Connect with us

Hi, what are you looking for?

သတင်း

Yoma Strategic Holdings ဥက္ကဋ္ဌ အဖြစ်ကနေ ရိုးမဘဏ် ပိုင်ရှင် ဦးသိမ်းဝေ နှုတ်ထွက်

ဇူလိုင် ၂၄ ရက်နေ့ ကြေညာချက်မှာတော့ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် တာဝန်ယူထားပြီး ဦးသိမ်းဝေရဲ့ သားလည်းဖြစ်တဲ့ မယ်လ်ဗင်ပွန်ဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ် သားတစ်ဦးဖြစ်တဲ့ ဆိုင်းရပ်စ်ပန်း က ဒါရိုက်တာ ဘုတ်အဖွဲ့ထဲမှာ ပါဝင်လာမှာပါ။

Yomaဘဏ် ပိုင်ရှင် သူဌေးကြီးဖြစ်တဲ့ ဦးသိမ်းဝေ (ဆာ့ဂျ်ပန်း)ဟာ Yoma Strategic Holdings ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ ကြေညာချက်မှာတော့ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် တာဝန်ယူထားပြီး ဦးသိမ်းဝေရဲ့ သားလည်းဖြစ်တဲ့ မယ်လ်ဗင်ပွန်ဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ် သားတစ်ဦးဖြစ်တဲ့ ဆိုင်းရပ်စ်ပန်း က ဒါရိုက်တာ ဘုတ်အဖွဲ့ထဲမှာ ပါဝင်လာမှာပါ။

Yoma Strategic Holdings ရဲ့ ထုတ်ပြန်ချက်မှာတော့ ဦးသိမ်းဝေနဲ့ မြန်မာ အာဏာပိုင်တွေကြားက ဘဏ်လုပ်ငန်းဆိုင်ရာ ထိတွေ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မရေရာမှုတွေကို အတိုင်းအတာ တစ်ခုထိ ဖြစ်ပေါ်လာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ အခြေအနေတွေကြောင့် ဦးသိမ်းဝေနဲ့ ဘုတ်အဖွဲ့ဟာ ကုမ္ပဏီ၊ ရှယ်ယာရှင်တွေ၊ ဝန်ထမ်းတွေ၊ ဖောက်သည်တွေရဲ့ ကောင်းကျိုးအတွက် ရည်မျှော်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ရွေးချယ် ချမှတ်ခဲ့ကြောင်း၊ အဲဒီ ဆုံးဖြတ်ချက်ကြောင့်လည်း ဦးသိမ်းဝေဟာ လက်ရှိ အရေးကိစ္စတွေကို ဖြေရှင်းဖို့ ပိုမို အာရုံစိုက်နိုင်မှာ ဖြစ်သလို လုပ်ငန်းစုရဲ့ တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုမ္ပဏီ ရှယ်ယာရှင်တွေဆီ ပေးပို့တဲ့ ပြန်ကြားစာမှာတော့ ဦးသိမ်းဝေက သူဟာ ကုမ္ပဏီ ဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်ခဲ့ပေမယ့် အဓိက ရှယ်ယာရှင်ဆိုတဲ့ ရပ်တည်မှုကိုတော့ ထိန်းသိမ်းထားမှာဖြစ်ကြောင်း၊ ကုမ္ပဏီရဲ့ အောင်မြင်မှုနဲ့ နောက်တစ်ဆင့် တိုးတက်နိုင်ရေးတွေအတွက် အပြည့်အဝ အာရုံစိုက်ထားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။ သူဟာ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်

ကနေလည်း နုတ်ထွက်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ဟာ ချက်ချင်း အသက်ဝင်မယ်လို့ ဆိုပါတယ်။

ဦးသိမ်းဝေဟာ အာဏာသိမ်း စစ်ကောင်စီ အရာရှိတွေရဲ့ မေးမြန်းစုံစမ်းမှုတွေ ပြီးဆုံးတဲ့အထိ နေပြည်တော်မှာပဲ ဆက်ရှိနေနိုင်တယ်လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။ ဒါပေမဲ့ သတင်းတွေ ထွက်ပေါ်နေသလို ဦးသိမ်းဝေ အဖမ်းခံထားရတယ်၊ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ် ချခံထားရတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ ကုမ္ပဏီက တိတိကျကျ မှတ်ချက်ပေးတာမျိုး မရှိခဲ့ပါဘူး။

Myanmar Now သတင်းဌာနရဲ့ ဦးသိမ်းဝေ စစ်ဆေးမေးမြန်း ခံနေရတဲ့ ကိစ္စကို စတင်ဖော်ပြခဲ့ပြီးတဲ့နောက် ဇူလိုင် ၉ ရက်နေ့တုန်းက ကုမ္ပဏီဟာ ဦးသိမ်းဝေ စွဲချက်တင်ခံထားရတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး စာရင်းဝင် သူဌေးကြီး တစ်ဦးဖြစ်တဲ့ ဦးသိမ်းဝေဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ဒွေးရောယှက်တင် ပတ်သက်မှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ခြင်းက Yoma Strategic Holdingsရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းပြီး ကုမ္ပဏီအတွက် ထိခိုက်မှုတွေ ကြုံတွေ့စေခဲ့ဖူးပါတယ်။

ကိုးကား -The Edge

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဖမ်းဆီးသည့် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေအား FMIကုမ္ပဏီအုပ်စု၏ အမှုဆောင်ဥက္ကဌရာထူးမှစက်တင်ဘာ၅ ရက်ကစတင်ပြီး အနားယူလိုက်ကြောင်း ကုမ္ပဏီကထုတ်ပြန်သည်။

အတွေးအမြင်

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ရှယ်ယာဝင်ထား​သောမိုဘိုင်းဖုန်းတာဝါတိုင်များ ဆောက်လုပ်နေ​နေ​သော Pinnacle Asia ကုမ္ပဏီနှင့် MyTel ၊ ကမ္ဘာ့ဘဏ်လက်​အောက်ရှိ IFC ၊ ဦးသိမ်း​ဝေပိုင်ဆိုင်​သော ရိုးမဘဏ် ၊ ဦး​တေဇ၏ AGD ဘဏ်တို့ကြား လျှိုဝှက်​သော အကျိုးစီးပွားဆက်သွယ်မှုများကို Justice for...