Connect with us

Hi, what are you looking for?

သတင်း

ရမခ စစ်တိုင်းပတ်လည်တွင် တိုက်ပွဲပြင်းထန်နေဟု ဒေသသတင်းရင်းမြစ်ပြော

လားရှိုးစစ်ဆေးရုံ အစောင့်တပ်ဖွဲ့ဝင်များ MNDAA ထံလက်နက်ချ

လားရှိုးစစ်ဆေးရုံမှ အစောင့်တပ်ဖွဲ့ဝင်များ MNDAA ထံလက်နက်ချအလင်းဝင်လာစဉ်။ ဓာတ်ပုံ - File Photo

ဟန်နွေ/People’s Spring

ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း လားရှိုးဒေသ သတင်းရင်းမြစ်က ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ် တပ်များသည် လားရှိုးမြို့သိမ်းတိုက်ပွဲကို ဇူလိုင် ၃ရက်ကစတင်ခဲ့ရာ တစ်လခန့်အကြာတွင် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်နှင့် တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားပြီး ရမခ စစ်တိုင်းဌာနချုပ် အပြီးသတ်သိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1596792680885033

“အခုအချိန်ထိတော့ တိုက်ပွဲ ပြင်းထန်နေတုန်း။ ရမခတိုင်းပတ်ပတ်လည်မှာဖြစ်နေပါတယ်”ဟုလားရှိုးမြို့ ဒေသသတင်းရင်းမြစ်က ယနေ့ (ဩဂုတ် ၂ရက်) ညနေပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်ကလည်း ခံစစ်အသွင် တပ်ဖြန့်ပြီး ပြောက်ကျားစနစ်ဖြင့် ပြန်လည် တိုက်ခိုက်နေသကဲ့သို့ MNDAA ဘက်ကလည်း တပ်ဖွဲ့ နှစ်ဖွဲ့ခွဲပြီး နေ့၊ ည အဖွဲ့ဖြင့် ထိုးစစ်ဆင်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

” မြို့တော်ခန်းမကနေစစ်ပြန်ဖြန့်လိုက်တာ။ အခုက အစုလိုက်မနေတော့ဘဲစကစ ဘက်က ပြောက်ကျားစနစ်နဲ့ ပြန်ပြီးခံစစ်ပြင်းထားတယ်။ မြို့ထဲကိုတစ်နေရာဆီအဲဒီလိုပြန်ဖြန့်လိုက်တော့ ကိုးကန့်ဘက်က လိုက်ရှင်းနေတာမပြီးသေးဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ရမခအနီး စစ်ကောင်စီစစ်ဆေးရုံမှ အစောင့်တပ်ဖွဲ့ နှင့်တပ်မိသားစုဝင်များ လက်နက်ချသည့် ရုပ်သံမှတ်တမ်းလည်း ထွက်ပေါ်လာသည်။ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာနှင့် လူမှုကွန်ရက်မှ တဆင့်စစ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှင့်လူနာများကို MNDAAက သတ်ဖြတ်လိုက်သည်ဆိုသည့် ဝါဒဖြန်မှုများရှိနေသည့်အခြေအနေတွင် အဆိုပါ ရုပ်သံ ထွက်ပေါ် လာခြင်းဖြစ်သည်။

” ဆေးရုံမှာ ခံပစ်နေတဲ့အဖွဲ့တွေ လက်နက်ချပြီ။ ၂၀၀ ဝန်းကျင်ပါမယ်။ MNDAAက ထိန်းထားတယ်။ ဆက်ပြီး ထိုးစစ်ဖော်နေတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရမခမှ အမှတ်(၉)ကုတင်၁၀၀ စစ်ဆေးရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းဖြစ်​ကြောင်း ကနဦးသတင်းရရှိထားသည်။ စစ်ရှုံးခြင်း​ကို အဆိုပါ ဆေးရုံမှ လူနာများ၊ ဝန်ထမ်းများကို MNDAAက သတ်ဖြတ်သွားကြောင်း စစ်အုပ်စုက သတင်းမှားများဆက်တိုက်ဖြန့်ဝေနေသည်။

ရမခကို စစ်ကောင်စီက အသည်းအသန်ခုခံနေပြီး လေကြောင်းမှအင်အားဖြည့်တင်းမှုများလည်းပြုလုပ်ခဲ့သည်။ သို့သော် MNDAA နှင့်ပူး​ပေါင်းတပ်များက ရမခကို ပတ်ချာလည်ဝိုင်းပတ်ပိတ်ဆို့ထားကာ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းသည်။

” ပတ်ချာလည်က ပိတ်ထားတာ။ ရမခ ဒီရက်ပိုင်းမှာပဲ ကျလိမ့်မယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ စစ်ကူဖြည့်တင်းမှုများရှိသော်လည်းပြီးခဲ့သည့်ရက်ပိုင်းတွင်တန့်ယန်းဘက်မှလားရှိုးသို့လာသည့် စစ်ကောင်စီယာဉ်တန်းကို MNDAAနှင့် မဟာမိတ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသေဆုံးထိခိုက်များပြားခဲ့သည်။

လားရှိုးမြို့ စစ်ရေးအခြေအနေနှင့် စစ်ဆေးရုံတပ်ဖွဲ့ဝင်များလက်နက်ချမှု အခြေအနေများကို MNDAA ဘက်ကသတင်းထုတ်ပြန်ခြင်းမပြုသေးပေ။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး MNDAA တာဝန်ရှိသူအချို့ထံ ယနေ့ မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

(လားရှိုးစစ်ဆေးရုံမှ အစောင့်တပ်ဖွဲ့ဝင်များ MNDAA ထံလက်နက်ချအလင်းဝင်လာစဉ်။ ဓာတ်ပုံ – File Photo)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။