Connect with us

Hi, what are you looking for?

သတင်း

လားရှိုး ရမခ ကာကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားနှစ်ရာခန့် စတင်လက်နက်ချ

လားရှိုးမြို့ရှိ စစ်​ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က ထိုးစစ်စင်တိုက်ခိုက်နေရာ ယနေ့ (သြဂုတ် ၂ ရက်)မွန်းလွဲပိုင်းတိုက်ပွဲတွင် စစ်ကောင်စီရှေ့တန်းကာကင်းစခန်းမှ အင်အားနှစ်ရာခန့် စတင်လက်နက်ချ​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

လားရှိုးမြို့ ရှိစစ်တပ်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်​နေ​သော MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MNDAA

မိထက်/People’s Spring

လားရှိုးမြို့ရှိ စစ်​ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က ထိုးစစ်စင်တိုက်ခိုက်နေရာ ယနေ့ (သြဂုတ် ၂ ရက်)မွန်းလွဲပိုင်းတိုက်ပွဲတွင် စစ်ကောင်စီရှေ့တန်းကာကင်းစခန်းမှ အင်အားနှစ်ရာခန့် စတင်လက်နက်ချ​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“ဆေးရုံမှာ ခံပစ်နေတဲ့အဖွဲ့တွေ လက်နက်ချပြီ။ ၂၀၀ ဝန်းကျင်ပါမယ်။ MNDAAက ထိန်းထားတယ်။ ဆက်ပြီး ထိုးစစ်ဖော်နေတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ရမခ ထဲမှ အမှတ်(၉) ကုတင်၁၀၀ စစ်ဆေးရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းဖြစ်​ကြောင်း ကနဦးသတင်းရရှိထားသည်။ စစ်ရှုံးခြင်း​ကို အဆိုပါ ဆေးရုံမှ လူနာများ၊ ဝန်ထမ်းများကို MNDAAက သတ်ဖြတ်သွားကြောင်း စစ်အုပ်စုက သတင်းမှားများဆက်တိုက်ဖြန့်ဝေနေသည်။

ရမခကို စစ်ကောင်စီက အသည်းအသန်ခုခံနေပြီး လေကြောင်းမှအင်အားဖြည့်တင်းမှုများလည်းပြုလုပ်ခဲ့သည်။ သို့သော် MNDAA နှင့်ပူး​ပေါင်းတပ်များက ရမခကို ပတ်ချာလည်ဝိုင်းပတ်ပိတ်ဆို့ထားကာ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းသည်။

“ပတ်ချာလည်က ပိတ်ထားတာ။ ရမခ ဒီရက်ပိုင်းမှာပဲ ကျလိမ့်မယ်” ဟု လားရှိုးမြို့ခံတဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။