Connect with us

Hi, what are you looking for?

သတင်း

မိုင်းလားမှာ လက်နက်ကိုင်အဖွဲ့တွေကို လက်ခံထားတာမရှိဘူးလို့ စစ်ခေါင်းဆောင်ကို NDAA အသိပေး

ရှမ်းပြည်အရှေ့ပိုင်း ၊မိုင်းလားဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ကို လက်သင့်ခံထားတာမရှိဘူးလို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ရဲ့ ဒုတိယ ဥက္ကဋ္ဌဦးစန်ပေ့က အာဏာ သိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ မေလ ၂၅ ရက်တွေ့ဆုံရာမှာအသိပေးပြောဆိုပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီ

မေ – ၂၆ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ရှမ်းပြည်အရှေ့ပိုင်း ၊မိုင်းလားဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ကို လက်သင့်ခံထားတာမရှိဘူးလို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ရဲ့ ဒုတိယ ဥက္ကဋ္ဌဦးစန်ပေ့က အာဏာ သိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ မေလ ၂၅ ရက်တွေ့ဆုံရာမှာအသိပေးပြောဆိုပါတယ်။

ရှမ်းပြည်နယ်​၊ ကျိုင်းတုံမြို့အခြေစိုက် ၊တြိဂံတိုင်းစစ်ဌာနချုပ် မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ မိုင်းလားအဖွဲ့ လို့ လူသိများတဲ့ NDAA တို့ တွေ့ဆုံရာမှာ အခုလို ပြောဆိုအသိပေးတာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။

မိုင်းလား အဖွဲ့ ဒု ဥက္ကဋ္ဌဦးစန်ပေ့ က NDAA ဟာ ဒို့တာဝန်အရေးသုံးပါး အဓိကထားဆောင်ရွက်နေတယ်ဆိုတာကို စစ်ကောင်စီခေါင်းဆောင်ထံအသိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း လက်ရှိမှာ ပါတီစုံဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေပြီဆိုပြီး NDAA အဖွဲ့နဲ့တွေ့ဆုံပွဲမှာ ပြောခဲ့တယ်လို့သိရပါတယ်။

မနေ့က တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး NDAA ဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

မိုင်းလားအဖွဲ့ (NDAA) ဟာ ၁၉၈၉ ခုနှစ် မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) က ခွဲထွက်တည်ထောင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ ဗကပ အမှတ် (၈၁၅) စစ်ဒေသမှုး ဦးစိုင်းလင်းဖြစ်ပါတယ်။

ဦးစိုင်းလင်း ရဲ့ဇနီးဟာ ကိုးကန့်တပ် (MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင် ရဲ့ သမီးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ စစ်တပ်က ဦးဖုန်ကြားရှင်ကို ဖမ်းဆီးချိန်မှာ ယောက္ခမ ဖြစ်သူကို ဦးစိုင်းလင်းက သူရဲ့ နယ်မြေထဲမှာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။

ဦးစိုင်းလင်းတည်ထောင်တဲ့ NDAA ဟာ ဗကပကနေခွဲထွက်ပြီး နှစ်လအကြာမှာပဲ စစ်အစိုးရ နဲ့ အပစ်ရပ်ပြီး ယခင် ဗကပ ရဲ့ စစ်ဒေသ (၈၁၅) ရဲ့ နယ်မြေဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်းက နမ့်ပန်း ၊ ဆီလူး နဲ့ မိုင်လားဒေသကို စစ်အစိုးရက အထူးဒေသ(၄) အဖြစ်သတ်မှတ်ပေးပြီး အုပ်ချုပ်ခွင့်ပေးခဲ့တာပါ။

NDAA ထိန်းချုပ်အုပ်ချုပ်နေတဲ့ အထူးဒေသ (၄) ဟာ တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့ဒေသလည်းဖြစ်ပါတယ်။

NDAA ဟာ သူတို့ နဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့ ကိုးကန့်တပ် (MNDAA) ပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာတော့ ဝင်ရောက်ပါဝင်တာ ၊စွက်ဖက်တာ ပြုလုပ်မှာမဟုတ်ဘူးလို့ ကြေညာချက်ထုတ်ပြန်ပြီးအသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၈ ရက်က NDAA တည်ထောင်သူ ဦးစိုင်းလင်းကွယ်လွန်သွားပြီးနောက် သားဖြစ်သူ ဦးထိန်လင်းက ဖခင်ရဲ့နေရာကို ဆက်ခံပြီး အဖွဲ့ကို ဆက်လက်ဦးဆောင်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ကို မိုင်းလားလက်နက်ကိုင်အဖွဲ့( NDAA)က ဖမ်းဆီးပြီး စစ်တပ်ထံ အပ်လိုက်တယ်လို့ နီးစပ်သူအချို့က​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြမှု ဒီကနေ့ (ဇူလိုင် ၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။