Connect with us

Hi, what are you looking for?

သတင်း

ယောဒေသ ABSDFစစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားပြုလုပ်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ(၃၆) နှစ်မြောက် အခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စစ်ကြောင်း(၃)က သတင်းထုတ်ပြန်သည်။

ထားမြတ်/People’s Spring

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ(၃၆) နှစ်မြောက် အခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စစ်ကြောင်း(၃)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၈ရက်) ကျရောက်သည့် အခမ်းအနားကို ABSDF အမှတ်(၃) စစ်ကြောင်း၊ အမှတ်(၁၂) တပ်ရင်း ယောဒေသ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

အခမ်းအနားတွင် မြန်မာပြည် ဒီမိုကရေစီအရေး တိုက်ပွဲများတွင် အသက်စွန့်ခဲ့လေပြီးသော အာဇာနည် သူရဲကောင်းအပေါင်းအား ဦးညွှတ်အလေးပြုခြင်းနှင့် ABSDF ဗဟို၏ ရှစ်လေးလုံးအရေးတော်ပုံ (၃၆)နှစ်ပြည့် ကြေညာချက်အား ဖတ်ကြားခြင်းပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအကြောင်း ဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု ABSDF စစ်ကြောင်း(၃)က ထုတ်ပြန်သည်။

ABSDF ဗဟို၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲအရှိန်ကို မြှင့်တင်ကြရန် တိုက်တွန်းတောင်းဆိုထားသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မပြီးပြတ်သေးသည့် လူထု၏ နိုင်ငံရေး တောင်းဆိုချက်များမှသည် လက်ရှိနွေဦးတော်လှန်ရေး တောင်းဆိုချက် များ အောင်မြင်ရန် စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရန် လိုအပ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။