Connect with us

Hi, what are you looking for?

အတွေးအမြင်

ဖုံးဖိထား​သောအပုပ်ထုတ်များ ၃

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ရှယ်ယာဝင်ထား​သောမိုဘိုင်းဖုန်းတာဝါတိုင်များ ဆောက်လုပ်နေ​နေ​သော Pinnacle Asia ကုမ္ပဏီနှင့် MyTel ၊ ကမ္ဘာ့ဘဏ်လက်​အောက်ရှိ IFC ၊ ဦးသိမ်း​ဝေပိုင်ဆိုင်​သော ရိုးမဘဏ် ၊ ဦး​တေဇ၏ AGD ဘဏ်တို့ကြား လျှိုဝှက်​သော အကျိုးစီးပွားဆက်သွယ်မှုများကို Justice for Myanmar က ယ​နေ့​ဖော်ထုတ်လိုက်သည်။


“ဖုံးဖိထား​သောအပုပ်ထုတ်များ ၃”​ ခေါင်းစဥ်ဖြင့် ထုတ်ပြန်ချက်အပြည့်အစုံမှာ ​အောက်ပါအတိုင်းဖြစ်သည်။


ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ သမီးတော် နှင့် Mytel အကြား လျှို့ဝှက်အပေးအယူများ
မြန်မာ့ နံပါတ် ၁ နိုင်ငံတကာရာဇဝတ်ကောင်ရဲ့သမီး ခင်သီရိသက်မွန်ဟာ လေးနက်တဲ့ စီးပွားရေး အကျိုးစီးပွားပဋိပက္ခကို ဖြစ်စေတဲ့ စစ်တပ်ထိန်းချုပ်သော မိုဘိုင်းအော်ပရေတာ Mytel နှင့် ခြေခြေမြစ်မြစ်ရှိတဲ့ စီးပွားရေးကိစ္စများစွာ ပြုလုပ်ခဲ့တာကို DDoSecrets မှ ရရှိသော အချက်အလက်အသစ်များအရ သိရတယ်။


ဖေဖေါ်ဝါရီလ ၁ ရက်နေ့ သူမရဲ့ အဖေဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်မှ တရားမဝင်အာဏာသိမ်းမှုအချိန်က Mytel အတွက် မိုဘိုင်းဖုန်းတာဝါတိုင်များ ဆောက်လုပ်နေခဲ့တဲ့ Pinnacle Asia ကုမ္ပဏီမှာ ခင်သီရိသက်မွန်ဟာ ရှယ်ယာရှင်အဖြစ်ပါဝင် နေနေတုန်းပါ။

Public Service Announcement

Public Service Announcement


လက်နက်မဲ့အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်သော လူသတ်စစ်အုပ်စုကို တုံ့ပြန်သောအနေဖြင့် အမေရိကန်အစိုးရမှ ဘဏ္ဍာရေး ပိတ်ဆို့မှုများ အရေးယူချမှတ်ခဲ့ပြီးနောက် ရက်အနည်းငယ်ကြာ မတ်လ ၁၇ ရက်နေ့မှသာ သူမဟာ Pinnacle Asia မှ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။


MyTel နှင့် မင်းအောင်လှိုင်


စစ်တပ်ရဲ့ လက်ဝေခံဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သော အစိုးရလက်ထက်မှာ Mytel ကို တည်ထောင်ခဲ့တယ်။


Mytel ရဲ့ ၂၈ ရာခိုင်နှုန်းသော အစိုးရ၏အစုရှယ်ယာကို Star High အား ခွဲဝေပေးထားတယ်။ Star High ကို မင်းအောင်လှိုင် ဦးဆောင်ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က တည်ထောင်ခဲ့တယ်။ Star High ရဲ့ တာဝန်က Mytel မှာ စစ်တပ်၏ အစုရှယ်ယာကို ထိန်းချုပ်ကိုင်တွယ်နိုင်ဘို့အတွက် ဖြစ်ပုံရတယ်။

မင်းအောင်လှိုင်ဟာ Mytel ကိုတည်ထောင်ရာတွင် အဓိကအခန်းကဏ္ဍမှာ ပုဂ္ဂိုလ်ရေးအရ ပါဝင်ခဲ့ပြီး ဗီယက်နမ်စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းမှု ကြိမ်ဖန်ပေါင်းများစွာပြုလုပ်ခဲ့ကာ Mytel ကို စတင်ဖွင့်လှစ်တုန်းကလဲ ဦးစီးကျင်းပပေးခဲ့တာပါ။

