Connect with us

Hi, what are you looking for?

သတင်း

မိုင်းလားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA)အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ဩဂုတ် ၈ရက်တွင် ကွယ်လွန်သွားကြောင်း တိုင်းရင်းသားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၂၀၁၀ဇန်နဝါရီလဆန်းတွင် တွေ့ရသော NDAA(မိုင်းလား တပ်ဖွဲ့) ဥက္ကဋ္ဌ ဦးစိုင်းလင်း။ ဓာတ်ပုံ - Mongla SR4 News Agency

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA)အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ဩဂုတ် ၈ရက်တွင် ကွယ်လွန်သွားကြောင်း တိုင်းရင်းသားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဦးစိုင်းလင်းသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက်(၇၉)နှစ်ရှိပြီဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဦးစိုင်းလင်းသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူစဉ်ကတည်းက နစ်ပေါင်း ၃၅ နှစ်ကျော်ကြာ မိုင်းလားအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး အစိုးရအဆက်ဆက်ဖြင့် အဆင်ပြေအောင် ဆက်ခံခဲ့သူ ဖြစ်သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင်လည်း မိုင်းလားအဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်ဖြင့် ဆုပ်ကိုင်ထားကြောင်း အသိပေးထားသည်။

ဦးစိုင်းလင်း၏ ဇနီးဒေါ်နန်းရင်သည် ကိုးကန့်တပ်ဖွဲ့(MNDAA)ကို ထူထောင်ခဲ့သည့် ဦးဖုန်ကြားရှင်၏ သမီးဖြစ်သည်။ ဦးဖုန်ကြားရှင်ကွယ်လွန်ပြီးနောက် သားဖြစ်သူ ဦးဖုန်တဲ့ရင် ဦးဆောင်သည့် MNDAAသည် လက်ရှိတွင် ရှမ်းမြောက်ဒေသ ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီး ကိုးကန့်ဒေသတစ်ခုလုံးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ ကို အပြီးသတ် သိမ်းပိုက်ထားသည်။

မိုင်းလားအဖွဲ့ ခေါင်းဆောင်ကွယ်လွန်မှု၊ အဖွဲ့ခေါင်းဆောင်ပိုင်း အပြောင်းအလဲတို့နှင့်ပတ်သက်၍ မေးမြန်းရန် အဖွဲ့အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်ထံဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ကွန်လွန်သူ ဦးစိုင်းလင်း၏ သားဖြစ်သူ ဦးထိန်လင်းသည် မိုင်းလားအဖွဲ့၏ အတွင်းရေးမှူးချုပ် တာဝန်ကို ရယူထားသူဖြစ်သည်။ ဩဂုတ်လ ဆန်းက ကျင်းပခဲ့သည့်အထူးဒေသ(၄)၏ ၂၀၂၄ ပထမနှစ်ဝက် အစည်းအဝေးတွင် ဦးထန်လင်းက အထူးဒေသ(၄)သည်ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားမည်ဖြစ်ကြောင်း ပြောကြားသည်။

အမြင်မတူ မှုများကို နိုင်ငံရေး ဆွေးနွေးပွဲများမှ ဖြေရှင်းရန် မိုင်းလားခေါင်းဆောင်သစ်ဖြစ်လာနိုင်ဖွယ်ရှိသည့် ဦးထိန်လင်းက တိုက်တွန်းထားပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ကာ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်ရရှိအောင် ကြိုးပမ်းမည်ဟု ဦးထိန်လင်းက ပြောကြားခဲ့ကြောင်း မိုင်းလားအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ကို မိုင်းလားလက်နက်ကိုင်အဖွဲ့( NDAA)က ဖမ်းဆီးပြီး စစ်တပ်ထံ အပ်လိုက်တယ်လို့ နီးစပ်သူအချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်အရှေ့ပိုင်း ၊မိုင်းလားဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ကို လက်သင့်ခံထားတာမရှိဘူးလို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ရဲ့ ဒုတိယ ဥက္ကဋ္ဌဦးစန်ပေ့က အာဏာ သိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ မေလ ၂၅ ရက်တွေ့ဆုံရာမှာအသိပေးပြောဆိုပါတယ်။

သတင်း

ဦးစိုင်းလင်းအပါအဝင် မိုင်းလားတပ်ဖွဲ့သည် MNDAA၏ တော်လှန်ရေးအတွက် ထင်ရှားသည့် ကူညီမှုများပေးခဲ့ဟု ဖော်ပြ