Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၄)တပ်ဖွဲ့ဝင်များကို ဗိုလ်ကော်လာဖိုးဦးဆောင်သည့်အဖွဲ့က ထပ်မံခြုံခိုတိုက်ခိုက်

တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင်တွင် အခြားသော KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုး တပ်ဖွဲ့နှင့်သာ ပြဿနာဖြစ် နေသည်ဟု ပဒိုစောအယ်နားက ပြောသည်။

(KNLA တပ်မဟာ(၄)ပူးပေါင်းတပ်မှရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KKL)
(KNLA တပ်မဟာ(၄)ပူးပေါင်းတပ်မှရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KKL)

“ရန်သူ အင်အားနည်းတဲ့အချိန်မှာ သူတို့(KTLA ဗိုလ်ကော်လာဖိုးတပ်ဖွဲ့)က ရန်သူအတွက် အကူအညီပြန်ဖြစ်နေတယ်” – KNU ထားဝယ်ခရိုင်အတွင်းရေးမှူး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)အရာရှိများ လိုက်ပါလာသည့် ယာဉ်ကို ဗိုလ်ကော်လာဖိုး(ခ) ဗိုလ်အယ်ကွီးလ် ဦးဆောင်သည့် ကော်သူးလေတပ်(KTLA)က တိုက်ခိုက်ခဲ့၍ တပ်ဖွဲ့ဝင်အချို့ထိခိုက်မှုရှိခဲ့သည်ဟု KNUဘိတ် – ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဇူလိုင် ၁၃ရက်က KNU တပ်မဟာ(၄)မှ ဗိုလ်မှူး အဆင့်အရာရှိ အချို့လိုက်ပါလာသည့် ယာဉ်ကို ဗိုလ်ကော်လာဖိုးအဖွဲ့က ထားဝယ် – ထီးခိးလမ်းပိုင်း၌ စောင့်ကြိုပစ်ခတ်ခဲ့ရာ KNLAဘက်က ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ကော်လာဖိုးအဖွဲ့က KNU တစ်ခုတည်းအနှောက်အယှက်ဖြစ်တာ မကဘူး။ စစ်အာဏာရှင် တော်လှန်ရေးတစ်ခုလုံး အနှောက်အယှက်ဖြစ်နေတယ်။ ရန်သူ အင်အားနည်းတဲ့အချိန်မှာ သူတို့က ရန်သူအတွက် အကူအညီပြန်ဖြစ်နေတယ်။KNLA တပ်ဖွဲ့ ရန်သူနဲ့တိုက်နေတဲ့အချိန် သူတို့ အခွင့်အရေးယူတာ။ မိမိတို့ နယ်မြေဝင်လာပြီး မိမိတို့ အဖွဲ့ကိုခြုံခိုတိုက်ခိုက်နေတယ်”ဟု KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

KTLA တည်ထောင်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး KIC သတင်းဌာသို့ဖြေကြားထားရာ တိုက်ပွဲဖြစ်ရာ လမ်းပိုင်းကို မလာရန် KTLAဘက်က ပြောကြားခဲ့သော်လည်း နားမထောင်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံ KNDO တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သော်လည်း ဝေါ်လေဒေသ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခုနှင့်ပတ်သက်ပြီး KNU၏ စစ်ဆေးမှုကို မခံယူ၍ KNUမှ ထုတ်ပယ်ခံခဲ့ရပြီး နောက်ပိုင်းတွင် KTLAကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

ယခင်ကလည်း ဗိုလ်ကော်လာဖိုးတပ်ဖွဲ့ က KNU တပ်ဖွဲ့အား ၅ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးပြီး ဖြစ်စဉ်များအတွင်း တပ်မဟာ(၄)မှ အရာရှိ အချို့နှင့် ရဲဘော်အချို့ ကျဆုံးမှုရှိခဲ့သည်။

တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင်တွင် အခြားသော KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုး တပ်ဖွဲ့နှင့်သာ ပြဿနာဖြစ် နေသည်ဟု ပဒိုစောအယ်နားက ပြောသည်။

ဗိုလ်ကော်လာဖိုးအနေဖြင့် KNU အဖွဲ့အစည်းကို နောက်ယှက်နေခြင်းသာဖြစ်ကြောင်း၊ စစ်ကောင်စီကို တိုက်ခိုက်သည်ဟု ပြောဆိုနေသော်လည်း လက်တွေတွင်တိုက်ခိုက်မှု လုပ်သည်ကို မတွေ့ရဟု ပဒိုစောအယ်နားက ပြောပြသည်။

ဗိုလ်ကော်လာဖိုးသည် ယခင်က KNU တပ်မဟာ(၄)မှ တပ်ဖွဲ့ဝင်ဟောင်းဖြစ်သော်လည်း စစ်တပ်အာဏာမသိမ်းမီက စစ်တပ်ထံ နှစ်ကြိမ် လက်နက်ချခဲ့သူဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တဖန် ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပြထားသည်။

KNU/KNLA တပ်မဟာ(၄)အနေဖြင့် ယခုနှစ်တွင် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား မကြာခဏ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် တပ်စခန်းတစ်ခုလုံး လက်နက်ချသည့် ဖြစ်စဉ် ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။