Pinnacle နှင့် MyTel

Pinnacle Asia ဟာ စတင်တည်ထောင်ကတည်းက Mytel နှင့် ဆက်စပ်နေပုံရပါတယ်။ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် မိုဘိုင်းအော်ပရေတာအဖြစ် Mytel ကို စစ်တပ်အား ရရှိစေခဲ့တဲ့ (၂၀၁၆ ခုနှစ်) တစ်နှစ်ထဲမှာဘဲ Pinnacle Asia ကို တည်ထောင်ခဲ့တယ်။

အဲ့နောက်မှာ Pinnacle Asia ဟာ Star High နဲ့ လက်တွဲပြီး Mytel အတွက် တာဝါတိုင်တွေ တည်ဆောက်လုပ်ကိုင်ပေးခဲ့တယ်။ Linkedin မှာဖေါ်ပြထထားတဲ့ ရုပ်ပုံလွှာရှင်းပြချက်တစ်ခုအရ Pinnacle Asia ဟာ အခြားသော မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Ooredoo နဲ့လည်း စာချုပ်တွေ ရှိနေခဲ့ပါတယ်။

Pinnacle Asia ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာဟာ သြစတြေးလျနိုင်ငံသား Sao Sawm Zai ဖြစ်ပြီး ဒေါ်မြမဥ္စူက တတိယမြောက်ဒါရိုက်တာ တစ်ဦးဖြစ်တယ်။ Sao Sawm Zai နဲ့ ဒေါ်မြမဥ္ဇူ နှစ်ဦးလုံးဟာ စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Pinnacle Myanmar ၏ ဒါရိုက်တာများလည်းဖြစ်တယ်။ သူတို့ရဲ့ စင်္ကာပူလုပ်ငန်းနဲ့ ပတ်သက်လို့ အနည်းငယ်သာ သိပေမယ်လို့ လူသိရှင်ကြား စာရင်းဖွင့်ထားတဲ့ Singaporean Myanmar Investco နဲ့ မြန်မာနိုင်ငံမှာ Jones the Grocer အား ဖွင့်လှစ်ရန်ရှိခဲ့တယ်ဆိုတဲ့ အဆက်အစပ်ကိုသာ သိခဲ့ရပြီး အဲဒီသဘောတူညီချက်ဟာလည်း ၂၀၁၈ မှာ ပျက်ပြယ်ခဲ့ပါတယ်။

ရိုးမဘဏ် (Yoma Bank) ၏ ပါဝင်ပတ်သက်မှု

ယခင်လအထိ ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia တာဝါတိုင်လုပ်ငန်းဟာ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံနေတဲ့ မြန်မာဘဏ်တွေဆီကနေ ငွေကြေးထောက်ပံ့မှုတွေ ရနေခဲ့တယ်။ ဒီအချက်အလက်တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာရှယ်ယာရှင်များအဖို့ လူ့အခွင့်အရေးနဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ စိုးရိမ်စရာတွေပါဘဲ။


၂၀၂၀ ဖေဖော်ဝါရီလမှာ မြန်မာဘဏ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Yoma Bank ဟာ Mytel နှင့် တာဝါတိုင်ဆိုင်ရာစာချုပ်တစ်ရပ်အပေါ် အာမခံထားတဲ့ Pinnacle Asia သို့ ချေးငွေ သိန်း ၁၈၀၀၀ ကျပ် ထုတ်ချေးခဲ့တယ်။ ခင်သီရိသက်မွန်ဟာ ချေးငွေကို အာမခံသူအဖြစ် လက်မှတ်ရေးထိုးခဲ့တယ်။ စာချုပ်မှာ ချေးငွေအကုန်ကြေသည်အထိ Mytel ထံမှ ရရှိသော ၀င်ငွေများကို ရိုးမဘဏ်သို့လွှဲပြောင်းရပါမှာဖြစ်တယ်။ အဆိုပါချေးငွေကို Star High နှင့် Telecom International Myanmar (Mytel) တို့မှ ခွင့်ပြုပေးခဲ့တယ်။ ၎င်းနောက် ၂၀၂၀ခုနှစ် မေလထဲ Mytel တာဝါတိုင်များအတွက် အာမခံတဲ့ ဒုတိယချေးငွေကို Yoma ထံမှ ရရှိခဲ့ပြန်တယ်။


