Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအောင်ပွဲအတွက် ရဲရင့်ကြရန်နှင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန် KNDO စစ်ဦးစီးချုပ် တိုက်တွန်း

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် တော်လှန်ရေး၏ ကျောရိုးဖြစ်စေပြီး KNU၏ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာလာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

(ဇူလိုင် ၁၆ရက်တွင် ကျရောက်သော (၇၇) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့နေ့ အခမ်းအနား အား KNDO စစ်ဌာနချုပ် ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - ကေအဲန်ယူ)
(ဇူလိုင် ၁၆ရက်တွင် ကျရောက်သော (၇၇) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့နေ့ အခမ်းအနား အား KNDO စစ်ဌာနချုပ် ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - ကေအဲန်ယူ)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်များအနေဖြင့် မိမိတာဝန်များကို အသက်ပေးပြီး ကျေပွန်ကြရန် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေက တိုက်တွန်း ပြောကြားသည်။

ဇူလိုင် ၁၆ရက်က ကျင်းပသည့် (၇၇)နှစ်မြောက် KNDOနေ့အခမ်းအနားတွင် စစ်ဦးစီးချုပ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

” ကျနော်တို့သည် တိုင်းပြည်၊ အဖွဲ့အစည်း၏ အလံတော်အောက်မှာ ကတိသစ္စာပြုထားသော တပ်ဖြစ်တဲ့ အတွက် ကရင်အမျိုးသားတွေကို ဖိနှိပ်ခံရမှုမှ လွတ်မြောက်စေရန်နှင့် လာရောက်ဖျက်စီးခံရခြင်း ရန်မှ ကာကွယ်ရန်အတွက် ကေအဲန်ဒီအိုတပ်ဖွဲ့ဝင်တွေကို တိုက်တွန်းချင်တာကတော့ မိမိတာဝန်တွေကို တိတိကျကျလုပ်ဆောင်ရမယ်။ စိတ်အားတင်းထားကြရမယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် သေရင်သေပါစေ အသက်ပေးရရင် ပေးရမယ်။ ကျနော် တို့ နယ်မြေကို လာရောက်ပြီးတော့ ကရင်အမျိုးသား နယ်မြေတွေကို လာရောက်လုယူတာတွေကို ဒီအတိုင်းရပ်ကြည့်မနေတော့ဘူး။ ကျနော်တို့ နောက်မဆုတ်ဘူး”ဟု ဗိုလ်မှူးချုပ်စောရှီးလေက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲဘော်များအနေဖြင့် အောင်မြင်မှုရသည်အထိ မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဟုလည်း စစ်ဦးစီးချုပ်က မှာကြားသည်။

“လူကြီးတွေ ပြောတာက ကျနော်တို့ ရဲရင် ရန်သူတွေ နောက်ဆုတ်သွားမယ်။ ကျနော်တို့ နောက်ဆုတ်ရင် ရန်သူရဲမယ်။ငါတို့ကြောက် နေမယ်ဆိုရင် ရန်သူ အနိုင်ရလိမ့်မယ်။ မကြောက်ပဲ ရဲရင့်မယ်ဆိုရင် ရန်သူက ငါတို့ကို ကြောက်လိမ့်မယ်။ အဲတာကြောင့် ကေအဲန်ဒီအိုတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက နောက်မဆုတ်နဲ့၊ မကြောက်နဲ့၊ သေရမှာ မကြောက်နဲ့။ ဂုဏ်ရှိတဲ့သေခြင်းနဲ့ အလဟသ သေခြင်း ဘယ်တခုကိုရွေးမလဲဆိုတာ ဒီကနေ့ ဆုံးဖြတ်ရမှာဖြစ်တယ်”ဟု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ပြောသည်။

ထို့အပြင် အများအတွက်အသက်ပေးရခြင်း၊ တိုင်းပြည်အတွက် အသက်ပေးရခြင်းအတွက် နောင်လာနောင်သားများက အမှတ်ရနေကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” စစ်ဦးစီးချုပ်ဘိုမြပြောခဲ့တာရှိတယ်။ တော်လှန်ရေးဟာ သတ်ရဲရမယ်။ သေရဲရမယ်။ တိုက်ရဲ၊ သေရဲအနိုင်ယူရဲရမယ်။ အဲတာကြောင့် သတ်ရဲရမယ်။ သေရဲရမယ် လို့ ခေါင်းဆောင်နဲ့ ရဲဘော် အားလုံးကို ပြောချင်ပါတယ်”ဟု ဗိုလ်မှူးချုပ်စောရှီးလေက ပြောသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အား ၁၉၄၇ ဇူလိုင် ၁၆ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားများလွတ်မြောက်ရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကြိုးပမ်းမှုမှာ တချိန်တွင် လက်နက်ကိုင်တိုက်ပွဲအသွင်သို့ရောက်ရှိလာနိုင်သည့်အတွက် စစ်ဖက်ဆိုင်ရာအတွက် ကြိုတင် ပြင်ဆင်ခြင်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားများအသက်အား ကာကွယ်စောင့်ရှောက်ပြီး လုံခြုံမှုရရှိစေရန် ရည်ရွယ်ခဲ့သည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် တော်လှန်ရေး၏ ကျောရိုးဖြစ်စေပြီး KNU၏ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာလာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် KNDOတပ်ရင်း ရှစ်ရင်းရှိပြီး အာဏာသိမ်းစစ်ကောင်စီအား တော်လှန် တိုက်ခိုက်လျက်ရှိသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) လှုပ်ရှားနယ်မြေများ၌ ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ KNDO ပါဝင်သည့် တိုက်ပွဲ ၆၇၂ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၇၇ ဦး သေဆုံးပြီး ၁၃၃ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)မှ တပ်ဖွဲ့ဝင် ၂၃ဦး တိုင်းပြည်နှင့် လူမျိုးအတွက်အသက်ပေးခဲ့ရပြီး ၃၅ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။