Connect with us

Hi, what are you looking for?

သတင်း

စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင် ၂,၀၀၀ ကျော် MNDAA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနက် စစ်သုံ့ပန်းနှင့်မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)က ပြန်လွှတ်ပေးလျက်ရှိရာ ဩဂုတ် ၁၃ရက်အထိ လူဦးရေ ၂,၀၀၀ကျော် ပြန်လွှတ်ပေးပြီးဖြစ်သည်ဟု MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနက် စစ်သုံ့ပန်း နှင့်မိသားစုဝင်များအား MNDAAက ပြန်လွှတ်ပေးရန် စီစဥ်နေစဥ်။ ဓာတ်ပုံ - File Photo

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနက် စစ်သုံ့ပန်းနှင့်မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)က ပြန်လွှတ်ပေးလျက်ရှိရာ ဩဂုတ် ၁၃ရက်အထိ လူဦးရေ ၂,၀၀၀ကျော် ပြန်လွှတ်ပေးပြီးဖြစ်သည်ဟု MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်မှုအပါအဝင် တိုက်ပွဲကာလအတွင်း လက်နက်ချသူ ထောင်ချီရှိခဲ့ရာ ဩဂုတ် ၆ရက်မှစ၍ MNDAAက အသုတ်လိုက် ပြန်လွှတ်ပေးနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ လွှတ်ပေးခဲ့ရာ ဩဂုတ် ၁၃ရက်တွင် စစ်ကောင်စီတပ်မိသားစုဝင် ၁၈၅ဦးကို ထပ်မံလွှတ်ပေးခဲ့ကြောင်း အသိပေးပြီး စစ်သုံပမ်းနှင့် တပ်မိသားစုများ ခုနစ်သုတ်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း အသိပေးသည်။

ထိုသို့ လွှတ်ပေးရာတွင် စစ်ကောင်စီတပ်မိသားစုဝင်များကို MNDAA ရဲဘော်များက ခရီးစရိတ်ပေးအပ်ခဲ့မှု ရုပ်သံကို ဖော်ပြထားသည်။

ယခု သတင်းထုတ်ပြန်ချက်တွင် လမ်းခရီးစိတ် ပေးအပ်ခဲ့မှုကို ဖော်ပြထားခြင်းမရှိသော်လည်း ယခင် ထုတ်ပြန်ချက်များအရ စစ်ကောင်စီတပ်မိသားစု တစ်ခုလျင် ကျပ် ၅သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ဟု MNDAAက အသိပေးသည်။

ထိုသို့ လမ်းစရိတ်ပေးခြင်းအပါအဝင် ဒဏ်ရာရသူများအား ဆေးကုသမှုပေးခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း၊ သွားလာရာတွင် ကားများဖြင့်ပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ဟု MNDAAက ဆိုသည်။

MNDAA အနေဖြင့် စစ်သုံ့ပန်းများစွာ ဖမ်းမိထားရာ ပြန်လွှတ်ပေးခြင်းမရှိသေးသူများအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်းလည်း MNDAAက ထုတ်ပြန်သည်။

MNDAAသည် လက်နက်ချအလင်းဝင်သူများကိုမူ ဆုငွေပေးအပ်မှုများ ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။ အလင်းဝင်သူများကို အနည်းဆုံး ကျပ် ၁၀သိန်း ဆုငွေပေးအပ်ခဲ့ပြီး ရာထူးအဆင့်နှင့် လက်နက်ပါဝင်လာမှုတို့အပေါ်မူတည်ပြီး ထပ်မံ ပေးအပ်လေ့ရှိသည်။ လက်နက်ချအလင်းဝင်သူများကို MNDAA ထိန်းချုပ်နယ်မြေအတွင်း နေရာချထားပေးကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။