Connect with us

Hi, what are you looking for?

သတင်း

ကွမ်းခြံကုန်းတွင် လေဆင်နှာမောင်းကြောင့် နေအိမ် ၇၀ကျော်ပျက်စီး

ဇူလိုင် ၂၆ ရက် နံနက် ၅နာရီခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းနှင့် ညောင်နီကုန်း ကျေးရွာများမှ နေအိမ် ၇၁လုံး ပျက်စီးကာ လေဘေးသင့်ပြည်သူ ၃၀၀ကျော်ရှိကြောင်း Yangon Rescue Organization က ထုတ်ပြန်ထားသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးနေစဉ်။ ဓာတ်ပုံ - CJ

ရောင်နီ/People’s Spring

ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၀ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများက အသိပေးထားသည်။

ဇူလိုင် ၂၆ ရက် နံနက် ၅နာရီခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းနှင့် ညောင်နီကုန်း ကျေးရွာများမှ နေအိမ် ၇၁လုံး ပျက်စီးကာ လေဘေးသင့်ပြည်သူ ၃၀၀ကျော်ရှိကြောင်း Yangon Rescue Organization က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများ လမ်းပေါ်သို့လဲကျခဲ့ကာ အိမ်များပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ယင်းနေရာသို့သွားရောက်ကူညီခဲ့သည့် မုဒိတာလူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

“ကညင်ကုန်းကျေးရွာက လမ်းတွေအကုန်လုံးကို သစ်ပင်တွေက ပိတယ်။ အိမ်တွေလည်းပိတယ်။ အဲဒီ့ကိုရောက်မှ လမ်းတွေသွားလို့ရ အောင် ကျွန်တော်တို့မှာရှိတဲ့ လွှစက် တွေနဲ့ပဲ အကုန်ရှင်းရတာ ။ဓာတ်တိုင်တွေပါလဲတာ “ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ယင်းနေရာသို့ ဒေသခံ လူမှူကူညီရေးအသင်းများ နှင့် မီးသတ်တပ်ဖွဲ့က ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

“အထိအခိုက်က နည်းနည်းပါးပါးသွေးထွက်တာလောက်ပဲ။ အသေအပျောက်မရှိပါဘူး”ဟု ယင်းတာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် လေဘေးသင့်ပြည်သူများအတွက် အမိုးအကာများနှင့် အဝတ်အစားများလိုအပ်သည်ဟု Yangon Rescue Organization ကအသိပေးထားသည်။

(ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးနေစဉ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်ဆိပ်ကမ်း၌ ဇူလိုင် ၂၃ရက်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့်သဗ္ဗာန်နစ်မြုပ်သည့်ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူ သုံးဦးအနက် နှစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့ထားသည်။

သတင်း

ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေဆင်နှာမောင်းတိုက်၍ ကွန်တိန်နာယာဥ်အချို့တိမ်မှောက်ပျက်စီးခဲ့သည်။