နိုင်ငံတကာဘဏ်များ၏ ပါဝင်ပတ်သက်မှု


ရိုးမဘဏ်ဟာ မင်းအောင်လှိုင်ရဲ့ မိသားစုနဲ့ စီးပွားရေးလုပ်ကိုင်နေပြီး Mytel အတွက် တာဝါတိုင်များတည်ဆောက်ရန် ငွေကြေးထောက်ပံ့နေသော်လည်း နော်ဝေးနိုင်ငံမှ Norfund၊ စင်္ကာပူမှ GIC တို့ဟာ ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံ နေကြတယ်။ အစုရှယ်ယာဝယ်ယူမှုကို ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီလမှာ ကြေငြာခဲ့တယ်။ ၂၀၁၉ ခုနှစ် မှာဆိုလည်း ကမ္ဘာဘဏ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နိုင်ငံတကာ ငွေကြေး ကော်ပိုရေးရှင်း (IFC) ဟာ Yoma Bank မှာ အစောပိုင်းက ချေးထားတဲ့ ငွေတွေကို ဘဏ်အပေါ်မှာ ၅ % ပိုင်ဆိုင်သော အစုရှယ်ယာရှင်အဖြစ် ပြောင်းလဲခဲ့တယ်။


Norfund၊ GIC နှင့် IFC တို့ဟာ Yoma Bank က Mytel နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ မိသားစုတို့နဲ့ လုပ်နေတဲ့ စီးပွားရေးကနေ အကျိုးအမြတ် ရရှိနေသလိုဖြစ်နေတယ်။ ဒီချေးငွေတွေဆီကနေ ပတ်သက်ဆက်နွယ်လာတဲ့ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့နဲ့ သွားပြီးငြိစွန်းနေတယ်။


၂၀၂၀ ခုနှစ် ဇူလှိုင်လထဲမှာ ဦးတေဇပိုင်ဆိုင်တဲ့ ခရိုနီဘဏ် AGD ဟာ ၂၀၂၁ ခုနှစ်အတွင်း Pinnacle Asia နဲ့ ပူးပေါင်းကာ တာဝါတိုင် ၄၀၀ အထိ တိုးချဲ့တည်ဆောက်ဘို့ ပမာဏမဖေါ်ပြတဲ့ ငွေကြေးကို ပေးဘို့ သဘောတူညီချက်တစ်ရပ်အား ထုတ်ပြန်ကြေငြာခဲ့တယ်။ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နီးစပ်သူတစ်ဦးဖြစ်တယ်။ စစ်တပ်နှင့် ပုဂ္ဂိုလ်ရေးအရ နီးစပ်မှုများကြောင့် ဦးစားပေး ဆက်ဆံခံရမှုများရရှိလာကာ သူရဲ့စီးပွားရေးကို တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။


၂၀၁၉ ခုနှစ် သြဂုတ်လထဲမှာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က စစ်တပ်ရဲ့စီးပွားရေးအကျိုးစီးပွားတွေဟာ သူတို့ရဲ့ရက်စက်ယုတ်မာတဲ့ရာဇဝတ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ သုံးသပ်ထားပါတယ်။ အစီရင်ခံစာတွင် “ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများ သို့မဟုတ် မြန်မာပြည်တွင် ကုန်သွယ်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသော စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့များ၊ အထူးသဖြင့် တပ်မတော် သို့မဟုတ် ၎င်းတို့မှ ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းအုပ်စုများတို့ဖြင့် စီးပွားရေးဆက်ဆံမှု စတင်ပြုလုပ်ခြင်း သို့မဟုတ် ဆက်လက်ပြုလုပ်ခြင်းတို့ကို မည်သို့မျှ မလုပ်ရ” ဟူ၍ အကြံပြုထားပြီး စစ်တပ်နဲ့ဆက်နွှယ်မှု သို့မဟုတ် ပံ့ပိုးမှုဖြစ်စေနိုင်တဲ့ စစ်တပ် မိသားစုဝင်များရဲ့ စီးပွားရေးကိုလည်း သတိထားဘို့ ပြောဆိုထားပါတယ်။ ရိုးမဘဏ်နှင့် AGD တို့ကတော့ အဆိုပါ အကြံပြုချက်များကို လျစ်လျူရှုခဲ့တယ်။


