Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာတွင် စစ်ကောင်စီလှည့်ကင်းကို ပြောက်ကျားအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၌ စစ်ကောင်စီလှည့်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces(GHF) အဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက လူထုနွေဦးသို့ပြောသည်။

File Photo

သတိုး/People’s Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၌ စစ်ကောင်စီလှည့်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces(GHF) အဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက လူထုနွေဦးသို့ပြောသည်။

ကျွန်တော်တို့ မျှော်မှန်းသလောက်တော့ ဖြစ်မသွားဘူး။ အတိုင်းအတာတစ်ခုအထိတော့ဖြစ်သွားပါတယ်”ဟု ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင် လှိုင်သာယာမြို့နယ် အဆင့်မြင့်မှတ်တိုင်နှင့် ဗိုလ်ချုပ် မှတ်တိုင်ကြား၌ စစ်ကောင်စီ၏ ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း GHF က သတင်းထုတ်ပြန်ထားသည်။

“သူတို့က ချက်ချင်းလမ်း ပိတ်လိုက်တာရယ် ။နေရာကလည်း အရမ်းသိသာထင်ရှားတယ်။ အဝင်အထွက်လည်းမလွယ်တော့ နောက်ဆက်တွဲကို အလုံးစုံမသိလိုက်ဘူး”ဟု ဆရာကျောင်းကပြောသည်။

စစ်ကောင်စီဘက်မှ စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သူအားလုံး ဘေးကင်းကြောင်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ‘M 043 စစ်ဆင်ရေး’၏ စတုတ္တမြောက် စစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု GHF ကအသိပေးထားသည်။

“M 043 စစ်ဆင်ရေး ကစွန့်လွှတ်အနစ်နာခံတဲ့ ကျွန်တော်တို့ ရဲဘော်တစ်ဦးအတွက် အမှတ်တရအနေနဲ့ လုပ်ဖြစ်တာပါ”ဟု ဆရာကျောင်းကပြောသည်။

GHF သည် Yangon UG Association အဖွဲ့ဝင်အနေဖြင့်‌ အောင်မင်္ဂလာ ၊ ပြည်သူ့ကမ်းလက်၊ အသက်လျော်ကြေးစသည့် စစ်ဆင်ရေးများကိုလည်းလုပ်ဆောင်ခဲ့သည်။

“အများပြည်သူအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သက်သော ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများ နှင့်ဝေးရာမှ ရှောင်ရှားသွားလာကြရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည် “ဟု GHF၏ ထုတ်ပြန်ချက်၍ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။