Connect with us

Hi, what are you looking for?

သတင်း

မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြမှုမှာပါဝင်လို့ဆိုပြီး နိုင်ကျဉ်း ၁၇ ဦးကိုအမှုထပ်တိုး

စစ်ကိုင်းတိုင်း ၊ မုံရွာအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ နှစ်က အစာငတ်ခံဆန္ဒပြမှုမှာပါဝင်တယ်ဆိုပြီး အမှုထပ်တိုးပြီးတရားစွဲထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦီးကို ချေပ ခွင့်မပေးဘဲ ထောင်တွင်း တရားရုံးက တဖက်သတ်စစ်ဆေးနေတယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ/FB

ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်း ၊ မုံရွာအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ နှစ်က အစာငတ်ခံဆန္ဒပြမှုမှာပါဝင်တယ်ဆိုပြီး အမှုထပ်တိုးပြီးတရားစွဲထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦီးကို ချေပ ခွင့်မပေးဘဲ ထောင်တွင်း တရားရုံးက တဖက်သတ်စစ်ဆေးနေတယ်လို့ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ က ထုတ်ပြန်ပါတယ်။

ရှေနေ့ ဌားရမ်းပြီး ချေပခွင့်မပေးသလို အမှုစစ်ဆေးတာကို ခပ်မြန်မြန် စစ်ဆေးနေတာလို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

လူစုလူဝေးနဲ့ ဆူပူမှု ရာဇသတ်ကြီး ပုဒ်မ ၁၄၇ နဲ့ အမှုထပ်တိုးထားတာဖြစ်ပြီး အဲဒီပုဒ်မဟာ ထောင် ၂ နှစ်ထိ ချလို့ရတာပါ။

အမှုထပ်တိုးထားတဲ့ နိုင်ကျဉ်း ၁၇ ဦးကို လွန်ခဲ့တဲ့ ၂ ရက် သြဂုတ်လ ၁၉ ရက်ကစတင်ပြီး စစ်ဆေးနေတာပြီး ရှေနေ့ ဌာရမ်းခွင့် နဲ့ အမှုတွဲမိတ္တူကူးယူခွင့် တောင်းခံပေမယ့် ခွင့်မပြုဘူးဆိုတာကို ကြားသိရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးပါတယ်။

“တိုင်ချက်တွေလဲမဖတ်ရ၊ရှေ့နေအကူအညီလဲ ဘာမှမရဘဲအမှုကို ရင်ဆိုင်နေကြရတာပေါ့” လို့ မုံရွာ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“အချုပ်သားအခွင့်အရေးအရ ခုခံချေပခွင့်၊ ရှေ့နေငှားရမ်းခွင့်တွေကို ကန့်သတ်ထားတဲ့အတွက် မျှတတဲ့တရားစီရင်မှုပေါ်ပေါက်လာဖို့ အကြောင်းမရှိတော့ဘူး”လို့ မုံရွာထောင်ကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၈ရက်က မုံရွာထောင်က နိုင်ကျဉ်းတွေရဲ့စာအုပ်စာတမ်း၊ အစားအသောက်နဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေ ကို အဖွဲ့ပေါင်းစုံပါဝင်တဲ့ ရှာဖွေရေးအဖွဲ့က သိမ်းဆည်းသွားခဲ့ပါတယ်။

အဲဒီလို သိမ်းဆည်းသွားတဲ့ပစ္စည်းတွေကို ပြန်ပေးဖို့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦီးက စတင် တောင်းဆိုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက မလိုက်လျောတာကြောင့် အခြားသော နိုင်ငံရေးအကျဉ်းသားတွေပါ အစာငတ်ခံ ဆန္ဒပြခဲ့တာပါ။

နောက်ဆုံးမှာ ထောင်အာဏာပိုင်တွေဟာ တောင်းဆိုချက်တွေကိုလိုက်လျောခဲ့ပေမယ့် နိုင်ကျဉ်းတွေကိုထောင်တွင်းဆူပူမှုနဲ့စွပ်စွဲပြီး အမှုထပ်ကပ်ခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးထောင်မှာ ထောင်တွင်း ဖိနှိပ်မှုတွေ တင်ပြဖို့အားထုတ်သူနိုင်ငံရေးအကျဉ်းသားအမျိုးသားကိုထောင်ဝန်ထမ်းတွေဝိုင်းဝန်းရိုက်နှက်တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဒီနေ့ (အောက်တိုဘာ ၁၈ ရက်) မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

မုံရွာအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀ဦး ရိုက်နှက်နှိပ်စက်ခံရပြီး ၅ ဦးဟာ တိုက်ပိတ်ခံထားရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးက ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။