတွင် တိုက်ခိုက်ရေးအဖြစ် အင်အား ၅၀၀ခန့်သာ ကျန်ရှိမည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

မြဝတီမြိုကို စစ်ကူပိုရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ဇွန်လ ၆ရက်က နှစ်လပြည့်ခဲ့ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။

အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြိုအား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား အမှတ်(၂) စစ်​ဒေသ(​​တောင်ပိုင်းတိုင်း) အမှတ်(၃)စစ်​ဒေသခွဲမှကွပ်ကဲပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။