မိသားစုစီးပွားရေး


Mytel နဲ့ ခင်သီရိသတ်မွန်တို့ရဲ့ စီးပွားဆက်စပ်မှုကိုကြည့်ခြင်းဖြင့် မင်းအောင်လှိုင်တို့မိသားစုဟာ နိုင်ငံပိုင်အရင်းအမြစ်များကို လက်လှမ်းမှီရာကနေတဆင့် မည်သို့မည်ပုံ အကျိူးအမြတ်တွေရနေသလဲဆိုတာကို ဖေါ်ပြနေပါတယ်။ Star High ဟာ Mytel မှာ အစိုးရရဲ့ အကျိုးအမြတ်များလှတဲ့ အစုရှယ်ယာကို ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်တဲ့ အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ပိုင်ဆိုင်လုပ်ကိုင်ထားသူဖြစ်ပြီး လွတ်တော်ရဲ့ ကြီးကြပ်စီစစ်ခွင့်ကနေ ကင်းလွတ်နေခဲ့တယ်။ ဖော်ပြပါ ခင်သီရိသတ်မွန်ရဲ့ Star High၊ Mytel တို့နှင့်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းဟာ စစ်ရာဇဝတ်ဂိုဏ်း စီးပွားရေးလုပ်ငန်း တနံတလျားမှာ မြင်တွေ့ရတဲ့ အကျိုးစီးပွား ပဋိပက္ခတွေထဲက ရှင်းလင်းသော ဥပမာတစ်ရပ်ပင်ဖြစ်ပါတယ်။


စစ်အာဏာသိမ်းချိန်မှစပြီး စစ်တပ်ဟာ ကလေးသူငယ် ၄၉ ဦး အပါအ၀င် လက်နက်မဲ့ ပြည်သူပေါင်း ၇၀၀ ကျော်အား ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်။ အသက်အငယ်ဆုံး အသတ်ခံခဲ့ရသူမှာ (၇)နှစ်အရွယ် မိန်းကလေးဖြစ်ပြီး သူမ ပစ်သတ်မခံရမီ သူမရဲ့ ဖခင်နဲ့ အစ်ကိုအား အိမ်ထဲကို အကြမ်းဖက် ချိုးဖျက်စီးနင်းဝင်ရောက်လာတဲ့ ရဲများက ရိုက်နှက်ခဲ့ခြင်းကြောင့် ကြောက်လန့်နေခဲ့တာပါ။ သေစေနိုင်လောက်တဲ့ လက်နက်တွေကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုပြီး လူအစုလိုက်အပြုံလိုက် ခွဲခြားမှုမရှိ သတ်ဖြတ်နေမှုတွေဟာ လူသားဖြစ်တည်မှုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပင်ဖြစ်တယ်။

မကြာသေးမီရက်များအတွင်း ကရင်နှင့်ကချင် ဒေသတွေမှာ အရမ်းရောကာရော လေကြောင်းတိုက်ခိုက်မှုများကိုပြုလုပ်ခဲ့တာဟာလည်း တိုင်းရင်းသားလူမျိုးစုများအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေရဲ့ တစိတ်တပိုင်းဘဲ ဖြစ်ပါတယ်။ အာဏာသိမ်းမှုကနေ အမြတ်ထုတ်လိုတဲ့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်များဟာ သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှု၊ ရာဇဝတ်မှုများအတွက် ပြန်လည် အရေးယူ အပစ်ပေးခံရမှာ ဖြစ်ပါတယ်။


ခင်သီရိသက်မွန်နှင့် အခြားသော စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တို့ရဲ့ သားသမီးများဟာ မြန်မာပြည်သူတွေရဲ့ ငွေကြေးဓနတွေကို အသုံးပြုပြီး မြန်မာစစ်တပ်ရဲ့ စနစ်တကျ အကျင့်ပျက်ခြစားတာတွေကနေ ကာလကြာရှည်စွာ အကျိုးရှိခဲ့ပြီးဖြစ်တယ်။ စစ်တပ်က အာဏာကို ထိန်းသိမ်းထားသရွေ့ ဒီလို အကျင့်ပျက်ခြစားမှုတွေကတော့ ဆက်လက်ရှိနေအုန်းမည်မှာ မြေကြီးလက်ခတ်မလွှဲပါဘူး။ မင်းအောင်လှိုင်မိသားစုကို အဂတိလိုက်စားမှုအတွက် စုံစမ်းစစ်ဆေးပြီး ခိုးသွားတဲ့ ပိုင်ဆိုင်မှုပစ္စည်းမှန်သမျှ မြန်မာပြည်တွေကို ပြန်ပေးရမှာ ဖြစ်ပါတယ်။


စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းပစ်ရမည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။

သတင်း

စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် တော်လှန်ရေးဘက်တော်သားအချင်းချင်းသွေးကွဲစေမည့်စည်းကို ယခု တော်လှန်ရေးသမားများ ကျော်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားသည်။

သတင်း

စစ်အာဏာရှင်များ သက်ဆိုးမရှည်ရန် တော်လှန်ရေးတိုက်ပွဲကို အောင်မြင်အောင် ကျားကုပ်ကျားခဲ ဆက်လက်တိုက်ပွဲဝင်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီက KNDF တည်ထောင်ခြင်း (၄)နှစ်ပြည့်တွင် သတင်းစကားပါး တိုက်တွန်းသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၀)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။