Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတိုက်ပွဲ ရမခဒုတိုင်းမှူး သေဆုံး၊ပြည်နယ်ရဲမှူးကြီး အရေးပေါ်ဆေးကုသနေ

ရမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်သည် မည့်သည့်နေ့က ဒဏ်ရာရသည်ကို ပသေးစိတ်အတည်မပြုနိုင်သော်လည်း ဇူလိုင် ၂၇ရက်တွင် ပြင်ဦးလွင်ဆေးရုံ၌ သေဆုံးခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လားရှိုးမြို့ တနေရာတွင် MNDAA ရဲဘော်များအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA

မိထက်/People’s Spring

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်သည် ကိုးကန့် တပ်မတော် (MNDAA)က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးကာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှမင်းလည်း အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း စုံစမ်းသိရှိရသည်။

ရမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်သည် မည့်သည့်နေ့က ဒဏ်ရာရသည်ကို ပသေးစိတ်အတည်မပြုနိုင်သော်လည်း ဇူလိုင် ၂၇ရက်တွင် ပြင်ဦးလွင်ဆေးရုံ၌ သေဆုံးခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရမခမကျရေး အသည်းအသန်ခုခံနေရသည့် စစ်ကောင်စီက တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်အား ဇူလိုင် ၁၈ရက်တွင် ရာထူးမှဖယ်ရှားပြီး မူဆယ်အခြေစိုက် တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်အား ရမခ တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။

သို့သော် နေရာအချိန်းအပြောင်း မလုပ်ရသေးဘဲ ဗိုလ်မှူးချုပ် စိုးလှိုင်သည် မူဆယ်တွင်ပင် ဆက်ရှိ‌ နေခဲ့သည်။

MNDAA၏ လားရှိုးမြို့သိမ်းစစ်ဆင်ရေးအား ခုခံမှုကို ရမခဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်က မြေပြင်တွင် ခုခံရပြီး အာဏာသိမ်းဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂)စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထ-၂ မှူး)ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးက တိုက်ရိုက်ကွပ်ကဲ သည်ဟု သိရသည်။

ဗိုလ်မှူးချုပ်တင်ထွန်းအောင်သေဆုံးသည့်သတင်းနှင့်ပတ်သက်၍ ရှမ်းမြောက်မှ စစ်ရေးသသတင်းရင်းမြစ်တစ်ဦးက ” ပြင်ဦးလွင်မှာ ဆေးကုရင်းကနေ မရတော့တာပါ။ ခေါင်းကို ထိတာပါ”ဟု ပြောသည်။

စစ်ကောင်စီအားတော်လှန်နေသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဗိုလ်မှူးချုပ်တင်ထွန်းအောင်နှင့်ပတ်သက်၍ ဇူလိုင်၂၇ရက်တွင် ” ရမခ ဒုတိုင်းမှူး ဗမခ တင်ထွန်းအောင်၊အစောကတည်းက ကျနော် အကြံပြုပြောသလို ဖေါက်ထွက်လိုက်ရင် ဆုံးဖြတ်ချက် မတင်မကျ မလုပ်ပဲ ရဲ့ရင့်စွာ လုပ်ခဲ့မယ်ဆိုရင် အခုလို မြို့မပျက်ဘူး။ ခင်ဗျားလည်း မသေနိုင်တော့ဘူး။

ခုတော့ကျနော် စိတ်မကောင်းဘူး။

ကျန်ခဲ့မယ့် အဖမဲ့ ခင်ဗျားသားသမီးတွေ အတွက်”ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဗိုလ်မှူးချုပ်တင်ထွန်းအောင်သေဆုံးသည့်သတင်းကို People’s Spring အနေဖြင့်အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးအား ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးပေးကာ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂ မှူး)အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

အဆိုပါသတင်း အကျယ်တဝင့်ထွက်နေသော်လည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံများက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှမင်းလည်း ဗိုလ်မှူးချုပ် တင်ထွန်းအောင်နှင့်အတူ ဒဏ်ရာအပြင်းအထန်ရပြီး ပေါက်ကွဲသည့်ယမ်းစများသည် အသဲနှင့်အဆုတ်အတွင်း စိုက်ဝင်‌နေပြီး အရေးပေါ်ကုသမှုခံယူနေရသည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

” ထိတာလည်း ဟုတ်တယ်။ ရမခမှာ ထိတာ။ ‌နောက်ဆုံးသိရတာတော့ ယမ်းစတွေက အတွင်းကလီစာတွေပါထိထားတာပါ”ဟု အဆိုပါရဲအရာရှိက ပြောသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော် (MNDAA)က ဇူလိုင် ၃ရက်မှစ၍ တိုက်ခိုက်ခဲ့ပြီး ရမခကို ဇူလိုင် ၂၅ရက်၌ သိမ်းယူနိုင်ခဲ့ပြီး မြို့ကိုထိန်းချုပ် နိုင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာထားသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ် ဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ

“၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင် ၅၀၀ခန့်က ဇူလိုင် ၂၇ရက် ညတွင် ဝင်ရောက်နေရာယူထားသည်။

မြို့သို့မဝင်မီတွင် MNDAA မဟာမိတ်များနှင့်စစ်ကောင်စီတို့ကို အကြောင်းကြားခဲ့ပြီး နှစ်ဖက်စလုံး၏ သဘောတူညီချက်ဖြင့် အဆင်ပြေစွာ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေး၌ဝင်ရောက်မစွက်ဖက်ဟု ဝ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

လားရှိုးမြို့နယ်အုပ်ချုပ်ရေးအတွက် အုပ်ချုပ်လရေးယန္တရား ဖော်ဆောင်မည်ဟု MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။