Connect with us

Hi, what are you looking for?

သတင်း

ဦးသိမ်းဝေ FMI ကုမ္ပဏီဥက္ကဌရာထူးမှအနားယူ

စစ်ကောင်စီဖမ်းဆီးသည့် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေအား FMIကုမ္ပဏီအုပ်စု၏ အမှုဆောင်ဥက္ကဌရာထူးမှစက်တင်ဘာ၅ ရက်ကစတင်ပြီး အနားယူလိုက်ကြောင်း ကုမ္ပဏီကထုတ်ပြန်သည်။

စောနွေဦး/People’s Spring

စစ်ကောင်စီဖမ်းဆီးသည့် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေအား FMIကုမ္ပဏီအုပ်စု၏ အမှုဆောင်ဥက္ကဌရာထူးမှစက်တင်ဘာ၅ ရက်ကစတင်ပြီး အနားယူလိုက်ကြောင်း ကုမ္ပဏီကထုတ်ပြန်သည်။

ဦးသိမ်းဝေကိုစစ်ကောင်စီကဖမ်းဆီးပြီးနောက် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic ကုမ္ပဏီမှ အစုရှယ်ယာများ ထိုးကျခဲ့သဖြင့် ကုမ္ပဏီ၏ဥက္ကဌရာထူးမှနှုတ်ထွက်ခဲ့သည်။ယခုအခါ FMIကုမ္ပဏီ၏ အမှုဆောင်ဥက္ကဌရာထူးမှပါ ထပ်မံနှုတ်ထွက်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဦးသိမ်းဝေ၏နေရာတွင်၎င်း၏သားဖြစ်သူဦးထွန်းထွန်းက ဆက်လက်တာဝန်ယူမည်ဟုကုမ္ပဏီကအသိ​ပေးထားသည်။ဦးသိမ်းဝေ နှင့် အတူ နိုင်ငံ

ခြားသား ဒါရိုက်တာနှစ်ဦးလည်း ကုမ္ပဏီမှ အနားယူကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

FMI ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် ဦးထွန်းထွန်း၊ ဒေါက်တာအောင်ထွန်းသက်၊ဦးသန်းအောင်၊ ဦးကြည်အေး နှင့် ဦးလင်းမြိုင်တို့ကဆောင်ရွက်မည်ဟု ကုမ္ပဏီဘက်ကဆိုသည်။

စစ်ကောင်စီက ဇွန်လဆန်းပိုင်တွင်း ဦးသိမ်းဝေအပါအဝင်ကုမ္ပဏီ ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အိမ်ရာချေးငွေများကို သတ်မှတ်ချက်ထာ ပိုမိုထုတ်ချေးခဲ့သည့်ဟု စွပ်စွဲချက်ဖြင့် ရိုးမဘဏ်အပါအဝင် ဘဏ်ခုနှစ်ခုကို အရေးယူမည်ဟုကြေညာချက်ပြီးနောက် ဦးသိမ်းဝေကို နေပြည်တော်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

ဇူလှိုင်လကုန်ပိုင်းတွင် ဦးသိမ်းဝေကို ငွေကြေးခဝါချမှု၊တရားမဝင်ငွေလွှဲပြောင်းစသည့် ဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့သည်။

ဦးသိမ်းဝေကို စစ်ကောင်စီက သီရပျံချီဘွဲ့ပေးထားပြီး တော်လှန်ရေးတပ်များက နေပြည်တော်ကို မတိုက်နိုင်လျှင် စီးပွား​ရေးလုပ်လို့ ရသည်ဟု ကြွေးကြော်ခဲ့သည့် လုပ်ငန်းရှင်ကြီးတစ်ဦးမှာ စစ်​ကောင်စီ ၏ ဖမ်းဆီးတရားစွဲဆို ​ထောင်ချခြင်းခံရခြင်းလည်းဖြစ်သည်။

ဦးသိမ်းဝေတည်ထောင်ခဲ့သည့် FMIကုမ္ပဏီသည် ဘဏ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၊အိမ်ခြံမြေလုပ်ငန်း၊ကုန်သွယ်ရေးလုပ်ငန်းစသည့်တိုကိုလုပ်နေခြင်းဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းစာရင်းကုမ္ပဏီအုပ်စုတခုလည်းဖြစ်သည်။ ထိုပြင်ဦးသိမ်းဝေက စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic ကုမ္ပဏီကိုလည်းပိုင်ဆိုင်ထားသည်။

စစ်​ကောင်စီက ဦးသိမ်း​ဝေ အပါအဝင်လုပ်ငန်းရှင်များကိုဖမ်းဆီး​တရားစွဲ ဆိုခြင်းမှာ ​လုပ်ငန်းရှင်များထံမှ ​ငွေများရယူလိုခြင်း​ကြောင့်ဖြစ်နိုင်သလို ၊ စစ်တပ်နှင့် နီးစပ်​​သောလုပ်ငန်းရှင်ကြီးများမှာ မည်သူမျှ​ငွေ​​ကြေးခဝါချမှုနှင့် မကင်းဘဲ ဦးသိမ်း​ဝေကို ခရိုနီချင်း တိုင်ကြားမှု​ကြောင့် အ​ရေးယူခံရခြင်းဖြစ်နိုင်​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၂၄ ရက်နေ့ ကြေညာချက်မှာတော့ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် တာဝန်ယူထားပြီး ဦးသိမ်းဝေရဲ့ သားလည်းဖြစ်တဲ့ မယ်လ်ဗင်ပွန်ဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ် သားတစ်ဦးဖြစ်တဲ့ ဆိုင်းရပ်စ်ပန်း က ဒါရိုက်တာ ဘုတ်အဖွဲ့ထဲမှာ ပါဝင်လာမှာပါ။

အတွေးအမြင်

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ရှယ်ယာဝင်ထား​သောမိုဘိုင်းဖုန်းတာဝါတိုင်များ ဆောက်လုပ်နေ​နေ​သော Pinnacle Asia ကုမ္ပဏီနှင့် MyTel ၊ ကမ္ဘာ့ဘဏ်လက်​အောက်ရှိ IFC ၊ ဦးသိမ်း​ဝေပိုင်ဆိုင်​သော ရိုးမဘဏ် ၊ ဦး​တေဇ၏ AGD ဘဏ်တို့ကြား လျှိုဝှက်​သော အကျိုးစီးပွားဆက်သွယ်မှုများကို Justice for...